- အငြင်းပွားစရာ ပညာရေး-
စီးပွားရေးလုပ်ငန်းပညာသင် ဘာသာရပ် တော်တော်များများသည် ပြတ်ပြတ်သားသား၊
ရှင်းရှင်းလင်းလင်း မရှိလှ။ ခေါင်းဆောင်မှု၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ
ကိုယ်ကျင့်တရားကဲ့သို့သော ဘာသာရပ်များသည် ရှင်းရှင်းလင်းလင်း၊
ပြတ်ပြတ်သားသားမရှိလှသော ဘာသာရပ်များဖြစ်သည်။ ဘဏ္ဍာရေးကဲ့သို့သော
ဘာသာရပ်မျိုးတွင် ပို၍ကြိုးစားအားထုတ်မှု လိုသည်။ ကျောင်းသားများက
ဆရာများ၏ အရည်အသွေးကိုလည်း အပြစ်တင်လေ့ရှိကြသည်။ ပြဋ္ဌာန်းစာအုပ်ပါ
စာများကို ပြန်ရွတ်နေလျှင် အတန်းတက်စရာ မလိုဟု ပြောကြသည်။
စီးပွားရေးလုပ်ငန်းပညာဆိုင်ရာ ဘာသာရပ်များသည် ဘောဂဗေဒ သို့မဟုတ် စိတ်ပညာ
သို့မဟုတ် နိုင်ငံတကာဆက်ဆံရေး သို့မဟုတ် သမိုင်း၏ ဘာသာရပ်ခွဲဟုတ်၊ မဟုတ်
မရေမရာ ဖြစ်နေကြသည်။
စီးပွားရေးလုပ်ငန်းပညာ သင်ကြားမှုများ၏ အရည်အသွေးကြောင့်
ထိုဘာသာရပ်များကို လေ့လာသူများအနေဖြင့် အလုပ်အကိုင် ရရှိမည့်
အခွင့်အလမ်းများ လျော့ပါးသွားသည်။ သိပ္ပံပညာ သင်တန်းများထက် သက်သာသည်ဟု
ယူဆပြီး စီးပွားရေးလုပ်ငန်းပညာကို ရွေးချယ်သူများလည်း ပေါ်ပေါက်လာသည်။
ဤကဲ့သို့ စီးပွားရေးလုပ်ငန်းပညာ ဘာသာရပ်များကို ရွေးချယ်ကြခြင်းမှာ
ဆေးပညာ၊ ဥပဒေပညာ စသည့် ဘာသာရပ်များကို တက်ရောက်ရန် အရည်အချင်း မမီ၍ မီသော
ဘာသာရပ်ကိုသာ ရွေးချယ်ကြခြင်းဖြစ်သည်ဟု တုန့်ပြန်ကြသည်။
စီးပွားရေးလုပ်ငန်းပညာဖြစ်စေ၊ အခြားမည်သည့်ပညာဖြစ်စေ အတန်အသင့်
ကြိုးစားမှုများ လိုအပ်သည်သာ ဖြစ်သည်ဟူ၍လည်း ပြန်၍ချေပကြသည်။
အခြားတစ်ဖက်၌မူ အားကစားများ လုပ်နေခြင်း၊ လူမှုရေးလုပ်ငန်းများ
လုပ်နေခြင်းသည် ပညာသင်ကြားရာ၌ ပင်ပန်းမှု မရှိ၍သာ ဖြစ်သည်ဟု ယူဆသည်။
လူစိတ်ဝင်စားမှု အနည်းဆုံး၊ အမှတ်အနည်းဆုံး ဘာသာရပ်များမှာ သူနာပြု၊
ပညာရေးနှင့် စီးပွားရေးလုပ်ငန်းပညာတို့ ဖြစ်သည်ဟု ဆိုသည်။ ထိုသုံးမျိုး၌
စီးပွားရေးလုပ်ငန်းပညာသင် ကျောင်းသားများသည် ကြိုးစားမှု အနည်းဆုံး၊
ဝေဖန်မှုကို မခံနိုင်ဆုံး ဖြစ်သည်ဟု ယူဆကြသည်။
သို့ဖြစ်၍ စီးပွားရေးလုပ်ငန်းပညာသင် ကျောင်းသားများသည် ကျောင်းပြီးအောင် မတက်ဘဲ ကျောင်းထွက်သွားကြသည့် သူတွေက များသည်။

**အီကောနောမစ်**
-
-သုည -

No comments:
Post a Comment