ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 13, 2012

♥ သရဲမယုံသူ

>
ကျွန်တော့်အတွက်တော့ သရဲဆိုတာကို မယုံဘူး။ ဒါပေမဲ့ ကြောက်တော့ကြောက်တယ်...။ ဒါ ရယ်စရာပြောတာ မဟုတ်ပါဘူး... အမှန်အတိုင်းပြောတာပါ။ ညဘက် တစ်ယောက်ထဲ သရဲဝတ္ထု၊ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေ ဖတ်ပြီး အိမ်သာထမသွားရဲတာလဲ ကျွန်တော်ပါပဲ။ ကြောက်တယ်ဆိုတာ စိတ်က ခြောက်ခြားပြီးကြောက်တာပါ။ ဘာမှမြင်ရ၊ ကြားရလို့တော့မဟုတ်ပါဘူး။

ကျွန်တော်ပြောချင်တာက သရဲကို မယုံဘူးဆိုတဲ့အပိုင်း...။ ကျွန်တော် သရဲမယုံပါဘာညာလျှောက်ပြောနေရင်... အကြောင်းပြချက်တသီကြီးနဲ့ ဆန့်ကျင်ကြမယ့် ကန့်ကွက်ကြမယ့်သူတွေ တစ်ပုံကြီးရှိမယ်ဆိုတာ ရိပ်မိပါတယ်။ ဒီနေရာမှာ ကျွန်တော်အဓိကဆိုလိုရင်းက သရဲတစ်ကယ်ရှိမရှိဆိုတဲ့ အကြောင်းအရာကို ငြင်းခုံချင်တာ မဟုတ်ဘူး။ ငြင်းခုံခြင်း၊ ဆွေးနွေးခြင်းတွေမှာ ဘာသာစကားရဲ့ အကျိုးသက်ရောက်မှု၊ အဓိပ္ပာယ်လွှဲမှားစေနိုင်မှု (Misunderstood) ကို ထောက်ပြချင်တာပါ။ ဒီကိစ္စဟာ အခြေခံကျသလောက် အရေးလည်းကြီးတယ်လို့ ကျွန်တော် ယူဆပါတယ်။

ဒီလိုပါ... ကျွန်တော်က သရဲမယုံဘူးလို့ပြောလိုက်ပြီ။ ကျွန်တော့် အမှန်တကယ် ဆိုလိုရင်းကဒီလိုပါ။ “ကျွန်တော်ဟာ သရဲရှိ/မရှိ မသိပါဘူး” လို့ ဆိုလိုချင်တာသာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးဘူး၊ ခြောက်သယောင်ယောင် ထင်ယောင်ထင်မှားလည်း မဖြစ်ဖူးဘူး။ ဒါကြောင့် သရဲ ရှိ/မရှိကိစ္စကို ကျွန်တော်မဆုံးဖြတ်တတ်ပါဘူး။ ရှိကောင်းလဲရှိလိမ့်မယ်၊ မရှိကောင်းလဲ မရှိဘူးပေါ့။ ဒီအယူအဆကို ပဲ တစ်ကြောင်းထဲနဲ့ ကျွန်တော်သရဲမယုံဘူး ပြောလိုက်တဲ့အခါ... ဖတ်တဲ့လူတွေစိတ်မှာ ထင်သွားတာက ကျွန်တော် သရဲရှိကြောင်းလက်မခံဘူးလို့ ပြောလိုက်တဲ့ အဓိပ္ပာယ် ကောက်လိုက်ပါတယ်။ အဲဒီအခါမှာ ဆိုလိုချက်နဲ့လွဲပြီး ငြင်းခုံစရာကောင်းသော အခြေအနေတစ်ရပ် ဖြစ်လာတာပါ။ မယုံကြည်ဘူးဆိုတာ မရှိဘူးလို့ ယတိပြတ်ငြင်းလိုက်တာမဟုတ်ပါ။ ရှိကောင်းရှိနိုင်တယ် မရှိကောင်းမရှိနိုင်ဘူး... မဆုံးဖြတ်နိုင်တဲ့ အခြေအနေကို ပြောလိုက်တာပါ။ ဒါဟာ စကားလုံးတွေရဲ့လှည့်စားမှုပါ။ ဒါကို ကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်။ ငြင်းခုန်မှု အတော်များများဟာလဲ ဒီလို စကားလုံးတစ်လုံးကို အဓိပ္ပာယ်ဖွင့်ဆိုမှု မရှင်းလင်းခြင်း၊ တစ်ယောက်နဲ့ တစ်ယောက် သိမှတ်ပုံမတူညီခြင်းက စတယ်ဆိုတာ သတိထားမိပါတယ်။ (သရဲအကြောင်းဟဆိုပြီး ဖတ်မိပါတယ်... ငနဲသား လက်ချာလာရိုက်နေတယ်လို့ ရွှေစိတ်တော်မညိုကြပါနဲ့...၊ သိပြီးသားလူများ သည်းခံကြပါ။ သရဲကြီးကို ခုတုံးလုပ်လိုက်တာပါ။ သရဲအကြောင်းပြောချင်တာမဟုတ်ပါဘူး :P )

ပိုပြီးမြင်သာအောင် ဥပမာ (Metaphor) လေးတစ်ခု ပြောကြည့်ပါရစေ…။
မိုးကေကိုသည် လှပချောမောသော မော်ဒယ်လ် တစ်ယောက်ဖြစ်သည်။
ဒီအဆိုကို ထိုင်ငြင်းကြချင်ရင် တစ်သက်လုံးငြင်းလို့ပြီးမှာ မဟုတ်ပါဘူး။ အလန်းလို့ထင်တဲ့သူကထင်မယ် ၊ မဆိုးပါဘူးပြောတဲ့လူကပြောမယ်၊ ပုံမလာဘူး ငြင်းတဲ့လူကငြင်းမယ် အမျိုးမျိုးရှိနိုင်ပါတယ်။ အကြောင်းက “လှပချောမောသော” ဆိုတဲ့ နာမ၀ိသေသနကို အဓိပ္ပာယ်ဖွင့်ပုံ သိမှတ်ပုံ (Perception) ချင်း လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ကြလို့ပါ။ ဒီလောက်ပါပဲ။ ပေါက်တတ်ကရတွေလို့ ထင်ခဲ့လို့ရှိရင်လဲ ခွင့်လွှတ်ကြပါ။ မထင်ခဲ့လို့ရှိရင်လဲ ပြန်လည်ဆွေးနွေးပေးကြပါ။ ဒီလို ထင်ခဲ့လို့ရှိရင်နဲ့ မထင်ခဲ့လို့ရှိရင်ဆိုတာလဲ လူတစ်ယောက်နဲ့တစ်ယောက် အာရုံသိမှု (Perception) ချင်းမတူညီကြလို့ ကွဲသွားတာပါ။ အာ....ရပါပြီ… တော်ပါပြီ…. ပြီးပါပြီ.. :P ။

Posted by တေဇာ (လရောင်လမ်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)