မင်္ဂလာပါ........။
တကယ်တော့ဒီနေ့ ဘဲဥပြုတ်ဆီဆမ်းပြီး..ထမင်းစားနေတုံး...ဘဲကင်ဆိုပြိး..စိတ်ကူးနဲ့ ဘဲဥပြုတ်ပေါ ကြည်နူးတြ့ စိတ်လေးနဲ့ စားရင်း...ဘဲကင်အကြောင်းတွေ့ သမျှစာဖတ်မိလိုက်ပါတယ်......။ကျမဖတ်ပြီးသား....အဲ........ကင်ပြီးသားဘဲကင်ကိုလုပ်ကြွေးမယ်...လိုက်မှတ်နော်....။
ပါဝင်သောအမျိုးအစားများ
ဘဲနုနု 1ကောင်(4ပေါင်)
အမွေးအကြိုင်5-မျိုး(အကောင်းစား)၀ူရှမ်းဖန် လက္ဘက်ရည်ဇွန်း 1 ဇွန်း
ဆား စားပွဲတင်ဇွန်း 1 ဇွန်း
ကြိုးငယ်(ချည်ရန်) 1ချောင်း
ပျားရည်(သို့)ကပ်စေးနဲ စားပွဲတင်ဇွန်း 2 ဇွန်း
ရေနွေး 1ခွက်
ဆန်ရှာလကာရည် စားပွဲတင်ဇွန်း 1/2 ဇွန်း
ဆန်အရက် စားပွဲတင်ဇွန်း 2 ဇွန်း
ပြုလုပ်နည်း
ဘဲကိုကလီစာများထုတ်၍အတွင်းအပြင်သန့်စင်ရေဆေးပါ။၎င်းနောက်အခြောက်ခံပြီးအ၀တ်နှင့်လိုက်တို့ပေးပါ။
ဘဲကိုအမွေးအကြိုင် ၅ မျိုး ၊ ဆားတို့နှင့် အတွင်းအပြင်ကိုလူးပေးပါ။ခွဲထားသည့်ဗိုက်ကိုသွားကြားထိုးတံနှင့်ထိုးပိတ်ပါ။
လည်ပင်းကိုကြိုးကြက်ခြေခတ်ခတ်ပြီးတောင်ပံနှစ်ဘက်ကိုရစ်ပတ်ချည်ထားပါ။
၎င်းနောက်ဆူနေသောရေးနွေးကို၎-၅ကြိမ်မျှလောင်းပါ။
သို့မှသာလျှင်အရေခွံမှချွေးပေါက်များပွင့်လာပါမည်။ပျားရည်၊၊
ဆန်ရှာလကာရည်၊ဆန်အရက်များကိုအစဉ်လိုက်ထည့်ပါ။ပြီးသမအောင်မွှေပေးမှအရည်သုတ်လိမ်းရန်ပိုကောင်းမည်ဖြစ်သည်။
ပန်ကန်လုံးတခုတွင်ကပ်စေးနဲ၊ရေနွေး
ဆန်ရှာလကာရည်နှင့်ဆန်အရက်ထည့်ပြီးသမအောင်မွှေပါ။၎င်းအရည်ကိုဘဲတကောင်လုံး၏ကိုယ်ထည်ပေါ်သို့လောင်း
ပေးပါ။၎င်းအရည်များကို ကိုယ်ထည်ပေါ်တွင်ကောင်းမွန်စွာကပ်လူးသွားသည်အထိလောင်းပေးပါ။
ထို့နောက်၎င်းဘဲကို
လေ၀င်လေထွက်ကောင်းသည့်နေရာတွင်၆နာရီခန့်အခြောက်ခံချိတ်ဆွဲထားပါ.နောက်၁နာရီခန့်နေပူရှိန်ရှိသည့်နေရာ
တွင်ခြောက်သွေ့သည်အထိချိတ်ဆွဲထားပါ။
မိုးရာသီတွင် oven 200'F တွင် 1နာရီခန့် အခြောက်ခံပါ။(ကြက်ကင်လျှင်
လည်းထိုနည်းအတိုင်းကင်နိုင်သည်။)oven ကို 350' F ကြိုတင်အပူပေးပါ။မီးပူလာလျှင်ဘဲကိုစကာပေါ်တင်၍ကင်ပါ။
45မိနစ်ခန့်ကင်ပြီးလျှင်ဇကာအအေးခံ၍ဘဲကိုခုတ်ထစ်ပြီးပန်းကန်ပြားပေါ်တွင်စားသောက်နိုင်သည်။
ကဲ မွှေးနေတာဘဲ.....စားလိုက်နော်...ကျမလည်းစားတယ်...ဘဲဥနဲ့ တူတူဘဲ...တစ်ကောင်လုံး....။
ချစ်ခင်လေးစားသော
**ရွှေအိမ်စည်**

No comments:
Post a Comment