ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 7, 2012

** ဖောင်စီးရင်း ရေငတ်နေသော ဂုရုဆန်နှင့် ဂျက်ဘာ အမှုဆောင်များ၏ လက်မှတ် ဒုက္ခ **

>
**(အများအကျိုးဆောင် ကိုယ့်ပုဆိုးပေါင်နှင့် အခြားဆောင်းပါးများ)**

အနှီ ကိစ္စကတော့ အခြားစီဘီအို (လူထုအခြေပြုအဖွဲ့အစည်းတွေ) လတ်တလော ခံစားနေကြသလိုမျိုးပါပဲ။ ဖောင်စီးရင်း ရေငတ်နေလိုက်ကြတာဗျာ။ ရွှေ့ပြောင်းအလုပ်သမားရေးရာကို ဂျက်ဘာ (JACBA)က အလွန်တက်ကြွစွာ လှုပ်ရှားဖော်ဆောင်ထားတာက မဲဆောက်မှာ ကျောင်းသား ၅၀၀ ကျော်ရှိတဲ့ အလက ကျောင်းတစ်ကျောင်း၊ မယ့်ချရောတိုက်နယ်မှာ ကျောင်းသား ၇၀ လောက်ရှိတဲ့ အမက ကျောင်းတစ်ကျောင်း၊ မဲဆောက်မြို့ (၁၇) ကုတို့ဆိပ်မှာက မြန်မာပြည်သားအလုပ်သမား စာကြည့်တိုက်ငယ်တစ်ခု၊ မယ့်ချရောတိုက်နယ်နဲ့ ဖုတ်ဖရမြို့နယ်၊ မြို့ထဲပိုင်းမှာက မြန်မာအလုပ်သမား စာအုပ်စင်တစ်ခုစီ၊ မိမိတို့ အိမ်ရုံးနဲ့ တွဲလျက်ရှိတဲ့ ရက်ပိုင်းတည်းခိုနိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမား စောင့်ရှောက်ရေး ဂေဟာတစ်ခု၊ လစဉ်ထုတ်- မြန်မာပြည်သားစာစောင်နဲ့ နေ့စဉ်တင် မြန်မာပြည်သားဘလော့ဂ်၊ သောင်ရင်းနဂါး ဖေ့စ်ဘွတ်၊
သောင်ရင်းနဂါး တွစ်တာ၊ အပတ်စဉ်တင်ဆက်နေတဲ့ မက်ပ်ဖောင်ဒေးရှင်း လူထုအသံ ရေဒီယိုအစီအစဉ်၊ နေ့စဉ် မဟုတ်ပေမယ့် ရက်ခြားဆိုသလို ရွှေ့ပြောင်းအလုပ်သမားပြဿနာအတွက် ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာန၊ တာ့(ခ်)ခရိုင် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်)နဲ့ လျော်ကြေး၊ နစ်နာကြေးရုံး (ပကန်ဆန်ခွန်း)၊ တစ်ရက်ခြား တွေ့ဆုံဆွေးနွေး၊ လိုအပ်သလို ကွင်းဆင်းဖြေရှင်းတတ်ကြတဲ့ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ (LLC) ပြီးတော့ ထိုင်း- မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင်ထဲက မဲဆောက်၊ ဖုတ်ဖရ၊ မယ်ရမတ် ၃ မြို့နယ်အတွင်း အဓိကထား ပုံဖော်လှုပ်ရှားမှုတွေနဲ့ တာ့(ခ်)၊ ထဆောင်ယန်း၊ မယ်တန်၊ အုန်းဖန် အရံထားတဲ့ လ ခြား ထိုးဖောက်လှုပ်ရှားမှုတွေ စသဖြင့် အလုပ်ကတော့ ဘာများသလဲ မမေးနဲ့၊ ၀င်ငွေကလည်း ဘာရှားသလဲ မမေးနဲ့၊ ဖင်ပြောင်ရင်း ဘောင်းဘီကျွတ် (အဲလေ) ဖောင်စီးရင်း ရေငတ်ဆိုသလို၊ လှေလှော်ရင်း တက်မကျိုးဖို့ကို လက်ထိုးလှော်ရတာလည်း များလွန်းတော့ လက်တွေမှာ အသားမာတွေ၊ အရေခွံတွေတောင် စုတ်ပြဲလာပြီ ထင်ပါရဲ့ဗျာ၊

အိုဗျာ…. အခုလတ်တလောက TPP (ယာယီနိုင်ငံကူးလက်မှတ်)အတွက် မဲဆောက်မြို့ တဖက်ကမ်းက မြ၀တီမြို့မှာ ဂျက်ဘာ အမှုဆောင်တွေ သွားလုပ်ကြရပြီး ကုန်ကျစရိတ်က ကုမ္ပဏီကို (၅၅၀၀ ဘတ်) တစ်ညအိပ်တည်းခို၊ စားသောက်တာက တစ်ဦးကို ချွေချွေတာတာ သုံးစွဲတာတောင် (၇၀၀ ဘတ်) လောက် အငယ်ခံ ကုန်ကျခဲ့တယ်လေ။ ဒီတော့ ၆၂၀၀ ဘတ် လောက်ကုန်ခဲ့တယ် ဆိုပါတော့။

ဒီလိုနဲ့ ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ် ကိုယ်စီ ကိုယ်ငှ ပိုင်သကြပြီးတော့တစ်ခါ၊ WP (အလုပ်သမားလက်မှတ်ကို တစ်လအတွင်း ဆက်ကြဖို့အရေးအတွက် ကြီးစွာသော အခက်အခဲ၊ အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြတယ်ဗျို့။ ဧပြီလ ၃ ရက်နေ့မှာပဲ တစ်လပြည့်တာဆိုတော့ကာ ဘယ်မှာသွားပြီး ပိုက်ဆံရှိလို့၊ ဘယ်မှာလုပ်နိုင်ကြလို့တုန်း။

ဟော….. IOM က ကြော်ငြာမှာပါတဲ့အတိုင်း အခုလ ဧပြီလ (၁၃) ရက်ထက် နောက်မကျပဲ WP (အလုပ်သမားလက်မှတ်) ကို ဆင်းရဲနွမ်းပါးတဲ့ တာ့(ခ်)ခရိုင်အတွက် ကုန်ကျစရိတ် (၂၉၀၀ ဘတ်) အကုန်ခံပြီး လုပ်ကြရမှာတဲ့။ ၂၉၀၀ ဘတ် နဲ့တင် ဘယ်ရမှာလဲဗျ။ ဂျက်ဘာက အီးစီတွေ၊ အရံ အီးစီတွေက စက်ရုံအလုပ်ရုံ အလုပ်သမားတွေ လက်ရှိ မဟုတ်ကြတော့ ပြင်ပ အလုပ်သမားအဖြစ်နဲ့၊ ပြင်ပသူဌေး အမည်ခံ အခ ကြေးငွေ (အငယ်ခံ- ၇၀၀ ဘတ်၊ တချို့ ၁၀၀၀ ဘတ်) ပေးကြရဦးမှာလေ။ ဒီတော့ကာ WP တွက် ၃၆၀၀ ဘတ်တော့ အငယ်ခံ အကုန်အကျရှိမှာဆိုတော့ အခြား စီဘီအိုတွေ၊ စီအက်စ်အိုတွေလိုပဲ ဖောင်စီးရင်း ရေငတ်ကြလို့ အလုပ်လုပ်နေရင်းနဲ့ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း ဘ၀ဖြစ်နေတဲ့ လက်မှတ်တွေ ကိုယ်စီကိုင်ထားကြရင်း (လက်မှတ်တွေ အပြည့်အစုံ ဘ၀ကို မရောက် ကြပဲနဲ့) အများအကျိုးဆောင်၊ ကိုယ့်ပုဆိုးပေါင်ကြအုံးပေါ့ စီဘီအိုတို့၊ စီအက်စ်အိုတို့ ရေ…..။
အိပ်နေရင်းနဲ့ မျက်လုံးထဲမှာ လက်မှတ်တွေကို မြင်၊ မြင်ယောင်ရင်း တစ်ရေးနိုးထ မနက် (၃)နာရီမှသည် ပြန်ပြီး အိမ်မရခဲ့တဲ့ နေ့ရက်တွေကို လက်ချိုးရေတွက်ကြည့်ရင်း….. (သက်ပြင်းတွေ၊ သက်ပြင်းတွေ၊ သက်ပြင်းတွေက) ဒင်းတို့ကို…. ဒင်းတို့ကို တက်ခေါက်......... (တောက်)

** ခွန်အားမျှဝေ- ဒို့တတွေသည်- မလွဲမသွေ၊ ပြည်သူတွေအတွက် **

- **ဆန်တာကလော့စ် (ခေတ္တ- အင်္ဂပူ)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)