ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 30, 2012

>
-ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ-
**ထိုင်းနိုင်ငံတောင်ပိုင်း၌ မုန်တိုင်းတိုက်ခတ် အိမ် ၂၀ ခန့်ပျက်စီး၊ ရေလွှမ်းမှုဖြစ်ပွား** (ဗန်ကောက်၊ မေ ၂၈) ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ်တွင် မေ ၂၈ ရက်က မုန်တိုင်း တိုက်ခတ်ခံရမှုကြောင့် အိမ် ၂၀ ခန့်ပျက်စီးပြီး ဒေသခံအများအပြား မုန်တိုင်းဒဏ်ကြုံတွေ့ခံစားခဲ့ရကြောင်း ထိုင်းအရာရှိများက သ တင်းထုတ်ပြန်သည်။ မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်မှုတို့ ဖြစ်ပွားခဲ့ရာဆွန်ခလာပြည် နယ်နေရာအများအပြားတွင် ရေလွှမ်းမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ မုနတိုင်းမှာ တစ်နာရီခန့်မျှတိုက်ခတ် ခဲ့ရာ နေအိမ်အများအပြား အမိုးများကျွတ်ထွက်မှုနှင့် အိမ်ပြိုကျမှုများဖြစ်ပေါ်ခဲ့သည်။ ထိုင်းမိုးလေ၀သဌ နက ပြည်နယ် ၁၃ ပြည်နယ်တွင် မိုးသည်းထန်မှုနှင့် ရေလွှမ်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သ တိပေးချက်များထုတ်ပြန်ထားသည်။ အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်၊ လန်ပန်နှင့် လမ်ပွန်ပြည်နယ်များတွ် ရေလွှမ်းမှုများဖြစ်ပေါ်နိုင်ကြောင်း ၄င်းတို့က ပြောကြားသည်။ (အင်တာနက်)

**ဘာရင်းပင်လယ်အတွင်း ရေခဲလွှာနှင့် တိုက်မိပြီး ရုရှားသင်္ဘောနစ်မြုပ်** (မော်စကို၊ မေ ၂၈)
ဘာရင်းပင်လယ်အတွင်းရှိ ရေခဲလွှာကြီးတစ်ခုနှင့်တိုက်မိခဲ့သဖြင့် ရုရှားခရီးသည်တင်သင်္ဘောတစ်စင်း မေ ၂၇ ရက်တွင် နစ်မြုပ်ခဲ့ကြောင်း ရုရှားရေကြောင်းအရာရှိများက မေ ၂၈ ရက်တွင် ပြောကြားသည်။ အဆိုပါသင်္ဘောပေါ်လိုက်ပါလာသော ခရီးသည်နှင့် သင်္ဘောဝန်ထမ်း ၉၁ ဦးတို့ကို အချိန်မီဘေးကင်း ရာသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ သင်္ဘောနစ်မြုပ်မှုဖြစ်ပွားသည့် နေရာမှာ ရုရှားနိုင်ငံ ဒက်ဗ်မြို့မှ အနောက်တောင်ဘက် ကီလိုမီတာ ၆၀၀ အကွာခန့်၌ ဖြစ်သည်။ သ င်္ဘောပ္ပတိန်က အရေးပေါ်သတင်းပို့ပြီး အကူအညီတောင်းခဲ့မှုကြောင့် ကယ်ဆယ်ရေးရေယာဉ်များ ရောက်လာပြီး ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်) **မဟာပျက်သုန်းမှုဖြစ်စဉ်အပြီး သက်ရှိများပြန်လည်ရှင်သန်ရေး နှစ် ၁၀ သန်းမျှ အချိန်ယူခဲ့ရ** (နယူးယောက်၊ မေ ၂၈) လွန်ခဲ့သော နှစ်ပေါင်း သန်း ၂၅၀ ခန့်က ကမ္ဘာပေါ်ရှိ သက်ရှိမျိုးစိတ် ၉၀ ရာနှုန်းကျော် ကွယ်ပျောက်ခဲ့ ရသည့် မဟာပျက်သုဉ်းမှုဖြစ်စဉ်၏ အရင်းခံသည် မည်သည့်အကြောင်း တရားကြောင့်ဖြစ်စေ သက်ရှိ များနောက်တစ်ဖန် ရှင်သန်ရေးအတွက် နှစ် ၁၀ သန်းမျှ အချိန်ယူခဲ့ရကြောင်း သိပ္ပံပညာရှင်များက မေ ၂၇ ရက်တွင် ပြောကြားသည်။ မဟာပျက်သုဉ်းမှုဖြစ်စဉ် (Great Dying) ဖြစ်ပေါ်ပြီးနောက် သက်ရှိမျိုးစိတ်များသညပြန်လည်ရှင် သန်ခွင့်ရရန် ရုန်းကန်ခဲ့သော်လည်း ဝန်းကျင်အခြေအနေ ဆက်တိုက်ပြောင်းလဲနေမှုများကြောင့် အခါခါကျဆုံးခဲ့ရကြောင်း သုတေသနပညာရှင်များက ယူဆထားသည်။ မဟာပျက်သုဉ်း မှုဖြစ်စဉ် အလွန်ကာလများတွင် ကမ္ဘာပေါ်၌ ကာဗွန်ဓာတ်ငွေ့စုဝေးမှုပြဿနာများ မကြာခဏဖြစ် ပေါ်ခဲ့ပြီး နောင်နှစ်ငါးသန်း သို့မဟုတ် ယင်းထက်ပိုလွန်သော ကာလနောက်ပိုင်းမှသာ ပုံမှန်အခြေအနေ ရောက်ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ထားသည်။မဟာပျက်သုဉ်းမှုဖြစ်စဉ်ကြောင့် ကမ္ဘာ ပေါ်ရှိ ရေနေသတ္တဝါမျိုးစိတ် ၉၆ ရာခိုင်နှုန်း၊ ကုန်းနေသတ္တဝါမျိုးစိတ် ၇ဝ ရာခိုင်နှုန်းနှင့် အင်းဆက် မျိုးစိတ်အတော်များများ ကွယ်ပျောက်ခဲ့ရသည်။ယင်းဖြစ်စဉ်ပေါ်ပေါက်ရခြင်း၏ အကြောင်းရင်းမှန်အား သိပ္ပံပညာရှင်များအနေဖြင့် တိတိပပခွဲခြားသိမြင်နိုင်သေးခြင်းမရှိပေ။ မဟာပျက်သုဉ်းမှုဖြစ်စဉ်ကို အပျက်သဘောဆောင်သောဖြစ်ရပ်အဖြစ် ရှုမြင်တတ်ကြကြောင်း၊ သို့ရာတွင် ယင်းဖြစ်စဉ်ပေါ်ပေါက်ပြီး နှစ်သန်းပေါင်းများစွာအကြာတွင် သက်ရှိများပြန်လည် ရှင်သန်လာကာ မျိုးစိတ်သစ်များ ပေါ်ထွက်လာ ခြင်းကြောင့် ဆင့်ကဲဖြစ်စဉ်ပြန်လည် တည်ဆောက်မှု(Re-set evolution) အဖြစ် မှတ်ယူနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ (အင်တာနက်) 

**တရုတ်နိုင်ငံမြောက်ပိုင်း၌ အစာအဆိပ်သင့်မှုဖြစ်ပွား**
 တရုတ်နိုငံမြောက်ပိုင်း ဟီဘေးပြည်နယ်တွင် မသန့်ရှင်းသော ကြက်သားများကို စားသုံးမိသဖြင့် က လေးငယ်များက မေ ၂၈ ရက်တွင်ပြောကြားသည်။ ဖြစ်ပွားမှုမှာ ဘိုဒင်းမြို့ ကျူလန်စီရင်စုတွင်ရှိသော ကြက်သားအရောင်ဆိုင်မှ ၀ယ်ယူစားသုံးသောလူအများစုမှာ ၄င်းရောဂါများ ခံစားခဲ့ရပြီးနောက် ဆေးရုံ သို့တင်ပို့ခဲ့ရခြင်းဖြစ်သည်။အစာအဆပ်သင့်မှုဖြစ်ပွားသည့်ဦးရေမှာ စုစုပေါင်း၉၇ ဦးခန့်ရှိသည်။ ၄င်း ကြက်အရောင်းဆိုင်မှာ ကျူယန်စီရင်စုဒါလန်အမည်ရှိကြက်သားအရောင်းဆိုင်ဖြစ်ပြီး တာဝန်ရှိသူများ ကစုံစမ်းစစ်ဆေးမှုများပြုလုပ်လျပ်ရှိသည်။ အချိန်ကြာရှည်ခံသော ဆေးများအသုံးပြုထားမှုကြောင့် ဖြစ်နိုင်ကြောင်းကနဦးစုံစမ်းစစ်ဆေးမှုအရ တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်) 

 စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)