**မိုးလေ၀သ**
လန်ဒန်မြို့ရှိ မိုးလေ၀သဌာနသို့ ယခုသီတင်းပတ်အတွင်း ရာသီဥတု ကောင်းမွန်မှု မရှိအမျိုးသားတစ်ဦးက တယ်လီဖုန်းဖြင့် ဆယ်သွယ်မေးမြန်းလေသည်။
အမျိုးသား ။ ။ မိုးလေ၀သဌာနကလားခင်ဗျား။
ဌာန ။ ။ ဟုတ်ပါတယ်။
အမျိုးသား ။ ။ ပင်လယ်ခရီးထွက်စရာရှိလို့ ရာသီဥတုအခြေအနေကောင်းမကောင်း သိချင်လို့ပါ။
ဌာန ။ ။ ဘယ်နေ့အတွက်လဲ…တစ်ရက်အတွက်လား… တစ်ပတ်အတွက်လား။
အမျိုးသား ။ ။ အခုသီတင်းပတ်အတွက်ပါ။
ဌာန ။ ။ သြော်…အခုသီတင်းပတ်အတွက် မိုးနှစ်ကြိမ်လောက်ပဲ ရွာမှာပါ။ ရာသီဥတုကောင်:ပါတယ်။

အမျိုးသား ။ ။ ဟုတ်လား…သတင်းကောင်းပါပဲ…ဒါထက်ဘယ်နေ့တွေမှာ မိုးရွာနိုင်မှာလဲခင်ဗျာ။
ဌာန ။ ။ ပထမအကြိမ် မိုးရွာမှာက သုံးရက်ဆက်တိုက် ဖြစ်ပြီး ဒုတိယအကြိမ် မိုးရွာမှာက လေးရက်ဆက်တိုက်ဖြစ်ပါတယ်။
အမျိုးသား ။ ။ “ဗျာ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment