ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 3, 2012

လူရာသွင်းပြီး အသိပေးပြောကြားရင်ပဲ ကျေနပ်ပါတယ်(လူထုစိန်ဝင်း)

>
အခုတလော ရာသီဥတုက ပူသလားမပြောနဲ့ လူဟာကုန်းပေါ် ပစ်တင်ခံရတဲ့ငါးလို ဟောဟဲလိုက်နေတယ်။ ဒီထဲမှာ မီးကလည်း နေ့ပျက်လိုက် ညပျက်လိုက် ဖြစ်နေပြန် လေတော့ အောက်ဆီဂျင်ဘူးအသေးနဲ့တင် မလောက်တော့လို့ ယောက်ျား ကြီးနှစ်ယောက် မနည်းမရတဲ့ ဧရာမဘူးအကြီးပါ မှာထားရတယ်။

**လာလိုက်ပျက်လိုက်ကြာလာတော့ **

လူနေအိမ်နဲ့ မတူတော့ဘူး။ ဆေးရုံနဲ့ တူလာတယ်။ အပြင်က လေကိုယူပြီး အောက်ဆီဂျင် ခွဲထုတ်ပေးတဲ့စက်က နှစ်လုံးထားရတယ်။ နေ့တစ်လုံး ညတစ်လုံး။ မီးပျက်တဲ့အခါနဲ့ ရေချိုးခန်း သန့်စင်ခန်း ၀င်တဲ့အခါ အတူသယ်သွားဖို့ ဆိုင် က မှာရတဲ့ အောက်ဆီဂျင်ဘူးသေး တစ်လုံးကလည်း သီးသန့် ထားရတယ်။ နှစ်ရက်တစ်ခါ မှာရတယ်။ အခုရက်ပိုင်းကျတော့ မီးက ခါတိုင်းနှစ်တွေကို အလှည့်ကျပေးတယ်လို့ ကြေညာ မထားပေမယ့် နေ့ရောညပါ နေ့တိုင်းပျက်တယ်။ တစ်ခါတလေ သိပ်အကြာကြီးမဟုတ်ဘဲ ပျက်လိုက် လာလိုက်၊ လာလိုက် ပျက်လိုက် ခဏခဏဖြစ်ပြီး တစ်ခါတလေကျတော့ နှစ်နာရီ သုံးနာရီ ကြာချင်လည်း ကြာသွားတယ်။ အဲဒီတော့ အောက်ဆီဂျင်ဘူး အကြီးရော အသေးပါ မှာရတော့တယ်။

**သမီးလေးကို သတိရတယ် **

အသေးကလည်းမမှာ မဖြစ်ဘူး။ နေ့တိုင်း ရေချိုးခန်းဝင်တဲ့အခါ ဘူးအသေးမှ သယ်သွားနိုင်တာ။ အိပ်ရာဘေးမှာ အောက်ဆီဂျင် ဘူးကြီးဘူးသေးတွေ၊ အောက်ဆီဂျင်စက်တွေအပြင် အသက်ရှုချောင်အောင် နေ့စဉ်ဆေးထည့်ပြီး နှာ ခေါင်းအုပ်ရှုရတဲ့စက်၊ သွေးတိုး နှလုံးခုန်တိုင်းတဲ့ စက်၊ သွေးထဲက အောက်ဆီဂျင်တိုင်းတဲ့စက်၊ နိုင်ငံခြားရောက် သမီးသမားတော်မလေး ကိုယ်တိုင် လုပ်ပုံကိုင်ပုံတွေ အသေအချာ သင်ပြပြီးပေးထားခဲ့တဲ့ အသက်ရှုလေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာစတဲ့ စတဲ့စက်ပစ္စည်းကိရိယာတွေနဲ့ ၀ိုင်းဝိုင်းလည်ဖြစ်နေတယ်။ သမီးသမားတော်မလေးက နိုင်ငံခြားက သတိရလို့ ဖုန်းဆက်တဲ့အခါတိုင်း အသက်ရှုလေ့ကျင့်ခန်း လုပ်တဲ့နည်းထက် ကောင်းတာ ဘာမှမရှိဘူး။ မှန်မှန်လုပ်ပါနော်လို့ တဖွဖွမှာနေကျ။ ဒီပစ္စည်းကို ကိုင်လိုက်တိုင်း သမီးလေးကို သတိရလွမ်းဆွတ်ရတယ်။

**လူရွှင်တော်ပြက်လုံး **

တရားရှင်မဟုတ်လေတော့ အသက်ကြီးလေ လွမ်းစရာတွေက ပိုများလေဖြစ်လာတယ်။ အတ္တကို ပယ်ခွာပြီး အနတ္တကို ရှုမြင်ရမယ့် အစားအစွဲအလန်းတွေ သံယောဇဉ်တွေက ပိုကြီးပိုများလာတယ်။ အသက်ကြီးလေ လွမ်းစရာတွေပို များလေ ဖြစ်လာတယ်။ မီးပျက်သွားတော့လည်း မနှစ်က ဒီအချိန်ကို ပြန်လွမ်းမိလိုက်တယ်။ မနှစ်က တစ်နှစ်လုံး မီးမဖြတ်ဘူး။ နေ့ရော ညပါပေးတယ်။ မိုးကလည်း အဆက်မပြတ်လှလေတော့ သိပ်ပြီး အပူဒဏ်မခံလိုက်ရဘူး။ ဒီနှစ်တော့ အရင့်အရင်နှစ်တွေကလို အေဘီစီ အုပ်စုသုံးစုခွဲပြီး အလှည့်ကိုပေးတဲ့ စနစ်ဒီလကုန်မှာ စတော့မယ်လို့ ဂျာနယ်ထဲရေးထားတာ ဖတ်လိုက်ရတယ်။ သတင်းစာတွေထဲမှာတော့ ဟိုနေရာက မဂ္ဂါဝပ် ဘယ်လောက် ထွက်တယ်။ ဒီနေရာက မဂ္ဂါဝပ် ဘယ် လောက်ထွက်တယ်။ ဒီနားက ဘယ်လောက်ဟိုနားက ဘယ်လောက် ထွက်တယ်စသဖြင့် စသဖြင့် ရေးထားတာတွေ တွေ့နေရသေးတယ်။ အိမ်တွေသာ မီးမလာတာ သတင်းစာတော့ ကိုင်လိုက်ရင်တောင် ဓာတ်လိုက်နေတယ်ဆိုတဲ့ လူရွှင်တော် ပြက်လုံးကို သွားသတိရလိုက်တယ်။

>နွေရာသီ ရေခန်းလို့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကျတယ်။ ဒါကြောင့် ခွဲတမ်းနဲ့ ပေးမှဖြစ်တော့မယ်လို့ အမှန်အတိုင်း ပြောလိုက်ပါ။ ကျွန်တော်တို့က အင်ဗာတာတွေ၊ မီးစက်တွေ အသင့်ပြင်ထားကြပါမယ်။ ကျွန်တော်တို့ကို လူရာသွင်းပြီး အသိပေးပြောကြားတယ်ဆိုရင်ပဲ ကျွန်တော်တို့က ကျေနပ်နေကြတာပါ . .

**ကုန်းအော်ပစ်လိုက်ချင်**

မီးအကြောင်းစပြီး စဉ်းစားလိုက်တော့ မြန်မာလူမျိုးတွေ သိန်းပေါင်းသုံးဆယ်၊ လေးဆယ်လောက် ထိုင်းနိုင်ငံထဲ သွားအလုပ်လုပ်နေကြတယ် ဆိုတဲ့အကြောင်းက ခေါင်းထဲ ရောက်လာပြန်တယ်။ ထိုင်းနိုင်ငံက မြန်မာပြည်က ဓာတ်ငွေ့တွေနဲ့ စက် မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားချမ်းသာနေတယ်။ ဒီတော့ ဓာတ်ငွေ့ပိုင်ရှင် မြန်မာတွေက သူတို့ဆီသွားပြီး အလုပ်ကြမ်းတွေ လုပ်နေကြရတယ်။ ဂုတ်သွေး (ကုပ်သွေး)စုပ်ချင်တိုင်းစုပ်ပြီး အနိုင်ကျင့်ချင်တိုင်း ကျင့်တာခံရတယ်။ ရင်နာစရာ သိပ် ကောင်းတယ်။ တွေးလေ တွေးလေ အရိုးထိအောင်နာပြီးကမ္ဘာတုန်အောင် ကုန်းအော်ပစ်လိုက်ချင်တယ်။

**ကျောက်မီးသွေးနဲ့ မောင်းမှာလား**

ဂျာနယ်တွေ ဖတ်မိရင် ပိုဆိုးတယ်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိုးပျံရထား လမ်းဖောက်မယ့် စီမံကိန်း၊ မြေအောက်ရထား လမ်းဖောက်မယ့် စီမံကိန်းတွေပါ ထည့်သွင်းစဉ်းစားနေတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက အထူးစိတ်ဝင်စား ကြတယ် ဆိုတာတွေဖတ်ပြီး လျှပ်စစ်မီး လုံလောက်အောင် အရင်ကြံဆပါဦး။ ကျန်တာတွေ ဖြည်းဖြည်းမှ စဉ်းစားကြပါလို့ ပြောခွင့်ရရင် ပြောချင်တယ်။ မိုးပျံရထားကို ဘာနဲ့ မောင်းမှာလဲ။ ရှေးကလို ထင်းခြမ်းကြီးတွေနဲ့ ကျောက်မီးသွေးတွေနဲ့ မောင်းမှာလား။ နိုင်ငံခြားကုမ္ပဏီတွေကတော့ သူတို့ပစ္စည်းတွေ ရောင်းရ၊ သူတို့လူတွေ အလုပ်ရမှာဆိုတော့ စိတ်ဝင်စားကြမှာပေါ့။ အကြွေးပေါ်မှာ အကြွေးဆင့်မယ့် ကိစ္စမျိုးတွေကိုတော့ ရှောင်ကြပါရှားကြပါလို့ တောင်းပန်ပါရစေ။

**အရှိကိုအရှိအတိုင်း **

ဆောက်ဖြစ်မှ ကျောင်းဒကာ ဆိုတာလို လုပ်ဖြစ် မလုပ်ဖြစ် ဆိုတာက နောက်မှ။ အခု လောလောဆယ်တော့ လူတွေ သဘောတွေ့သွားမှာပဲဆိုတဲ့ လုပ်နည်းလုပ်ဟန်တွေကို စနစ်ဟောင်းနဲ့အတူ ထားပစ်ခဲ့ဖို့ ကောင်းပါပြီ။ လက်ကိုင်တယ်လီဖုန်း တစ်လုံးရှိရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို လက်ဖ၀ါးပေါ် တင်ကြည့်သလို ကြည့်နိုင်တဲ့ ခေတ်မှာ အညာအလှိုင်းတွေ၊ အလိမ်အကောက်တွေနဲ့ အလုပ်မဖြစ်တော့ဘူး။ ဘာကိစ္စဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်နဲ့ အရှိကိုအရှိ အတိုင်း ပြောလိုက်တာဟာ အကောင်းဆုံးပဲ။ ၀ါဒဖြန့်ချိရေးတို့၊ စိတ်ဓာတ် စစ်ဆင်ရေးတို့၊ ‘မက်ခီယာဗယ်လီ’ နည်းစနစ်တို့ ဆိုတာတွေဟာ လူတွေ အသိဉာဏ်ရေချိန် မြင့်တဲ့ခေတ်မှာ အသုံးမ၀င်တော့ပါဘူး။

**လက်ခံဖို့အသင့် **

ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းသာ ပြောပါ။ ကျွန်တော်တို့က လက်ခံဖို့ အသင့်ပါပဲ။ နွေရာသီရေခန်းလို့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကျတယ်။ ဒါကြောင့် ခွဲတမ်းနဲ့ ပေးမှဖြစ်တော့မယ်လို့ အမှန်အတိုင်းပြောလိုက်ပါ။ ကျွန်တော်တို့က အင်ဗာတာတွေ၊ မီးစက်တွေ အသင့်ပြင်ထားကြပါမယ်။ ကျွန်တော်တို့ကို လူရာသွင်းပြီး အသိပေးပြောကြားတယ်ဆိုရင်ပဲ ကျွန်တော်တို့က ကျေနပ်နေကြတာပါ။

Written by လူထုစိန်ဝင်း

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)