ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 29, 2012

>
-ဒေါ်အောင်ဆန်းစုကြည်၊ Charismatic Authority နှင့် Cult of Personality- 

Charismatic Authority ဆိုတာရှိတယ်။ အဲ့ဒီဟာက ခေါင်းဆောင်တစ်ဦးရဲ့ အရှိန်အဝါအပေါ်မူတည်ပြီး ဦးဆောင်မှုပေးတာဖြစ်တယ်။ မာတင်လူသာကင်း၊ ဒလိုင်လားမားတို့ကို Charismatic Authority ကိုဖော်ဆောင်နိုင်သူများအဖြစ် ညွန်းဆိုလေ့၇ှိကြတယ်။ ဒီသဘောတရားရဲ့ မူလဘူတ ရင်းမြစ်က လူတစ်ဦးရဲ့ သာမန်ထက်ပိုလွန်တဲ့ စွမ်းဆောင်ရည်အပေါ်မှာ နောက်လိုက်တွေက အလွန်အမင်း မှီခိုကာ ကြည်ညိုလေးစားလာခြင်းပဲဖြစ်တယ်။ အဲ့ဒီဖြစ်စဉ်ကို မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့တွေ့နိုင်မယ်ထင်ပါတယ်။ Charismatic Authority ကို မက်စ်ဝီးဘား ဆိုတဲ့ လူမှုဗေဒပညာရှင်က ဖော်ထုတ်ခဲ့ပြီး သုံးမျိုးခွဲပြထားတယ်။ အဲ့ဒီအထဲမှာ Charismatic Succession ဆိုတဲ့သဘောတ၇ားဟာ အထက်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်စဉ်နဲ့ဆင်တူတယ်။ လူထု အရမ်းအားကိုးထားတဲ့ လူတစ်ဦးကွယ်လွန်သွား၇င် ဒီလူကို အခြေတည်နေတဲ့ ဖြစ်စဉ်တွေအားလုံး ပျက်စီးပြိုလဲသွားလေ့ရှိတယ်။ (ပင်လုံစာချုပ်ကို အသိအမှတ်မပြုတော့ခြင်းနှင့် အာဏာသိမ်းခြင်းတို့ကိုဆက်စပ်ကြည့်၇န်)။ ဒါကြောင့် အဲ့ဒီ ဖြစ်စဉ်မှာ နဂိုခေါင်းဆောင်ရှိစဉ်အနေအထားကို ပြန်အသက်သွင်းဖို့ လူစားကို ပြန်ရှာလေ့ရှိတယ်။ ဥပမာဗိုလ်ချုပ်အောင်ဆန်းဝင်စားတဲ့ကလေး စသဖြင့် သတင်းထွက်လာတာတွေကြားဖူးတယ်။ နောက် အောင်ဆန်းတစ္ဆေခြောက်တယ်လို့ ပြောကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဒီသဘောတရားကနေ ကင်းမယ်လို့ မထင်ပါ။ ဒါဟာ အရှိကို အရှိအတိုင်း သုံးသပ်ကြည့်ဖို့သာ အားထုတ်ခြင်းဖြစ်တယ်။ ဒါနဲ့ ဆင်သလို ရှိပေမယ့် မတူတာက Cult of Personality ဆိုတဲ့သဘောတရားဖြစ်တယ်။ အဲ့ဒါက လူတစ်ဦးကို နတ်မင်းသဖွယ် အလွန်အကျွံဝါဒဖြန့်ထားခြင်းဖြစ်တယ်။ ရှေးဗမာခေတ်မှာတော့ လူထုက ကြည်ညိုတဲ့ ဘုရင်သတ်တာခံရတဲ့လူတွေကို လူထုမကျေမနပ်မဖြစ်အောင် နတ်နေနဲ့ ဖော်ကျူးသလိုပေါ့။ စက်မှုခေတ်ကျတော့ Propaganda ကို လျှံထွက်နေအောင်သုံးပြတယ်။ အထင်ရှားဆုံးကတော့ ကွန်မြူနစ်မော်စီတုန်းပါပဲ။ သူ့ပုံအောက်မှာ ပျော်ရွှင်နေတဲ့မိသားစုပုံ၊ သူ့ပုံအောက်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ပုံ စသဖြင့် လူတစ်ဦးကနေ လူလွန်မသား တစ်ဦးပုံစံ "မဖြစ်ဖြစ်အောင်" တမင် ဝါဒဖြန့်တာကို Cult of personality လို့ခေါ်တယ်။ အီရန်က အယာတိုလာခါမေနီ၊ မြောက်ကိုးရီးယားက ကင်ဂျုံအီးလ် အတူတူပါပဲ။ဒီသဘောတရားပါပဲ။ နောက် တူရကီက လူလည်း ဒါပါပဲ။ မြန်မာပြည်မယ်တော့ မလုပ်ရဲလို့ပဲလားမသိဘူး...အာဏာ၇ှင်နေဝင်းက "တိုင်းပြည်ကိုကယ်ဆယ်" လို့ တပ်မတော်ကလည်း ရှစ်လေးလုံးမှာ "လက်မတင်လေးအလို ထပ်မံကပ်ဆယ်" လိုက်ရတာလောက်ပဲ တွေ့ဖူးတယ်။ ဒီထက်ပိုတာတော့ မတွေ့ဘူးပါ။ ထူးဆန်းတာက ဒီ Cult of Personality သည် အာဏာရှင်နိုင်ငံများမှာသာ အတွေ့များရတာဖြစ်ပါတယ်။
အခု အကျယ်ချုပ်က လွတ်မြောက်လာအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ ယခင်ကထက် ပိုမိုထင်ရှားတောက်ပလာတယ်။ အရှိန်အဝါသိပ်ကြီးလာတယ်။ ဒါကြောင့် သူမကို အထက်ဖော်ပြပါ နည်းလမ်းကို ဖော်ပြလို့ တိုက်ခိုက်လိုသူတွေရှိလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်ခြေလွတ်သွားနိုင်တယ်။ ဆုံးဖြတ်ချက်တွေဟာ နောက်လိုက်တွေကြောင့်မှားသွားနိုင်တယ် စသဖြင့် ဒေါ်စုနဲ့ လမ်းကြောင်းမတူတဲ့ ကွန်မြူနစ်လက်သစ်တွေက "Half True/Half False" သဘောတရားအတိုင်း လုပ်လာတာကိုတွေ့ရတယ်။ Half True က အထက်ပါ Charismatic Authority ပုံစံနဲ့ ဒေါ်အောင်ဆန်းစုကြည်သွားနေပြီး သူမနောက်လိုက်တွေထဲမှာ အချို့ဟာ အလွန်အကျွံထောက်ခံရုံသက်သက်ကလွဲလို့ ဘာမှ သိပ်သုံးမရတာအမှန်ပဲဖြစ်ပါတယ်။ Half False ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နောက်လိုက်တွေ ဖျက်ဆီးလို့ ပျက်စီးသွားနိုင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဘယ်ဟာမဆို ဖြစ်နိုင်တယ်ဆိုတဲ့သဘောတရားအရ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်မမှားနိုင်ဘူးလို့ တရားသေ ပြောလို့မရပါ။ ဒါအမှန်ပဲဖြစ်တယ်။ သို့သော် တစ်ခုရှိတာက ဒီ Charisma Authority ပုံစံသွားတဲ့ခေါင်းဆောင်တွေထဲမယ် ဒီမိုကရက်တစ်ခေါင်းဆောင်ဟာ အလွန်ရှားပါတယ်။ အများအားဖြင့် ဘာသာရေးနွယ်တဲ့သူတွေများပါတယ်။ ဒီမိုကရက်တစ်ခေါင်းဆောင် တစ်ဦးအနေနဲ့ ဒီမိုကရေစီဆန်စွာ (စည်းနဲ့ကမ်းနဲ့) ထောက်ပြတာကို လက်ခံနားထောင်ရမှာပဲဖြစ်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုထောက်တဲ့အပိုင်းဟာ ရာနှုန်းပြည့်မမှန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပြလို့ ဒေါ်စုက ကိုယ်ပြောသလို လိုက်မလုပ်တိုင်း စိတ်ဆိုးတာက ကိုယ့်အပိုင်းပါ။ ဒေါ်စုက ခေါင်းဆောင်နေရာယူနေရတာဖြစ်တဲ့အတွက်သူ့မှာ Responsibility အများကြီးယူထားရပြီး သူ့ဆုံးဖြတ်ချက်မှားတယ်လို့ လူထုက မြင်လာရင် သူတာဝန်ယူသွားရမှာပဲဖြစ်တယ်။ ဒါကြောင့် ကွန်မြူနစ်တွေက ကိုယ်နဲ့အမြင်မတူတိုင်း တိုက်ခိုက်တာကို Half True/Half False agenda အနေနဲ့ သတ်မှတ်ပါတယ်။
နောက်တစ်ပိုင်းက နောက်လိုက်အပိုင်းပါ။ ဒေါ်စုကို အလွန်အကျွံကိုးကွယ်နေတဲ့သူတွေရှိတာမှန်ပါတယ်။ အဲ့ဒီနောက်လိုက်ထဲမှာ နှစ်ပိုင်းခွဲမြင်လို့ရတယ်။ (၁) NLD ပါတီဝင် (၂) ပါတီဝင်မဟုတ်သော သာမန်လူထု ပါတီဝင်တွေကတော့ ပါတီစွဲအနည်းအများရှိနိုင်တယ်လို့ကောက်ချက်ချလို့ရတယ်။ ခဏဘေးဖယ်ထားလိုက်မယ်။ သာမန်လူထုကို ကြည့်မယ်ဆိုရင် "လူထုကိုဘယ်သူမှညာလို့မရပါ" ။ ဒါဟာ မှန်ကန်တဲ့အချက်ပဲဖြစ်တယ်။ ဘယ်ခေါင်းဆောင်တွေ ဘယ်လိုကတိပေးပေး၊ ဘယ်လိုလုပ်လုပ် လူထုဟာ သူတို့လက်တွေ့ဘဝ ခံစားရမှု၊ ခံစားချက်တွေနဲ့ တိုင်းတာတဲ့ စံနှုန်း(Parameters) တွေရှိပြီးသားပါ။ ဒါကြောင့် ဒီမိုကရေစီသာဖြစ်ပါစေ လူထုရဲ့လက်ခံမှု လက်မခံမှုသည် ခေါင်းဆောင်တစ်ဦးကို အကောင်းဆုံးထိန်းကျောင်းပေးမယ့် Check&Balance သဘောဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီထွန်းကားဖို့သာလိုပါတယ်။ ဒေါ်စုကို ခေတ်သစ် အာဏာ၇ှင်ဖြစ်သွားဖို့ စိတ်ပူနေစရာမလိုပါဘူး။ဒီမိုကရေစီထွန်းကားဖို့ဆိုတာလည်း မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေကြာသွားနိုင်ပါသေးတယ်။ အရင်ဆုံး ဒေါ်စုက ခိုင်မာတဲ့ အုတ်မြစ်ချပေးနိုင်ဖို့ကိုသာ အားလုံးဝိုင်းဝန်းပေးကြရမှာဖြစ်တယ်။ အုတ်မြစ်ခိုင်ခိုင်ဖြစ်သွားပြီဆိုတော့မှ နောက် ဒုတိယတစ်ဆက်မှာ အင်အားကြီးမြန်မာနိုင်ငံဖြစ်လာအောင် အားလုံးဝိုင်းဝန်းပေးကြရမှာဖြစ်တယ်။ ကိုယ့်စာ၊ ကိုယ့်လုပ်ရပ်က "သကြားအုပ်ထားတဲ့ အဆိပ်" လိုဖြစ်နေတာတွေကို မြင်နေရလို့ ဒါကိုရေးပြီးတုန့်ပြန်ပေးလိုက်တာဖြစ်တယ်။ 

**Myo Set **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)