ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 11, 2012

ကျောင်းသားဝတ္တရား (ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀တွင် ရေးသားခဲ့သောဆောင်းပါး)

>
အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက "ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်း"ဟု မိန့်မြွက်ဖူး၏။ ထိုကမ္ဘာ့ဇာတ်ခုံတွင် လူအမျိုးမျိုး၊အရွယ်အမျိုးမျိုး၊ အတန်းအစားအမျိုးမျိုးတို့သည် ကိုယ့်အခန်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။သို့ဖြစ်ရာ လူတိုင်းလူတိုင်းမှာ သိကြားတတ်သောအချိန် အရွယ်မှစ၍သေသည်ထိအောင် မိမိ၏ အလုပ်ဝတ္တရားအဖြစ်ရှိ၏။ ထိုဝတ္တရားကို ကျေပွန်မှသာလျှင် လောက၌ လူဖြစ်ကျိုးနပ်ပေမည်။ ကမ္ဘာ၏နောက်ခေတ် အမွေခံဖြစ်သော ကျွန်တော်တို့ကျောင်းသားတို့မှာလည်း အထူးသဖြင့်အသက် ၁၆နှစ် ၊ ၁၇ နှစ်မှ အထက်သို့ရှိသော ကျောင်းသားများမှာလည်း အဆိုပါဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းဖြစ်လျှင် ကျောင်းသားဝတ္တရားသည် အဘယ်နည်း။

အမြင်ကျယ်ကျယ် ကြည့်လေ့ရှိသော သူတို့သည် ကျောင်းသားဆိုသည်မှာ အတန်းစာကျက်၍ စာမေးပွဲအောင်ရုံမျှ ဟူသော အများအယူအဆ တိမ်းခြင်းအဖြစ်ကို သိရှိကြလေပြီ။ ထိုအယူအဆကား ခေတ်အောက်ကျသည့် အယူအဆမျှသာဖြစ်ပေသည်။

ပညာရေးကို ကျွမ်းကျင်သော ကမ္ဘာ့ပညာရှိတို့သည် လောကရေး ၊ ဓမ္မရေး ပြဿနာအရပ်ရပ်တို့ကို စိစစ်ဝေဖန်ဖြေရှင်းတတ်သောပညာမှ စာအုတ်ပေစာကို အံ၍ရသော အမှတ်သညာနှစ်ရပ်ကို ခွဲခြားထားလေသည်။ စာမေးပွဲကိုအောင်မြင်သူသည် လောကစစ်ပွဲတွင်လည်း အောင်မြင်နိုင်သည့် အရည်အချင်းရှိသည်ဟု မုချဆက်ဆက် မဆိုသာချေ။ ဤသို့လျှင် စာမေးပွဲ အကြောင်းသနစ်ကို ဖော်ထုတ်လာကြသည်။

An Examination of Examination စာမေးပွဲများ၏ အကျိုး-အပြစ် စစ်ဆေးချက်ဆိုသော စာအုပ်တွင် ဤအချက်ကို ရှင်းလင်းပြထားပေ၏။ စာမေးပွဲတစ်ခု၏ အဖြေစာရွက်များကို စာစစ်သူအမျိုးမျိုးစစ်ဆေးရာ အဖြေတစ်ခုတည်းကိုပင် အမှတ်ပေးပုံချင်းမတူသည်ကို တွေ့ရပေသည်။ တစ်ဖန် စာစစ်သူတစ်တည်း ၄င်းတစ်နှစ်က ဖျက်ခဲ့သောအဖြေကို နောက်ထပ် စစ်ဆေးသောအခါ ပထမ အမှတ်ပေးပုံနှင့် နောက်တစ်ခါ အမှတ်ပေးပုံချင်း ကွာခြားသည်ကို တွေ့ရလေသည်။ ကမ္ဘာကျော် ပြဇာတ်ရေးဆရာ ဘားနတ်ရှောကလည်း ထိပ်ကျသော ကျောင်းသားသည် လောကတွင် အောက်ဆုံးထစ်ရောက်တတ်သည်ဟု မိန့်ဆိုဖူး၏။

ဤတွင် ကမ္ဘာကျော်စာရေးဆရာ၏ အရေးအသားကို ၄င်းရေးသားသဖြင့် ယုံကြည်ရမည်ဟု မဆိုလို ။ သို့ရာတွင် ၄င်းကား အကြောင်းမဲ့ မရေးသားရာ ။ ယင်းသို့ဖြစ်ရကား ကျွနိုပ်တို့သည် ကမ္ဘာရာဇ၀င်သာမက အထောက်အထားများကို ကြည့်မည်ဆိုလျှင် ကမ္ဘာထိပ်တန်း ကျရောက်သော ပုဂ္ဂိုလ်တို့သည် စာမေးပွဲများတွင် ထိပ်တန်းကျသူချည်း မဟုတ်ပေ။

ဥပမာ အနည်းငယ် ထုတ်ပြရသော် ယခုခေတ် ထိပ်တန်းသမားများတွင် ဟစ်တလာ ၊မူဆိုလိုနီသည် ကျောင်းမှပင် ကောင်းစွာမနေခဲ့ကြရပေ။ မဟတ္တမဂန္ဒီသည်လည်း ကောလိပ်ကျောင်းတွင် ရောက်ဖူးရုံမျှသာရှိ၍ ကျောင်းသားအဖြစ် နေစဉ်အခါက ထူးထူးချွန်ချွန်မရှိချေ ။ ပဏ္ဍစ် ဂျဝါဟာလာနေရူးသည်လည်း အင်္ဂလန်ပြည်ရှိ နာမည်ကျော် ကျောင်းနှင့် တက္ကသိုလ်တို့မှ အောင်မြင်လင့်ကစား ကျောင်းသားအဖြစ်များစွာမထူးချွန်လှချေ ။ ဘီအေဂုဏ်ထူးတန်းတွင် ဒုတိယတန်းမျှသာ ရလေသည်။ သို့ရာတွင် ထိုအခါက ၄င်းအထက်ပထမရခဲ့သူတစ်ဦးမှာ ရန်ကုန်တွင် ပါမောက္ခတစ်ဦးအဖြစ် ၄င်းကဲ့သို့ ကျော်ကြားခြင်းမရှိချေ။ အင်္ဂလိပ်စာရေးဆရာကြီးများဖြစ်ကြသော ၀ိုးလ်စမစ်၊ ဆာဝါလတာစကော့စသော ပုဂ္ဂိုလ်များမှာလည်း ကျောင်းနေစဉ်က ထူးချွန်ခြင်းမရှိပေ။

ဆာဝါလတာစကော့မှာမူ လူ့ငနွား ဟုပင်ဆရာ၏အဝေဖန်ခံရလေသည်။ ဤကား ဥဒါဟရုဏ်ကို အကျဉ်းမျှ သရုပ်ပေါ်အောင် ပြလိုက်ခြင်းပေတည်း။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းကိုစစ်ရလျှင် လူတစ်ဦးတစ်ယောက်၏ တန်ဖိုးကို မည်မျှရှိသည်ဟုချိန်ဆရန် သတ်မှတ်ထားသောနည်းလမ်း မရှိသောကြောင့် ဖြစ်လေသည် ။

စင်စစ်သော်ကား ကျောင်းတွင် တစ်ခါမျှမနေဘူး၍ စာတစ်လုံးမျှ မသင်ဖူးသူပင် ပညာရှိဖြစ်နိုင်၏ ။ ဤကားဖြစ်နိုင်သည့်အကြောင်းကို ကျွန်ုပ်ဆိုခြင်း ဖြစ်ပေသည် ။ ယခု ကမ္ဘာပေါ်ရှိသည့် စာအုပ်အားလုံးသည် အရင်းစစ်လျှင် လောကအကြောင်းကို အမျိုးမျိုးမှတ်သားချက်များသာဖြစ်ပေသည်။ ထိုမှတ်သားချက်များကိုရေးသူများ၏အာဘော် ၊ ၄င်းတို့ရေးရာဒေသ ၊ ရေးသည့်အချိန်ကာလစသည်တို့ကိုကြည့်၍ ဝေဖန်ပြီးလျှင် လောကအလုပ်ဝတ္တရားတွင် သုံးစွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်။

အကယ်၍ စာမတတ်သူသည် လောကအမှတ်သားကောင်းမွန်၍ နေရာချတတ်ပါလျှင် စာတတ်နေရန် မလိုချေ ။ ထို့ကြောင့်ပင် မူဆိုလိုနီက ၄င်း၏အတ္ထုပ္ပတ္တိတွင် ကျွနိုပ်ဖတ်ခဲ့သော အကြီးဆုံးသောစာအုပ်ကား ၊ ကျွန်ုပ်နေခဲ့သော လောကကြီးပင်တည်း ဟု ရေးထား၏။ ထိုကဲ့သို့ စာအုပ်စာပေမှ ကျော်လွန်သောပညာကို အဘယ်သို့ရအံ့နည်း။

ထိုပညာစစ်ကိုရရန် လွတ်လပ်စွာ တွေးတောပြောဆို ဆွေးနွေးလုပ်ကိုင်လိုသောစိတ် မွေးရန်လို၏ ။ဤအချက်ကို ပညာရေးကျွမ်းကျင်သူ ပဂ္ဂိုလ်တို့က (Academic Freedom ) ပညာသင်ကြားရေးလွတ်လပ်ခွင့်ဟု ခေါ်ကြ၏ ။ ဤအချက်ကား ကမ္ဘာရာဇ၀င်ကို တစ်မျိုးတစ်မည် ပြောင်းလွဲစေသည့် ရီနေဆန် နှင့် ရီဖောင်မေးရှင်းခေါ် ခေတ်သစ်ဝါဒ လောကဓာတ်ပညာ ပြန့်ပွားရာ အကြောင်းအရင်းတည်း။ ဤအချက်ကားကျွန်ုပ်တို့၏ ဂေါတမဘုရားသခင် ဟောကြားသော ကာလမသုတ္တန် သဘောအရပင်တည်း။

ထိုလတ်လပ်စွာတွေးတော ပြောဆိုဆွေးနွေး လုပ်ကိုင်လိုသော စိတ်ရှိရမည်ဆိုရာတွင် ကျွန်ုပ်တို့သည် မိမိထင်ရာတွေးတောပြောဆို လုပ်ကိုင်ခြင်းမဟုတ်ပေ ။ လောကရှိ လူအပေါင်းတို့သည် ရေတွင်းတစ်တွင်းရှိ ဖားသူငယ်ကဲ့သို့နေ၍မဖြစ်ပေ ။ တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံရလေသည် ။ယခုခေတ်အခါတွင် ဤသို့ကူးလူးဆက်ဆံခြင်းမှာ ပိုမို၍ပင်ကျယ်ပြန့်လာလေသည်။ ယခု အတိုင်းတိုင်း အပြည်ပြည်တွင် ကြုံတွေ့နေရသော ရှားပါးရေးခေတ်သည် ထိုဥပဒေကို လွန်ဆန်၍ ကိုယ်ဘက်ကိုယ့်သဘောကိုသာမြင်သော ၀ါဒကြောင့် ဖြစ်သော ကမ္ဘာစစ်ကြီး၏ ပဲ့တင်သံဖြစ်လေသည် ။

ထိုသို့ဖြစ်ရာ လူတိုင်းလူတိုင်း တစ်ဦးနှင့်တစ်ဦး အပေါင်းအသင်းသမဂ္ဂရှမှသာ အမျိုးမျိုးသော အယူအဆ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမို အမြင်ကျယ်လာနိုင်သည်။ သို့အမြင်ကျယ်မှ တစ်ဦးကိုတစ်ဦး အနာခံတက်ခြင်း၊ စောင်မကူညီခြင်း၊ အပြောအဆိုအနေအထိုင် ပြုပြင်လာခြင်း စသည်ဖြင့် လောက၌ လူလုပ်တတ်သည့် အရည်အချင်းများ ရနိုင်လေသည်။

ထို့ကြောင့် ထိုကူးလူးဆက်ဆံရေး အမြင်သန်အောင် ကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းအိပ် ၊ကျောင်းစားထားခြင်း ၊အသင်းအပင်းများထောင်ခြင်း စသည်တို့ ပြုလုပ်ကြရလေသည်။ သို့ရာတွင် အပေါင်းအသင်း သမဂ္ဂ အတွက် ပြုလုပ်ရာတွင် လွတ်လပ်စွာ မပြောရ၊ မဆိုရ ၊ မလုပ်ရ၊ မဆွေးနွေးရ လျှင် မျက်စိပိတ်ထားသည်နှင့် တူပြန်သည်။ သို့ဖြစ်ရာ နှစ်ဖက်နှစ်ချက်စုံမှ ပညာရေးအစစ် မည်လေသည်။

တစ်ဖန် ယနေ့ဖြစ်သော ကျောင်းသားများသည် နက်ဖြန်ပြည်ကြီးသားများဖြစ်ကြ၏ဟု ဆိုရိုးစကားရှိ၏။ သို့ဖြစ်ရာ ပြည်ကြီးသားတို့၏ အင်္ဂါလက္ခစာတို့နှင့်ညီအောင် အုပ်ချုပ်နည်း၊ မိမိအခွင့်အရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေ၀ပ်နည်း၊ ကိုယ်လက်ကျန်းမာရေးစသည်ဖြင့် နည်းမျိုးစုံအောင် အသင်းအပင်းများ၊ ကစားနည်းများကို ထွင်ကြ၏။ ဤသို့မျှမက ယခုအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံမှာခွဲစိတ်၍မဖြစ်နိုင် ။ တရုတ်ပြည် ၊စပိန်ပြည်၊ ပါလက်စတိုင်းပြည်တွင် အဖြစ်အပျက်များသည် ဤတိုင်းပြည်ကိုလည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးခြင်းကိုလည်းကောင်း၊ မည်သို့မည်ပုံ ထိခိုက်မည်ဟု သိနိုင်အောင် ကမ္ဘာအခြေအနေကို မိမိရရ သိရန်လို၏။

ဤသည်ကိုကား အကြမ်းမျှ ကျောင်းသားများပြုလုပ်ရမည့် ၀တ္တရားများဖြစ်ကြ၏။ထို့ကြောင့် ကမ္ဘာရှိကျောင်းသားအပေါင်းတို့သည် လှုပ်လှုပ်ရွရွဖြစ်၍ စစ်မက်တားမြစ်ရေး ၊အလုပ်လက်မဲ့ ပပျောက်ရေး ၊အကြောင်းစနစ်များ ရှာဖွေနေကြ၏၊ အခြေမထူးခြားလှသော စပိန်ပြည် နှင့်တရုတ်ပြည်တို့တွင် ကျောင်းသားတို့မှာ ကိုယ်ထိလက်ရောက်တိုက်ခိုက်နေကြရ၏။ ထို့ကြောင့် အချိန်နှင့် အခါအလျောက်လည်း ကျောင်းသား၏ ၀တ္တရားလည်းကွဲလာ၏ ။ ဤပြဆိုပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သည့်မြင်သည်နှင့်အညီ နောင်သော် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုအခါ လူများကဲ့သို့ မညီမညွတ် ၊ မလုပ်တက်မကိုင်တက် မကိုင်တတ်မဖြစ်ရအောင် ကျွန်ုပ်တို့သည် ယခုအခါ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။

ထိုအသင်းသို့ ၀င်ရောက် အားပေး၇န်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသောသူတိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။ ။

ဒီလှိုင်းစာစောင် အတွဲ(၁) အမှတ်(၁၃) အင်္ဂါနေ့ ၁၀-၄-၂၀၁၂ တွင်ပါသောဆောင်းပါးအားကူးယူဖော်ပြပါသည်။

**လင်းဇော်ထက်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)