-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
(ပါရီ၊ မေ ၂၈)
(၆၅)ကြိမ်မြောက်
ကိန်းစ်ရုပ်ရှင်ပွဲတော်ပိတ်ပွဲကို မေ ၂၇ ရက်က အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ရာ ပိတ် ပွဲမတိုင်မီ အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆုများကို ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်ချီးမြှင့်ခဲ့ရာတွင် Amourဇာတ်ကားက အကောင်ဆုံးရုပ်ရှင်ကားအဖြစ် ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသည်။ ယင်းဇာတ်ကား ကို ဒါရိုက်တာ Micheal Haneke က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မေတ္တာဖွဲ့ဇာတ်ကားသည် အကောင်းဆုံး ဇာတ်ကားဆုနှင့် အကောင်းဆုံးဒါရိုက်တာဆိုကု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ တစ်ဖန် အကောင်ဆုံးအ မျိုးသားသရုပ်ဆောင်ဆုကို ရုပ်ရှင်မင်းသား မက်စ်မစ်ကီလ်ဆင်က ဆွတ်ခူးရရှိခဲ့သည်။ မက်စ်မစ်ကီလ် ဆင်သည် The Hunt ဇာတ်ကားတွင် ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့်ဖြစ် သည်။ မိမိသည် ယခုကဲ့သို့ အကောင်းဆုံးသရုပ်ဆောင်ဆု ရွေးချယ်ခံရမည်ဟု လုံးဝမတွေးထားမိခဲ့ ကြောင်း ဆုလက်ခံအပြီး၌ ရုပ်ရှင်မင်းသား မက်စ်မစ်ကီလ်ဆင်က ပြောကြားခဲ့သည်။ ထို့အပြင် အ ကောင်းဆုံးအမျိုးသမီးဆုကို ရုပ်ရှင်မင်းသမီး ကော်မီနာအက်စရာတန်နှင့် ခရစ္စတီးနားဖလူတာတို့နှစ်ဦး က ပူးတွဲရရှိခဲ့သည်။
၎င်းတို့နှစ်ဦးသည် Beyond the hills ဇာတ်ကားတွင် တစ်မူထူးခြားစွာဖြင့် ပရိ သတ်ဆွဲဆောင်မှုရှိအောင် အတွဲညီညီသရုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဆုရွေးချယ်ချီးမြှင့်ရေးအဖွဲ့က သုံးသပ်ခဲ့သည်။ မိမိတို့နှစ်ဦးအား ယခုလိုဆုရွေးချယ်ချီးမြှင့်မှုကို အံ့သြ၀မ်းသာမိကြောင်း ကော်မီနာ အက်စရာတန်နှင့်ခရစ္စတီးနားဖလူတာတို့က ဆုလက်ခံပြီးနောက် ပရိသတ်အား ထုတ်ဖော်ပြောကြားခဲ့ သည်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆုကို ဇာတ်ညွှန်းရေးဆရာ ခရစ္စတင်းမန်ဂီတဆွတ်ခူးရရှိခဲ့ သည်။ ခရစ္စတင်းမန်ဂီသည် Beyond the hills ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ညွှန်းဆုရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဇာတ်ကားသည် (၆၅) ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်၌ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုနှင့် ဇာတ်ညွှန်းဆုများဆွတ်ခူးနိုင်ခဲ့သည်။ ထို့အတူ ယခုရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ဆုရွေး ချယ်ရေးအဖွဲ့၏ Grand prize ဆုကို ဒါရိုက်တာ မက်တိုးဂါရွန်ရိုက်ကူးခဲ့သည့် Reality ဇာတ်ကားက ရွေးချယ်ချီးမြှင့်ခြင်းခံရသည်။ တစ်ဖန် အကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆုကို ဓါတ်ပုံပညာရှင် Benh Zeitlin က Beasts of the southern Wild ဇာတ်ကားဖြင့် ဆုရရှိခဲ့သည်။ ထို့အပြင် (၆၅) ကြိမ်မြောက် ကိန်းစ် ရုပ်ရှင်ပွဲတော်တွင် Palme d’or Short Film ဆုကို ဒါရိုက်တာ အယ်လ်ရိဇန်ယီစီလ်ဘက် ရိုက်ကူးသည့် Sessis-Be Deng ဇာတ်ကားက ဆွတ်ခူးရရှိသွားသည်။ (အင်တာနက်)
**စပါးတိုက်စစ်မှူး ဒေါ့စ်ဆန်းတို့စ် အသင်းနှင့်ဆွေးနွေးမည်ဟုဆို** (လန်ဒန်၊ မေ ၂၈)
စပါးအသင်းမှ မက္ကဆီကိုတိုက်စစ်မှူးဒေါ့စ်ဆန်းတို့စ်သည် ၄င်း၏အနာဂတ်အတွက် လာမည့်ဇွန် လတွင် စပါးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း မေ ၂၈ ရက်အားကစား သတင်းတစ်ရပ်က ဖော်ပြသည်။ တိုက်စစ်မှူးဒေါ့စ်ဆန်းတို့စ်နှင့် ၄င်း၏ကိုယ်စားလှယ်တို့သည် ဇွန် ၁၂ ရက်တွင် စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗီနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဝှိုက်ဟတ်လိန်းတွင် မိမိလို ချင်သော လုပ်ခလစာမရရှိခဲ့ပါက အသင်းပြောင်းရွှေ့ကစားခွင့်ပြုရန် တောင်းဆိုမည်ဟု ဆိုသည်။မက္က ဆီကို ကြယ်ပွင့် ဒေါ့ဆန်းစ်တို့စ်သည် ၂ဝဝ၈ ခုနှစ်က ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့ကြေးပေါင် ငါးသန်း ဖြင့် တော့တင်ဟမ်ဟော့စပါးအသင်းသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲပေါင်း၁၇ ပွဲသာ ကစားခွင့်ရရှိခဲ့သူဖြစ်သည်။ လက်ရှိတွင်မူ တိုက်စစ်မှူး ဒေါ့စ်ဆန်းတို့စ်သည် စပါးအသင်းနှင့်ချုပ်သက် တမ်းတစ်နှစ်ကျန်ရှိနေပြီး စပါးအသင်းကပေးမည့် လုပ်ခလစာအပေါ်အခြေခံ၍ာမည့်ဘောလုံးရာသီ တွင်အသင်းပြောင်းရွှေ့မှုကို စီစဉ်မည်ဟုဆိုသည်။ တိုက်စစ်မှူး ဒေါ့စ်ဆန်းတို့စ်သည်ပရီမီယာလိဂ် ကလပ် စပါးအသင်းတွင်တိုက်စစ်နေရာအပြင် တောင်ပံနှစ်ဖက်မှလည်း ကောင်းမွန်စွာကစားနိုင်ခဲ့ပြီး စပိန်ကလပ်ဘာစီလိုနာအသင်းအပြင်Ipswich town၊ ဂလက်တာဆာရေးနှင့်ဆန်တန်ဒါစသည့်အသင်း များ၌လည်းအငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့သူဖြစ်သည်။ သို့သော် အသင်းပြောင်းရွှေ့မှုများသော် လည်း လက်ရှိစပါးအသင်းကလုပ်ခလစာတိုးမြှင့်ပေးရန်နှင့် တိုးမြှင့်မပေးပါကအသင်းမှထွက်ခွာ ခွင့်ပြု ရန် စပါးအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (အင်တာနက်)
**ပါရီအိုးပင်းတင်းနစ်ပြိုင်ပွဲ ဗီးနပ်စ်ဝီလျံ နိုင်ပွဲရ** (ပါရီ၊ မေ ၂၈)
ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသော ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို မေ ၂၈ ရက်က ဆက် လက်ယှဉ်ပြိုင်ရာ အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲပထမအဆင့်ပွဲစဉ်၌ ဗီးနပ်စ်ဝီလျံက အော်မေချာ အားအနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရောက်သွားပြီဖြစ်သည်။ အမေရိကန်တင်းနစ်မယ် ဗီးနပ်စ်ဝီလျံ သည် အာဂျင်တီးနားတင်းနစ်မယ် အော်မေချာအား ၄-၆၊ ၆-၁၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဗီး နပ်စ်ဝီလျံသည် ပထမပွဲစဉ်၌ အမှားအယွင်းများရှိခဲ့သော်လည်း နောက်ပွဲစဉ်များတွင် နိုင်ပွဲများ ဆက် တိုက်ရရှိအောင် ကစားနိုင်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ကိုသစ္စာ

No comments:
Post a Comment