ယမန်နေ့ (၂-၄-၂၀၁၂) နေ့က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရှေ့နေများကောင်စီဥပဒေအထောက်အကူပြုဋ္ဌာန (LLC) ဆီကို ရောက်ရှိလာတဲ့ မြန်မာပြည်သားတိုင်း ဂုဏ်ယူဖွယ်ရာ..မဟာ သတ္တိရှင်တွေရဲ့ ရိုက်မှုတစ်ခုအကြောင်း ပြောပြချင်လို့ပါဗျာ။ မဲဆောက်မြို့တနေရာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မူးယစ်သောက်စားကြပြီးတော့ ထွေလာကြတဲ့အခါမှာ ပြဿနာကို မီးခွက်ထွန်းရှာကြပြီး မြန်မာနဲ့ မြန်မာချင်း၊ ၀ိုင်းဝန်းရိုက်နှက်ကြတဲ့ အမှုတစ်ခုပါပဲဗျာ။ ဂုဏ်ယူစရာပါပဲ။ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲတစ်ခုအတွက် စစ်သားတစ်ယောက်၊ ရဲတစ်ယောက်၊ ကြံ့ဖွတ်တစ်ယောက်၊ စွမ်းအားရှင်တစ်ယောက်ကိုများ မတရားတာတစ်ခုခုလုပ်လို့ သင်းတို့ကို ရိုက်ခိုင်းရင် ရိုက်ကြမယ်လို့ ထင်ပါသလား။ (ဝေးသေး)
**ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)**

No comments:
Post a Comment