ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင်နှင့် မဲဆောက်ဒေသအလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်) မှ ဦးစီးအရာရှိ-မဲ့တာ ဦးစီးသောထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများ၊ ၀န်ထမ်းများသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်အားခအပါအ၀င်ရပိုင်ခွင့်အချို့အတွက် ယမန်နေ့နှင့် ယနေ့တွင် ကွင်းဆင်းကြားနာ၊ ဖြေရှင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ယမန်နေက့မူ မဲဆောက်မြိ့၊ ထဆိုင်လွတ်ရပ်ကွက်ကြီး၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး၊ ပရိဘောဂအလုပ်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး၏ ရပိုင်ခွင့်အတွက်လည်းကောင်း၊ ယနေ့တွင်မူ မဲဆောက်မြို့၊ အနောက်မြောက်ပိုင်း၊ ဘန့်ဆောင်ခွဲရပ်ကွက်ရှိ စိုက်ပျိုးရေးလုပ်သား ၅ ဦး၏ ရပိုင်ခွင့်အတွက်လည်းကောင်း၊ အဆိုပါအကြီးတန်းအရာရှိ ဦးစီးလျက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကောင်မတီ (JACBA) အဖွဲ့ကပါလိုက်ပါကူညီကာ ဆောင်ရွက်ပေးခဲ့သည်။ ကာယကံရှင်အလုပ်သမား ၂ စုသည် ယင်းတို့၏ ထိုင်းနိုင်ငံသားအလုပ်ရှင်များထံမှ လုပ်အားခများကို (ဆ၀ါဒီကန်)၏ စီမံဆောင်ရွက်ချက်အရ ရရှိကြဘွယ်ရှိကြောင်း သိရသည်။
**သောင်ရင်းနဂါး**

No comments:
Post a Comment