လမ်းမတော် မြို့နယ် ၇ လမ်း အမှတ်(၇၆) ၃-လွှာ(A) တွင် ယနေ့ နေ့လည် ၁၁နာရီ ၄၀ခန့်ကစတင်လောင် ကျွမ်းခဲ့ပြီး မွန်းလွဲ ၁၂နာရီ ၁၀မိနစ်တွင်မီးငြိမ်းခဲ့သည့် မီးလောင်မှုတွင် သေဆုံးခဲ့သော မိန်းခလေးတွင် ဦးခေါင်း၌ ပြတ်ရှဒဏ်ရာ ၃ချက်နှင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ၂ချက်တို့တွေ့ ရှိရသဖြင့် CID နှင့် သက်ဆိုင်ရာရဲစခန်းက ဆက်လက်စုံးစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ မီးလောင်မှုကြောင့် သေဆုံးခဲ့သည့် မစုစန္ဒီအောင်သည် ၁၀တန်း(တက္ကသိုလ်ဝင်တန်း) စာမေးပွဲ ဖြေဆို ထားသူဖြစ်ကာ မိခင်ဒေါ်စန်းရီနှင့် ပထွေးဖြစ်သူ ဦးအေးကိုတို့နှင့် ယင်းနေအိမ်သည် ဒေါ်စန်းရီမှ အမဖြစ် သူဒေါ်ဘေဘီနှင့် ဦးဝင်းမြင့်တို့ထံမှ ၀ယ်ယူနေထိုင်ခြင်းဖြစ်ကာ နေထိုင်သည်မှာ ၁၅ရက်ခန့်သာရှိသေး ကြောင်းသိရသည်။ သေဆုံးသူနာမည်ကျာ် တိုင်းရင်းဆေးဖြန့်ချိရေး လုပ်ငန်းရှင် ကိုဝင်းမြင့်+မဘေဘီ တို့၏ တူမတော်စပ်ပြီး ယင်း၏ ရုပ်အလောင်းကို စစ်ဆေးမှုများပြီးသွားပြီးနောက် ညနေ့ ၄နာရီခန့်က ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံ ကြီးမှ PRအမှတ် ၀၉၆ဖြင့်လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ယင်းဖြစ်ရပ်အား CIDမှ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် ယနေ့ ၄နာရီ ၃၅အချိန်အထိ အမှုဖွင့်လှစ် ထားခြင်းမရှိသေးကြောင်း သိရသည်။
Photo-The Voice
**လင်းဇော်ထက်**
-၁၀ တန်းဖြေဆိုထားသည့် ကျောင်းသူ မီးလောင်ဒဏ်ရာများဖြင့် အသတ်ခံရ.
Photo-The Voice
**လင်းဇော်ထက်**



No comments:
Post a Comment