ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 12, 2012

**နတ်ကတော်များကို မစေလွှတ်ကြပါနှင့်**

>
“Right man and Right place” ဆိုတာ အလကားထားသော ဆိုရိုးမဟုတ်ချေ။ နတ်ဒေ၀တာနေရာကို နတ်ဒေ၀တာနေ၍ မနုဿ (လူသား) နေရာ ကိုမနုဿနေရန် ညွှန်းဆိုဖော်ပြနေရုံမက မတန်တရာ အလုပ်တွေလုပ်ပြီး ၀င်မရှုပ်ရန်ကိုလည်း သတိပေးထားခြင်း ဖြစ်တန်ရာ၏။ ဆိုရလျှင် ထိုင်းနိုင်ငံတွင် မီဒီယာများက ဖော်ပြနေလျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားအရေအတွက်သည် “၂သန်းခန့်” ဟူ၍ပင် ဖြစ်မြဲဖြစ်နေလျက်ရှိသည်။ မိမိ (ကိုမိုးကြိုး) နှင့် တခင်တမင်ရှိပြီး အမှန်တကယ်လည်း အလွန်အလုပ်လုပ်သော ကိုထူးချစ် (GHRE/ FED)၊ ကိုမိုးဆွေ (ရောင်ခြည်ဦး)၊ ကိုကျော်သောင်းး (BAT) စသူတို့နှင့် “ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက် မည်မျှရှိမည်ထင်သနည်း”ဟု စကားစပ်မိလေတိုင်း ကျနော်တို့အားလုံး တသဘောထဲရှိသော အရေအတွက်မှာ “၃ သန်းထက်မနည်းနိုင်” ဟူ၍ ဖြစ်သည်။ ဤနေရာတွင် ဤလိုလူစားမျိုးများကပင် လျှင်ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်နှင့် ယင်းတို့အလွှာတစ်ခုချင်းစီ၏ သဘောသဘာဝကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိမည်ဟု ဆိုလိုရင်းဖြစ်သည်။
ဤဆောင်းပါးကို ရေးဖြစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အခြေခံလူထုလူတန်းစား (၀ါ) ရွှေ့ပြောင်းအလုပ်သမားများ အပေါ်အမှန်တကယ်လည်း အကျိုးဆောင်နေကြပြီး အာဆီယံကဲ့သို့သော ဒေသဆိုင်ရာအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ စသည်တို့တွင် “ဦးမိုးဆွေ၊ ဦးထူးချစ်၊ ဦးမြင့်ဝေ၊ ဦးကျော်သောင်း၊ ဦးသံဒုတ်၊ ဦးမင်းလွင်” စသည်ဖြင့် ရွှေ့ပြောင်းလုပ်သားထုအပေါ် အမှန်တကယ်ကိုယ်စားပြုနိုင်သူများ (၀ါ) ရွှေ့ပြောင်းအလုပ်သမားရေးရာအခင်းအကျင်းများကို ရှင်းလင်းထင်ရှားစွာ (၀ါ) ထဲထဲဝင်ဝင် သိမြင်ကာ ပြောဆိုတင်ပြနိုင်သူများ၊ ဖိတ်ကြားသော အဖွဲ့အစည်းများကလည်း “ဒီလူကဖြင့် အမှန်စင်စစ်၊ အကျိုးဆောင်ဖြစ်နေသူပါလား.. “ဟု အချက်အလက်ပိုင်နိုင်သဖြင့် ချီးကျူးရသည့်လူမျိုးသာ (၀ါ) ကိုယ်စားလှယ်မျိုးသာ ဖြစ်စေလိုပါသည်။
ယခုနောက်ပိုင်း ADRA – Thailand၏ ထောက်ပံ့ကူညီမှုဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဆွေးနွေးပွဲများကို မိမိတို့တက်ရောက်ခွင့်ရရှိခဲ့ရာ မိမိတို့မဲဆောက်ဒေသမှ “တကယ့် စီဘီအို၊ စီအက်စ်အိုစစ်စစ်များ” နှင့် အတူတကွခရီးသွားရကာ ဆွေးနွေးပွဲတွင်လည်း ရှင်းလင်းတင်ပြခွင့် ရရှိသဖြင့် များစွာစိတ်သက်သာရာ ရမိပါသည်။ (မိမိဆိုလိုချင်သည်မှာ “ယုန်နှင့်သာအတူပြေးလိုပါသည်။ ခွေးနှင့်အတူမလိုက်လိုပါ”ဟူသည့် ယုန်နှင့်အတူပြေး၊ ခွေးနှင့်အတူလိုက် ခေါင်းစဉ်တပ်ထားသော ဆရာမောင်သာရ၏နာမည်ကျော် ၀တ္ထုစာအုပ်ခါင်းစဉ်ကို ဤနေရာတွင် အတိအကျယူသုံးလိုက်ပါသည်)။

ဆိုရရင် မြန်မာမှုမြန်မာ့နယ်သဘင်အခင်းအကျင်းများတွင် နောက်ပိုင်းဇာတ်တော်ကြီးနှင့် ရှေ့ပိုင်းအော်ပရာ
ဇာတ်တော်ကြီးများ ပီပီပြင်ပြင်တင်ဆက်ရမည့်နေရာတွင် “နတ်ကတော်များက တောင်ပြုံးပွဲ၊ ရတနာ့ဂူအမှတ်ဖြင့်
မတ်တပ်ရပ်ကာ သူတို့လည်းပါဝင်ပါရစေ”ဟု စီဘီအို၊ စီအက်စ်အို၊ ယောင်ဆောင်လျက် ကိုယ်စားပြုချင်နေကြ
တာတွေ့ရပါသည်။
ဘန်ကောက်မြို့တော်အစည်းဝေးအပါအ၀င် အခြားဆက်စပ်ဆွေးနွေးပွဲများကို တက်ရောက်ရသည့်အခါ တနေ့တခြားကြီးထွားလာနေသော ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အာဆီယံဒေသ
(အာဆီယံ ၁၀ နိုင်ငံ) အတွင်းတွင် အထူးတလည် အလေးထားကာ သဘောတူညီချက်များတစ်ခုပြီး တစ်ခု
ရယူကြရုံမက လာမည့် (၂၀၁၅) နှစ်တွင်လည်း တစတစပွင့်လင်းလာသော မြန်မာပြည်မှ အာဆီယံ အသိုင်း
အ၀ိုင်းတွင် အလှည့်ကျခေါင်းဆောင်နေရာကိုလည်း ရယူရန်အဆင်သင့်ပြင်လျက်ရှိပေသည်။
အဆိုပါ အာဆီယံဒေသ၊ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အလုပ်ရုံဆွေးနွေပွဲတွင်ဖြစ်စေ၊ အာဆီယံဒေသဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်းများ၏ အလုပ်ရုံဆွေးနွေးပွဲတင်ဖြစ်စေ မိမိတို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ (၀ါ) မနုဿလူသားစင်စစ် ဧကန်ဖြစ်ကြသူများကို မနုဿလူသားပီပီသစ္စာကိုယ်စားပြု ပြောဆိုနိုင်မည့် “ဒေါက်တာစင်သီယာမောင်၊ ဒေါ်အေးအေးမာ(SAW)၊ နော်လေးဒီ(BWU)၊ ဦးထူးချစ်၊ ဦးမိုးဆွေ၊ ဦးသံဒုတ်၊
ဦးမြင့်ဝေ(TACDB)၊ ဦးကျော်သောင်း (BAT)၊ ဦးမင်းလွင်(FTUB-မဲဆောက်) စသူတို့သည်သာ အထူးသင့်တော်ပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားတည်းဟူသော လူထုလူတန်းစားရေးရာကို ဆွေးနွေးကြမည့်နေရာတွင် အောက်ခြေလွတ်လျက်ရှိသော လူမမည်၊ နတ်မပီနှင့်
စကောစက နတ်ကတော်များကို ကိုယ်စားပြုမလွှတ်မိစေရန် (ရွေးချယ်မှုမမှားကြစေရန်) အထူးတလည်သတိပေး လိုက်ရပေသည်။ ဖိတ်ကြားသူများဘက်ကရော၊ ဖိတ်ကြားခံများဘက်ကပါ အပြန်အလှန်လေးစားမှုထားကြသောအားဖြင့် လူသားဆိုင်ရာ ဆွေးနွေးပွဲများတွင် လူလိုသူလိုနားလည်သော လူပုဂ္ဂိုလ်များကိုသာ တက်ရောက်ဆွေးနွေးစေရန် အထူးတလည်လိုအပ်နေသည်မဟုတ်ပါလား။ လူဆိုတာ ကိုယ့်နေရာကိုယ်သိဖို့လိုသည်။ ကိုယ့်နေရာမဟုတ်လျှင်
ဝင်မရှုပ်ချင်ပါနှင့်။

မှတ်ချက်။ ။ နတ်ကတော်များကို အထူးသတင်းပေးလိုသည်မှာ ယခုအခါမြန်မာပြည်တွင် တောင်ပြုံးပွဲ၊ ရတနာ့ဂူပွဲ
များသာမက အနယ်နယ်အရပ်ရပ်တွင် သွပ်ပြားများ၊ သွပ်မပြားတပြားများ ပေါများလာပြီဖြစ်ပါသဖြင့် (သင်တို့၏ ဆွဲဆောင်စည်းရုံး၊ ထိုးဖောက်၊ လှုပ်ရှား၊ စိမ့်ဝင်၊ ကောက်ကြောင်းဆွဲ၊ ပူးသတ်…….စသည်ဖြင့်) နည်းဗျူဟာများအောင်မြင်လာပြီဖြစ်ပါသဖြင့် ရာသီမရွေးကပြအသုံးတော်ခံနိုင်သော နတ်ကတော်ပွဲများ ခြိမ့်ခြိမ့်သဲသဲကျင်းပနိုင်ကြပါကြောင်း………….။

**ရဲဘော်မိုးကြိုး(JACBA)**
ရွှေ့ပြောင်းအလုပ်သမားအကျိုးဆောင်
ထိုင်း-မြန်မာနယ်စပ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)