မင်္ဂလာပါခင်ဗျာ။ ။ ကဗျာဆိုတာ “ကဗျာယန” ဆိုတဲ့ပါဠိ ဘာသာစကားကနေ ဆင်းသက်လာပြီး “သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့” ဟူ၍ အဓိပ္ပါယ်ရပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အနေနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကဗျာဆရာ၊ ကဗျာချစ်သူ (၃၀) ဦးခန့် စုစည်းပြီး ကျင်းပခဲ့ကြပါတယ်။
(ဆရာသီဟမောင်မောင်က အခမ်းအနားမှူးလေ..)
ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံပညာနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကနေ ၁၉၉၉ ခုနှစ် မတ်လ ၂၁ ရက် နေ့ကစပြီး “ကမ္ဘာ့ကဗျာနေ့” အဖြစ် အထိမ်းအမှတ်ပြု၊ ဂုဏ်ပြုကျင်းပကြဖို့ နိုင်ငံတကာကိုလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ ဟော…ဒီကနေ့ မဲဆောက်မြို့မှာကျင်းပတဲ့ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားမှာကဗျာဆရာ၊ ကပျာကယာဆရာနဲ့ ကဗျာချစ်သူ၊ ကပျာကယာချစ်သူတွေက အခုလို စုပေါင်းပြီး ကဗျာအပေါ်မှာချစ်တဲ့ ချစ်တဲ့အချစ်တွေကို သွန်းလောင်းလိုက်တာက ဒီလိုပါ။ သြော်…ဒီကနေ့မှာတက်ရောက်လာကြတဲ့ ကဗျာဆရာ(၀ါ)ကလောင်ရှင်တွေကို ပြောပြဖို့ကျန်နေသေးတယ်လေ။
(ဒီနေ့အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကို ဆရာမောင်မောင်ငြိမ်းအေးမှ ရှင်းလင်းတင်ပြနေစဉ်)
သူတို့ကတော့ မောင်မောင်ငြိမ်းအေး၊ ဒေါက်တာလွဏ်းဆွေ၊ စိုးနေလင်း၊ နေနွယ်၊ မောင်နီမော်၊ မင်းထွန်း၊ ခန့်မိုးကို၊ ကဲနေမူး၊ စိုင်းလတ်၊ ကိုဈာန်၊ ကျော်သန်း(အိန္ဒိယ)၊ မြနွယ်စိမ်းစိမ်း(အင်းစိန်) နဲ့ ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)တို့ပဲဖြစ်ပါတယ်။ ဒီပုံတွေကို ရှုစားလိုက်ပါဦး။
(ဆရာစိုးနေလင်းမှ ကျေးဇူးတင်စကားပြောကြားနေစဉ်)
( ဒေါက်တာလွဏ်းဆွေ၊)
(ဆရာမင်းထွန်း)
(ခန့်မိုးကို)
မြနွယ်စိမ်းစိမ်း(အင်းစိန်)
ဓာတ်ပုံသတင်း-သောင်ရင်းနဂါး

No comments:
Post a Comment