မြန်မာပြည်ဘက်မှ ထုတ်ပေးနေသော ယာယီနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အနီရောင်စာအုပ်အတု ပြုလုပ်မှုနှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး (လ၀က) တံဆိပ်တုံးအတုပြုလုပ်မှုနှင့် ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ၄၄ ဦးအုပ်စု၊ ၆၀ ဦးအုပ်စုနှင့် ၁၉ ဦးအုပ်စုအတုပြုလုပ်သူ (၁၂၃) ဦး အဖမ်းခံကြရကြောင်း သတင်းရရှိသည်။ အတုပြုလုပ်သူထိုင်းနိုင်ငံသားများသည် တိမ်းရှောင်လွတ်မြောက်နေဆဲဖြစ်ပြီး ၄င်းတို့၏အစီအစဉ်နှင့် အတုပြုလုပ်ရာတွင် ပါဝင်သောမြန်မာရွှေ့ပြောင်းအလုပ်သမား (၁၂၃) ဦးကသာ ထိုင်းဥပဒေအရ အမှုရင်ဆိုင်ကြရဖွယ်ရှိသည်။ ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC) ထဲတွင် လာရောက်ဆက်သွယ်ပြီး အကူအညီတောင်းခံထားမှုမှာ ၁၉ ဦးအုပ်စုတစ်ခုတည်းသာရှိသည်။ ခိုင်လုံသောအထောက်အထားနှင့် ချေပနိုင်ခြင်းမရှိပါက အဆိုပါ (၁၂၃) ဦးသည် ထိုင်းဥပဒေအရ စာရွက်စာတမ်းအတုပြုလုပ်မှု၊ ထိုင်းနိုင်ငံတော်တံဆိပ်တုံးအတုပြုလုပ်မှုများဖြင့် ထောင်ဒဏ် ၃နှင့်မှ ၅နှစ်ကြား ကြခံရဘွယ်ရှိသည်။
**သောင်ရင်းနဂါး**

No comments:
Post a Comment