-ယခုလအတွင်း ထိုင်းနှင့်မလေးရှား နိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ-
(မေလ ၃၀ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ အခက်အခဲများစွာ ရင်ဆိုင်ကြရပေမယ့် ကြံ့ကြံ့ခံ ရပ်တည်ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကားပြောခဲ့သလို သူတို့အားလုံး တနေ့မှာ မြန်မာပြည် ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေကို ပြောပါတယ်။မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက အိမ်ပြန်လိုကြပါပြီ။ မြန်မာပြည် လွတ်မြောက်ပါစေ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသလို တချို့ကတော့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။ (RFA)
ဖြစ်ရပ် ၂။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဆွန်ခလာပြည်နယ်တွင် မေ ၂၈ ရက်က မုန်တိုင်း တိုက်ခတ်ခံရမှုကြောင့် အိမ် ၂၀ ခန့်ပျက်စီးပြီး ဒေသခံအများအပြား မုန်တိုင်းဒဏ်ကြုံတွေ့ခံစားခဲ့ရကြောင်း ထိုင်းအရာရှိများက သ တင်းထုတ်ပြန်သည်။ မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်မှုတို့ ဖြစ်ပွားခဲ့ရာဆွန်ခလာပြည် နယ်နေရာအများအပြားတွင် ရေလွှမ်းမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ မုနတိုင်းမှာ တစ်နာရီခန့်မျှတိုက်ခတ် ခဲ့ရာ နေအိမ်အများအပြား အမိုးများကျွတ်ထွက်မှုနှင့် အိမ်ပြိုကျမှုများဖြစ်ပေါ်ခဲ့သည်။ ထိုင်းမိုးလေ၀သဌ နက ပြည်နယ် ၁၃ ပြည်နယ်တွင် မိုးသည်းထန်မှုနှင့် ရေလွှမ်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သ တိပေးချက်များထုတ်ပြန်ထားသည်။ အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်၊ လန်ပန်နှင့် လမ်ပွန်ပြည်နယ်များတွင် ရေလွှမ်းမှုများဖြစ်ပေါ်နိုင်ကြောင်း ၄င်းတို့က ပြောကြားသည်။ (အင်တာနက်)
(မေလ ၂၉ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံတွင် ကျင်းပမည့် World Economic Forum သို့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် မတက်ရောက်ခြင်းသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးအား မထိခိုက်နိုင်ဟု ထိုင်းအစိုးရက ဆိုပါသည်။“မြန်မာ နိုင်ငံသမ္မတ ဦးသိန်းစိန်ကတော့ သူတို့ရဲ့ တိုင်းပြည်တွင်း၌ အရေးပေါ် ကိစ္စ တစ်ရပ်ကြောင့် ယခုအပတ်၌ ဗန်ကောက်၌ ကျင်း ပမည့် WEF အစည်းအဝေးသို့ မတက်ရောက် နိုင်ကြောင်းနှင့် ဇွန်လ (၄) ရက်နေ့နဲ့ (၅) ရက်နေ့မှာမှ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် လာရောက် မည်ဟု အကြောင်းကြားစာ ပို့ခဲ့ကြောင်း” WEF ဖိုရမ် အစည်း အဝေးပွဲ Organizer တဦးက ထိုင်းသတင်း ဌာန တခုကို ပြော ကြားခဲ့ပါသည်။သမ္မတ ဦးသိန်းစိန် အနေဖြင့် ကမ္ဘာ့စီးပွားရေး ဖိုရမ် အစည်းအဝေး၌ “မြန်မာနိုင်ငံ၏ အနာဂါတ်” ဆိုသည့် ခေါင်းစဉ်နှင့် မိန့်ခွန်း ပြော ကြားရန် လျာထား ခဲ့ပါသည်။(ရွှေဟင်္သာ သတင်းဌာန)
(မေလ ၂၈ရက်၊ ၂၀၁၂) လူ ၁၀ ဦးခန့်ကို ဖမ်းဆီးသွားပြီး ပြန်လည် အကြောင်းကြားခြင်း မရှိသေးသည့် ပြန်ပေးဆွဲမှု တခု တနင်္ဂနွေနေ့ ညနေ ၄ နာရီခန့်က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထပ်မံဖြစ်ပွားခဲ့သည်။ဘုရားသုံးဆူမြို့သည် ပြန်ပေးဆွဲမှု မကြာခဏ ဖြစ်ပွားရာ နယ်စပ်မြို့တမြို့ ဖြစ်ပြီး လွန်ခဲ့သည့် မေလ ၈ ရက်နေ့တွင် လည်း လူ ၄ ဦးကို ထိုင်းဘတ်ငွေ ငါးသိန်းဖြင့် ရွေးယူရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။ ဖမ်းဆီးခံရသူများမှာ ဘုရားသုံးဆူမြို့အနီး သီဟိုဠ်ခြံ အလုပ်သမား အသက် ၃၈ နှစ်ခန့်ရှိ ကိုသားပုနှင့် ကိုကျော်မြင့်နိုင် တို့ အပါအဝင် ဘုရားသုံးဆူမြို့ ရပ်ကွက် ၃၊ နှင်းဆီလမ်းမှ အလုပ်သမားများနှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ တပ်ရင်း ၃ ကျေးရွာရှိ ရာဘာခြံ အလုပ်သမားများ ပါဝင်သည်ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် ဘုရားသုံးဆူမြို့ခံ တဦးက ပြောသည်။(မဇ္ဈိမ)
(မေလ ၂၆ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းကို ကြာသပတေးနေ့မှာ သွားရောက်ကြည့်ရှု့မယ်လို့ မနေ့က ထုတ်ဝေတဲ့ The Bangkok Post သတင်းစာက အခုလို ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှု့ဖို့ ကေအင်န်ယူ ကရင်တိုင်းရင်းသား အစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တယ်လို့ သတင်းစာက ရေးသားထားပါတယ်။တကယ်လို့ ဒုက္ခသည်စခန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက် လေ့လာနိုင်မယ်ဆိုရင် တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပိုပြီးသိလာမှာ ဖြစ်တယ်လို့ ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က RFA ကိုပြောပါတယ်။ (RFA)
(မေလ ၂၅ရက်၊ ၂၀၁၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ မေလ ၂၉ ရက်နေ့တွင် သွားရောက်မည်ဖြစ်ပြီး ဘန်ကောက်တွင် ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ကြောင်း NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုင်းနိုင်ငံတွင် မည်မျှကြာအောင် နေထိုင်မည်ဆိုသည်ကိုမူ မပြောနိုင်သေးကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။ ခရီးစဉ်တွင် ကိုယ်ရေးအရာရှိ အပါအဝင် တက္ကသိုလ်ရိပ်သာ ခြံဝင်းအတွင်းမှ ပုဂ္ဂိုလ် သုံးဦးခန့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူလိုက်ပါကြမည်ဟု NLD မှ တာဝန်ရှိသူတဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံကူးလက်မှတ်အား အစိုးရအဖွဲ့ တာဝန်ရှိသူများက မေလ ပထမသီတင်းပတ်အတွင်းကပေးခဲ့ခြင်း ဖြစ်သည်။ ဤခရီးစဉ်သည် နှစ်ပေါင်း ၂၄ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည်။(မဇ္ဈိမ)
(မေလ ၂၄ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ ။ မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၁ရက်နေ့အထိလုပ်မဲ့ ကမ္ဘာ့ စီးပွားရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မဲ့ ညီလာခံကို ဒေါ်အောင်ဆန်းဆုကြည် တက်ရောက်ဖို့ ဇွန်လ ၂၈ ရက်နေ့ ဘန်ကောက် သွားမယ်ဆိုတာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အတည်ပြုပါတယ်။ ကမ္ဘာ့စီးပွားရေးညီလာခံကို သမ္မတဦးသိန်းစိန်လဲ တက်ရောက်ဖို့ အစီအစဉ် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားထွက်တဲ့ ခရီးစဉ် ဖြစ်ပါလိမ့်မယ်။(VOA)
ဖြစ်ရပ် ၂။ ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်သွယ် ထားသော မီးရထား လမ်းသစ်ကို မြန်နှုန်းမြင့် မီးရထားလမ်းအဖြစ် နှစ်နိုင်ငံ အစိုးရ များ၏ သဘော တူညီချက်အရ ၂၀၁၃ ခုနှစ် မတိုင်မီ အပြီးတည်ဆောက် သွားမည်ဟု ထိုင်းနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌ Mr.Jirabool Vitayasing က ပြောပါသည်။အဆိုပါ ရထားလမ်းအား ပထမ အဆင့်အနေဖြင့် ထိုင်းနိုင်ငံရှိ ကန်ချနဘူရီခရိုင်မှ ကီလိုမီတာ (၁၅၀) အကွာအဝေးတွင် ရှိ သော ထားဝယ် ရေနက်ဆိပ်ကမ်းအထိ ဖောက်လုပ်သွားမည်ဖြစ်ပြီး ဒုတိယ အဆင့်အဖြစ် ထားဝယ်မြို့အား ဖြတ်ကျော်ကာ ရန်ကုန်မြို့အထိ ဆက်သွယ်သွားမည်ဖြစ်သည်။ အဆိုပါ မီးရထားလမ်းသည် အာရှ ကွန်ယက် မြန်နှုန်းမြင့် မီးရထားလမ်းနှင့် ချိတ်ဆက်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ ရောက်ရှိသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။(ရွှေဟင်္သာ သတင်းဌာန) (မေလ ၂၃ရက်၊ ၂၀၁၂) ကရင်ပြည်နယ်၊ မြ၀တီခရိုင် ဝေါ်လေဒေသ အခြေစိုက် မြန်မာအစိုးရစစ်တပ်မှ စစ်သည် ၃ဦးသည် အထက်အရာရှိတို့၏ နှိပ်စက်မှုကို အခံနိုင်၍ ယခင် ဧပြီလကုန်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ် တစ်နေရာသို့ ထွက်ပြေးရောက်ရှိ ခဲ့သည်။ထွက်ပြေးလွက်မြောက်သူများမှာ တပ်အင်အား ၅၀ခန့်ရှိ ဝေါ်လေဒေသ မော်ခီးစခန်းအခြေစိုက် စစ်ကွပ်ကဲစစ်ဆင်ရေးဌာန ချုပ် စကခ (၁၉)လက်အောက်ခံ ခမရ(၆၁)တပ်ရင်းမှ မျိုးမင်းထိုက် ၂၅နှစ်(ကိုယ်ပိုင်နံပါတ် တ/၄၅၈၅၅၅)၊ အောင်ဆန်းမင်း ၂၀နှစ် (ကိုယ်ပိုင်နံပါတ် တ/၄၅၉၄၃၄)နှင့် မြင့်သူ ၁၉နှစ် (ကိုယ်ပိုင်နံပါတ် တ/၄၅၉၄၅၀) တို့ဖြစ်ကြပြီး လက်နက်ခဲယမ်း မပါဘဲ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(KIC)
(မေလ ၂၂ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံသား အလုပ်သမားများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိရေး စသည့် ရည်ရွယ်ချက် များဖြင့် ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အင်္ဂါနေ့က အထည်အလိပ်နှင့် သားရေအလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး၊ ယခုလအတွင်း မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း သမဂ္ဂ ဥက္ကဋ္ဌ ထံမှ သိရသည်။ လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ၏ အကူအညီဖြင့် ဘုရားသုံးဆူမြို့ ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက ဖွဲ့စည်းလိုက်သည့် သမဂ္ဂတွင် လုပ်အားနှင့် လုပ်အားခ မျှတစွာ ရရှိရေး၊ အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက ထိုက်သင့်သည့် နစ်နာကြေး ရရှိရေး၊ အလုပ်သမားများ၏ ဘဝမြှင့်တင်ရေး စသည့် ရည်ရွယ်ချက်များလည်း ပါဝင်သည်။ သမဂ္ဂတွင် ဘုရားသုံးဆူမြို့ တဖက်ခြမ်း ထိုင်းပိုင်နက် စေတီစမ်အွန်း၌ အလုပ်လုပ်နေကြသည့် မြန်မာ အလုပ်သမား ၃၀ ဦး ပါဝင်ပြီး၊ မြန်မာဘက်ခြမ်းမှ နံနက် ညနေ အလုပ်တက်ဆင်းကြသူများ ဖြစ်သည်။(မဇ္ဈိမ)
(မေလ ၂၁ရက်၊ ၂၀၁၂) ပြီးခဲ့တဲ့လအတွင်း မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ အတိုက်အခံခေါင်းဆောင် အဏ္ဏ၀ါအီဘရာဟင်ကို တရားစွဲဆိုမှာဖြစ်တယ်လို့ မလေးရှားတာဝန်ရှိသူတွေကပြောပါတယ်။ငြိမ်းချမ်းစွာစုရုံးခွင့်ဆိုတဲ့အချက်ကို ချိုးဖောက်ခဲ့မှုနဲ့ အင်္ဂါနေ့မှာ တရားစွဲဆိုတာကို လာရောက်ရင်ဆိုင်ဖို့အတွက် အကြောင်းကြားချက်ကို မစ္စတာ အဏ္ဏ၀ါထံကို ပို့ထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ရွေးကောက်ပွဲဥပဒေတွေ နည်းစနစ်တွေကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဧပြီလ ၂၈ ရက်နေ့ က မြို့တော် ကွာလာလမ်ပူမှာ ကျင်းပခဲ့တာပါ။အဲဒီဆန္ဒပြပွဲမှာလူပေါင်း ၂ သောင်းခွဲလောက် ပါဝင်ခဲ့ပြီး မြို့လည်ခေါင်မှာ ဆန္ဒပြခြင်းမပြုရဆိုတဲ့ဥပဒေကို အာခံပြီး သံဆူးကြိုး အကာအရံတွေကို ကျော်ဖြတ်ပြီး အစောင့်တွေ ထူထူထပ်ထပ်ချထားတဲ့ လွတ်လပ်ရေးရင်ပြင်အတွင်းကို ၀င်ရောက်ခဲ့ကြပါတယ်။(VOA) •
(မေလ ၂၀ရက်၊ ၂၀၁၂) ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ နယ် ဆုံစည်းမြိုင် ကျေးရွာရှိ ကလို့ထူးဘော ကရင် အမျိုးသား အစည်းအရုံး (K.K.O) အဖွဲ့ အခြေခံ ထားသော ဒေသ၌ မူးရစ်ဆေးဝါး ကင်းစင်သော လူထု စည်းဝေးပွဲ တရပ် ယနေ့ မနက် (၁၀) နာရီမှ ၁၂ နာရီ အထိ ကျင်းပခဲ့သည် ဟု ဒီကေဘီအေ ပြောခွင့်ရသူ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောကိုမျိုးက ဆိုပါသည်။(ရွှေဟင်္သာ သတင်းဌာန)
(မေလ ၁၈ရက်၊ ၂၀၁၂) ထိုင်း နိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ဈေးကြီး အနောက်ဘက်ခြမ်းရှိ S.D Fashion ကုမ္ပဏီလီမိတက် ချန်ပီယံ သိုးမွှေးအထည်စက်ရုံမှ အလုပ်သမားများအား ကြီးကြပ်သူ ယန်ချန်းဝေ(Yan Chang Wai)ကို အလုပ်ရှင်က နစ်နာကြေးပေးကာ ယနေ့ အလုပ်ဖြုတ်လိုက်သည်။S.D Fashion ကုမ္ပဏီလီမိတက်ပိုင်ရှင် ထိုင်းနိုင်ငံသား တရုတ်လူမျိုး ဟင်န်(Hin)မှ ယန်ချန်းဝေအား ထိုင်းဘတ်ငွေ (၃၃,၁၆၇) နစ်နာ ကြေးပေးရန် ထိုင်းအလုပ်သမားဝန်ကြီး ဦးစီးအရာရှိ ဖိမဲ့တာက မဲဆောက်မြို့ရှိ တာ့ခ်ခရိုင် အလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါ ဒီကန်)တွင် နှစ်ဦးနှစ်ဘက် လက်မှတ်ထိုးစေ၍ ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။(KIC)
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငါခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း FED မှ ဦးဆောင်၍ ထိုင်းနိုင် ငံ အတွင်းမှ ရွှေ့ပြောင်း အလုပ်သမားများ ဘဝ သရုပ်ဖော် ပညာပေး ဇာတ်လမ်းအား သရုပ်ဆောင် ရဲတိုက်နှင့် ချစ်သုဝေတို့ ရိုက်ကူးခဲ့သည့် ရိုက်ကူးရေး အစီအစဉ်မှာ ယနေ့တွင် ပြီးဆုံးခဲ့ကြောင်း FED အဖွဲ့မှ လက်ထောက် ဒါရိုက်တာ မပိုပိုမှ ပြော ကြားခဲ့ပါသည်။(ရွှေဟင်္သာ သတင်းဌာန)
(မေလ ၁၇ရက်၊ ၂၀၁၂) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR အနေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအား UN မှတ်ပုံတင်ကဒ် ရိုက် ပေးရန် ဆန္ဒရှိသော်လည်း ထိုင်းအစိုးရက လက်ခံမှုမရှိသေးသည့်အပေါ် အခက်အခဲရှိကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် UN ရုံးမှ ဒုက္ခသည်များအား ပြောဆိုသည်။ပြီးခဲ့သည့် မေလ ၁၆ရက်နေ့က UNHCR အဖွဲ့ဝင်နှစ်ဦးသည် အုန်းဖျန်ဒုက္ခသည်စခန်းသို့သွားရောက်ပြီး စခန်းတွင်းရှိ ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း အုန်းဖျန်ဒုက္ခစခန်းကော်မတီဝင်တစ်ဦးက ပြောသည်။(KIC)
(မေလ ၁၆ရက်၊ ၂၀၁၂) ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ပုဇွန်စက်ရုံတခုတွင် အလုပ်လုပ်ကိုင်နေသည့် လူကုန်ကူး ခံရသူ (၈၂) ဦးအား မြန်မာ့အရေး ဆောင်ရွက်နေသူများနှင့် ထိုင်းအာဏာပိုင်တို့ ပူးပေါင်း ကယ်တင် လိုက်သည်။၎င်းတို့ အလုပ်လုပ်ကိုင်ရာ ဆန်းကစ် ပုဇွန်စက်ရုံအား ထိုင်းရဲတပ်ဖွဲ့မှ ယမန်နေ့က ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ပြီး ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ပူးပေါင်းဆောင်ရွက် ခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တာဝန်ခံ ဦးကျော်သောင်းက ပြောသည်။(NMG)
(မေလ ၁၅ရက်၊ ၂၀၁၂) ရွှေ့ပြောင်းအလုပ်သမားအကျိုးဆောင် ဥပဒေအထောက်အကူပြု အဖွဲ့အစည်းများအတွင်း ထိုင်းနိုင်ငံ အလုပ် သမားဥပဒေနှင့် ဆက်စပ်ဥပဒေများအားနားလည်စေရန်ရည်ရွယ်လျက် ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ ဥပဒေ အထောက်အကူပြုဌာန (LLC) နှင့် ထိုင်းနိုင်ငံလူ့ အခွင့်အရေးဖွဲ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(HRDF) တို့မှ ထိုင်းရှေ့နေများအတွက် ဥပဒေ အထောက်အကူပြုသင်တန်း (Paralegal) အမှတ်စဉ် - ၄ ကို ယနေ့မှစတင်ပြီး ၃ ရက်သင် တန်းပေးမည်ဖြစ်သည်။ အမှတ်စဉ်၎သင်တန်းသည် လွန်ခဲ့သော ၂၀၀၈ ခုနှစ်ကဖွင့် လှစ်ခဲ့ သော အမှတ်စဉ် ၃ သန်တန်းပြီးသည့်နောက်တွင်၎ နှစ်ခန့်ကြာပြီးမှဖွင့်လှစ်နိုင်ခဲ့သော သင တန်းတစ်ခုဖြစ်သည်။ သင်တန်းကိုမဲဆောက်နှင့် ဖုတ်ဖရဒေသ အခြေစိုက်လူထု အခြေပြု အဖွဲ့အစည်း(၉)ဖွဲ့မှ သင်တန်းသား (.....) ဦးတက်ရောက်ခဲ့သည်။ (မြန်မာပြည်သားသတင်းစဉ်)
(မေလ ၁၃ရက်၊ ၂၀၁၂) လုပ်အားခတိုးမြင့်ပေးရေး၊ အချိန်ပိုလုပ်အားခတိုးမြင့်ပေးရေး နှင့် မိလ္လာလုံလောက်မှုနှင့်သန့် ရှင်းမှုရှိရေး အပါအ၀င် အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ၂ ရက်ကြာဆန္ဒပြတောင်း ဆိုခဲ့ကြ သော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ S D Fashion, ltd (မြန်မာတို့အခေါ် - ချန်ပီယံသိုး မွှေးစက်ရုံ) မှ အလုပ်သမားကိုယ်စားလှယ်များအား မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှား မှုကော်မ တီ (JACBA) မှ အလုပ်ရှင် နှင့်အလုပ်သမား ဆက်ဆံရေးအက်ဥပဒေ (BE 2518/1975)အပါအ၀င်အလုပ်သမား ကာကွယ်ရေးရုံး၌အလုပ်ရှင်နှင့်သဘောတူစာချုပ် ချုပ်ဆိုရာတွင် ပါဝင်သင့်သည့် ရပိုင်ခွင့်များကို ပညာပေးဆွေးနွေးခဲ့သည်။ (မြန်မာပြည်သားသတင်းစဉ်)
(မေလ ၁၁ရက်၊ ၂၀၁၂) အမှတ် ၁ ကုတို့ဆိပ်မှ အမှတ် ၁၉ ကုတို့ဆိပ်အထိတိုင်အောင်စည်းရုံးရေးအင်အားရှိသော မိမိ တို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှား မှုကော်မ တီ (JACBA)မှ ကြီးမှူးတည်ထောင်ထား သည့် နေ့သစ်အလကကျောင်း ကျောင်းဆရာများသည် ယနေ့တွင် စက်ရုံအလုပ်ရုံအလုပ်သမားတန်းလျားများ၊ စိုက်ခင်းပျိုးခင်းများအပါအ၀င် ယခုနှစ် ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်အတွက် ကလေးများကျောင်းအပ်နှံရေး ကွင်းဆင်းဆွေးနွေးခဲ့ကြကြောင်း၊ တဆက်တည်းမှာပင်အလုပ်သမားပြဿနာအချို့ကို ကြားနာခဲ့ကြသည်ကိုတွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်)
(မေ ၄ ရက်၊ ၂၀၁၂) လုပ်အားခတိုးမြင့်ပေးရေး၊ အချိန်ပိုလုပ်အားခတိုးမြင့်ပေးရေး နှင့် မိလ္လာလုံလောက်မှုနှင့်သန့် ရှင်းမှုရှိရေး အပါအ၀င် အလုပ်သမားတို့၏ ရပိုင်ခွင့်များကို ၂ ရက်ကြာဆန္ဒပြတောင်း ဆိုခဲ့ကြ သော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ S D Fashion, ltd (မြန်မာတို့အခေါ် - ချန်ပီယံသိုး မွှေးစက်ရုံ) မြန်မာအလုပ်သမား ၅၀၀ ကျော်တို့၏ ကိုယ်စားလှယ် (၇) ဦးသည် ယနေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာ့(ခ်)ခရိုင်အလုပ်သမား ကာကွယ်ရေးရုံး၌ အလုပ်ရှင်နှင့် စေ့စပ်ညှိုနှိုင်းအောင်မြင်ခဲ့သည်ကို တွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်)
(မေ ၅ရက်၊ ၂၀၁၂) ယမန်နေ့က S D Fashion, ltd ၏ အလုပ်ရှင်၊ အလုပ်သမားနှင့် အလုပ်သမားဌာနသုံးပွင့်ဆိုင် ညှိုနှိုင်းဆွေးနွေးပွဲ၏အောင်မြင်မှုအတွေ့အကြုံနှင့် လေ့လာဆန်းစစ်ချက်များကို ကနေဒါနိုင်ငံ၊ တိုရွှန်တိုတက္ကသိုလ်၊ မနုဿဗေဒဌာနမှ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ စာတမ်းဖြင့် ပါရဂူဘွဲ့ ရယူရန် သုတေသနပြုနေသူ - စတီဗင် (ခေါ်) မြန်မာအမည် စိုးစံသည် မြန်မာပြည်သားများ သည် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ဦးမိုးကြိုး၊ မက်ပ်ရေဒီ ယိုမှ ကိုစိုင်းနောင် S D Fashion Co, ltd မှ အလုပ်သမားကိုယ်စားလှယ်ကိုဇော်တို့နှင့် အတူ မက်ပ်ရေဒီယိုမှတိုက်ရိုက်ဆွေးနွေးသုံးသပ်ပြောဆိုခဲ့သည်ကိုတွေ့ရသည်။ (မြန်မာပြည်သားသတင်းစဉ်)
(မေ ၁ရက်၊ ၂၀၁၂) ဖြစ်ရပ် ၁။ ။ ယနေ့ကျရောက်သော (၁၂၂) ကြိမ်မြောက် မေဒေးနေ့အခမ်းအနားမျာကို ထိုင်း - မြန်မာနယ်စပ်တာ့(ခ်)ခရိုင်တွင် (၄) နေရာခွဲ၍ ကျင်းပကြသည်ကို တွေ့ရသည်။ တာ့(ခ်) ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင်တက်ရောက်သော မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်) နှင့် တာ(ခ်)ခရိုင် စက်မှုလုပ်ငန်းရှင်များနှင့်ကုန်သည်ကြီးများအသင်း (FTI)တို့က ကြီးမှူးလျက် မဲဆောက်ဒေသတွင်ရှိ အဲန်ဂျီအိုများ၊ စီဘီအိုများဖြင့် ဖွဲ့စည်းထားသည်။ (MAP WG) ပေါင်းစပ်ပါဝင်ပြီး ပူးပေါင်းကျင်ပသည့် လူ ၁၀၀၀ ကျော်ခန့်အခမ်းအနားကြီးတစ်ခု၊ တာ့ (ခ်)ခရိုင်အလုပ်သမားကာကွယ်ရေးရုံး ဦးစီးအရာရှိ ကိုယ်တိုင်တက်ရောက်သည့် JACBA နှင့် မက်ပ်ရေဒီယိုတို့ပူးပေါင်းကျင်းပသည့် လူ ၂၀၀ ကျော်တက်ရောက်သည့် အခမ်းအနားကြီတစ် ခု၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် မက်ပ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် အခမ်း အနားတစ်ခုနှင့် မြန်မာနိုင်ငံအလုပ်သမားသွေးစည်းညီညွှန်ရေးအဖွဲ့ (BLSO) မှ ကျင်းပသော အခမ်းအနားတစ်ခုစသည်တို့ဖြစ်သည်။ (မြန်မာပြည်သား) ဖြစ်ရပ် ၂။ ။ မလေးရှားလူကုန်လူးမှုတိုက်ဖျက်ရေးအဖွဲ့သည် ကြံခင်းများထဲမှတရားမ၀င် မြန် မာအလုပ်သမား(၂၆၄)ဦးကို ဖမ်းဆီးထိန်းသိမ်းမိခဲ့ကြောင်း ဘဟားမားသတင်းဌာနက ဖော်ပြ သည်။ (DVB)
ဖြစ်ရပ် ၃။ ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ထိုင်းစစ်သား ၂ ဦးသေဆုံးခ့ ကြောင်း သိရသည်။ (VOA)

No comments:
Post a Comment