ခွန်မုံ(လာအိုနယ်ဖွား၊ ထိုင်းနိုင်ငံသား) တစ်ဦးပိုင်ဆိုင်သော ခြံဝင်းတစ်ခုအတွင်းမှ ပိုင်ရှင်မသိပဲ အသီးခူးမိသဖြင့် ဒေသ တွင်း ရှိ မြန်မာအလုပ်သမားမိသားစုဝင် ကလေးငယ်တစ်ဦးကို ပိုင်ရှင်လုပ်သူက သေနတ်ဖြင့် ယနေ့ပစ်ခတ်ခဲ့ကြောင်း ကလေးငယ်မှာ(၇)နှစ်အရွယ်ခန့်ရှိပြီး ကျောင်းမနေကြောင်း၊ ဒဏ်ရာပြင်းထန်ပြီးသေဆုံးဖွယ်ရှိကြောင်းသတင်းရရှိသည်။ အခင်းဖြစ်ပွားရာ ဒေသမှာ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တောင်ဘက်(၄၆) ကီလိုမီတာအကွာအဝေးရှိ ဖုတ်ဖရမြို့နယ် သစ်တောဝင်းတနေရာ၌ဖြစ်သည်။
သတင်း-ဓူဝံ(ဖုတ်ဖရ)
(ဖုတ်ဖရမြို့နယ်တနေရာ)

No comments:
Post a Comment