ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 7, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

**ဟာသဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် ပါ့ခ်ရှင်ဟေး** 

 ကိုရီးယားမင်းသမီး ပါ့ခ်ရှင်ဟေးသည် ဟာသဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင် မည်ဖြစ်ကြောင်းသူမ၏ အနုပညာရေးရာအေဂျင်စီ4HIM အဆိုအရသိရသည်။4HIM ဇွန် ၁ ရက်က ထုတ်ပြန်ကြေညာချက်တွင် မင်းသမီးပါ့ခ်ရှင်ဟေးသည် December ၂၃ ဟုအမည်ပေးထားသော ဟာသဇာတ်ကားတွင် စိတ်ဝေဒနာရှင်တစ်ဦး၏သမီး ဥပဒေကျောင်းသူတစ်ဦးအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယင်းဇာတ်ကားကို ယခုနှစ်နှောင်းပိုင်းတွင်ဖြန့်ချိပြသရန် စီစဉ်ထားသည်ဟု ဆိုသည်။ဒါရိုက်တာ လီဟာဝန်ကွင်း ရိုက်ကူးမည့် အဆိုပါဇာတ်ကားတွင် ပါ့ခ်ရှင်ဟေးနှင့်အတူ ကိုရီးယားနာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် ဂျန်ဂျင်ယောင်း၊ ဟိုဒါလ်ဆူးနှင့် ကင်မ်ဂျန်တေးတို့လည်းပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ပါ့ခ်ရှင်ဟေးအနေဖြင့် ဤ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန်မရွေးချယ်မီက ပြည်ပအနုပညာလှုပ်ရှားမှုအဖြစ် ဂျပန်နိုင်ငံတွင် ပရိသတ်များနှင့် တွေ့ဆုံခဲ့ပြီး သူပါဝင်သရုပ်ဆောင်ထားသည့် Heartstring ရုပ်သံဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသရန်ကိစ္စများနှင့်ဗျာများခဲ့ရသည်။ပါ့ခ်ရှင်ဟေးသည် ၂ဝဝ၃ ခုနှစ်ကနာမည်ကျော် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်သည့် Stairway Heaven ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်ခဲ့ခြင်းဖြင့် နာမည်ရရေပန်းစားလာသည့် ကိုရီးယားကြယ်တစ်ပွင့်ဖြစ်သည်။ထို့ပြင် ပါ့ခ်ရှင်ဟေးသည် ၂ဝဝ၇နိုင်ငံတကာ အနုပညာရပ်ဝန်းThe Evil Twin ဇာတ်ကား၊၂ဝ၁ဝ ခုနှစ်က Cyrano Agencyဇာတ်ကားနှင့် Green Days ကာတွန်းဇာတ်ကားတွင်လည်း နောက်ခံစကား ပြောသူအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ (အင်တာနက်)

 **ဂျပန်ကွင်းလယ်ကစားသမား ရှင်ဂျီကာဂါဝါမန်ယူနှင့် စာချုပ်ရန် သဘောတူလိုက်ပြီ**
 (မန်ချက်စတာ ၊ ဇွန် ၅ )
ဂျပန်နှင့် ဒေါ့မွန်ကွင်းလယ်ကစားသမား ရှင်ဂျီကာဂါဝါသည် မန်ယူအသင်းနှင့် ပြောင်းရွှေ့ကြေး ပေါင် ၁၂သန်းဖြင့် စာချုပ်ချုပ်ဆိုရေး သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း မန်ယူအသင်းက ဇွန် ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။အသက် (၂၃)နှစ်အရွယ်ရှိ ကာဂါဝါသည် ဆေးစစ်ခြင်းနှင့် ကစားသမားပိုင်းဆိုင်ရာ စစ်ဆေးမှုများပြီးပါက ယခု(ဇွန်လ)ကုန်တွင် မန်ယူအသင်းသို့ တရားဝင်ပြောင်းရွှေ့တော့မည်ဖြစ်သည်။ရှင်ဂျီကာဂါဝါ မန်ယူအသင်းသို့ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ ဒေါ့မွန်အသင်းနှင့်လည်း သဘောတူညီချက်ရရှိခဲ့ကြောင်း မန်ယူအသင်းတာဝန်ရှိသူ များက ဆိုသည်။ရှင်ဂျီကာဂါဝါသည် မန်ယူအသင်းသို့ရောက်ရှိရေးအတွက် အဓိကကျသည့် ဆေးစစ်ခြင်းကိုလည်း ယခုလကုန်တွင်အပြီး သတ်ဆောင်ရွက်မည်ဖြစ်ပြီး မန်ယူနောက်တန်းကစားသမား ရီယိုဖာဒီနန်ကလည်း ကာဂါဝါနှင့် မန်ယူသဘောတူညီမှု ရရှိခဲ့ခြင်းကြောင့် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်ကာဂါဝါ မန်ယူသို့ပြောင်းရွှေ့လာခြင်းကို ကြိုဆိုပါကြောင်းနှင့် မန်ယူသည် ကာဂါဝါအတွက် အောင်မြင်မှုရရှိမည့် အသင်းလည်းဖြစ်ကြောင်း ဖာဒီနန်က ဆိုသည်။ဂျပန်ကွင်းလယ်ကစားသမား ကာဂါဝါသည် ဒေါ့မွန်အသင်းသို့ ၂ဝ၁ဝ ခုနှစ်က ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရာသီဝက်မှာဒဏ်ရာရရှိခဲ့သဖြင့် ပါဝင်ကစားခွင့်မရရှိခဲ့သော်လည်း ၂ဝ၁ဝ-၂ဝ၁၁ ဘောလုံးရာသီတွင် ဒေါ့မွန်အတွက် အကောင်းဆုံးပါဝင် ကစားပေးနိုင်ခဲ့သည်။ကာဂါဝါသည် ၂ဝ၁၁-၂ဝ၁၂ဘောလုံးရာသီတွင် ဂျာမန်ဘွန်ဒက်လီဂါတွင်ပွဲပေါင်း ၃၁ ပွဲပါဝင်ကစားခဲ့ပြီး ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့သည့်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီးမန်ယူအသင်း၏ ကမ်းလှမ်းခဲ့သည့် ပြောင်းရွှေ့ကြေးမှာ ပေါင် ၁၂ သန်းမှ၁၇ သန်းအထိ မြင့်တက်လာဖွယ်ရှိနေကြောင်း ဇွန် ၅ ရက် အားကစားသတင်းတစ်ရပ်က ဖော်ပြထားသည်။ (အင်တာနက်)

**လိုင်လီကွင်းလယ်ကစားသမား ချယ်လ်ဆီးအပြီးသတ်ခေါ်ယူ** 
(လန်ဒန်၊ ဇွန် ၅)
ပြင်သစ်ကလပ် လိုင်လီမှ အသက် ၂၁ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဒီဒန်ဟာဇက်အား ချယ်လ်ဆီး အသင်းက အပြီးသတ်ခေါ်ယူရန် သဘောတူညီလိုက်ပြီဖြစ်သည်။ ဘယ်လ်ဂျီယံကစားသမား ဟာဇက်အား ချယ်လ်ဆီးတွင် ဆေးစစ်ဆေးပြီးသွားပြီဖြစ်သည်။ ၄င်းလူငယ်ကစားသမားကို ချယ်လ်ဆီးက ပေါင် ၃၂ သန်းဖြင့် စာချုပ်ရန် သဘောတူညီလိုက်ခြင်းဖြစ်သည်။ ဟာဇက်သည် ၂၀၁၀-၂၀၁၁ ရာသီအတွင်း လိုင်လီအသင်းနှင့် အတူ လိဂ်ဖလားနှစ်လုံး ဆွတ်ခူးပေးနိုင်ခဲ့သည်။ (အင်တာနက်)  

**ကမ္ဘာကျော် ဂေါက်သီးသမား တိုက်ဂါးဝုဒ် (၇၃) လုံးမြောက် ဖလားဆွတ်ခူး** (အိုဟိုင်းယိုး၊ ဇွန် ၅)
ကမ္ဘာကျော်ဂေါသီးကစားသမား တိုက်ဂါးဝုဒ်သည် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် ဒူဘလင်မြို့၌ ကျင်းပသော ပီဂျီအေမီမိုရယ် ဂေါက်သီးရိုက်အားကစားပြိုင်ပွဲတွင် ဇွန် ၄ ရက်က နောက်ဆုံးလေးကျင်းတွင် ဘာဒီသုံးကြိမ်ရပြီး ဖလားဆွတ်ခူးရရှိသွားခဲ့သည်။ အဆိုပါပီဂျီအေဖလားသည် တိုက်ဂါးဝုဒ်အတွက် (၇၃) လုံးမြောက် ဖလားဖြစ်သည်။ ၄င်းသည် နောက်ဆုံးနေ့က ၆၇ ချက် ရိုက်ပြီး ငါးချက်လျှော့ရိုက်နိုင်ခဲ့သည်။ ၄င်းသည် စုစုပေါင်း ၇၂ ကျင်းတွင် စုစုပေါင်း ၂၇၉ ချက်ရိုက်ပြီး ကိုးချက်လျှော့ရိုက်နိုင်ခဲ့သည်။ တိုက်ဂါးဝုဒ်သည် ယင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် တောင်အာဖရိကမှ ဆက်ဘာတီနီနှင့် အာဂျင်တီနားမှ ရိုမီယိုတို့ထက် နှစ်ချက်အသာရပြီး ဖလားဆွတ်ခူးသွားခဲ့ခြင်ဖြစ်သည်။ ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးကစားသမားဟောင်း တိုက်ဂါးဝုဒ်သည် အဓိကဖလား ၁၄ လုံးဆွတ်ခူးထားပြီဖြစ်သည်။ ဂေါက်သီးသမိုင်းတွင် အဓိကဖလား ၁၈ လုံးအထိ ဆွတ်ခူးထားသည့် နစ်ကလောက်၏စံချိန်ကို အမီလိုက်ရန် ကြိုးစားလျက်ရှိသည်။ (အင်တာနက်) 

 **ဖာဒီနန်ကဲ့သို့သော ဝါရင့် ကစားသမားများ ယူရို ၂ဝ၁၂ အတွက် အင်္ဂလန်အသင်းလိုအပ်ဟုဆို** (လန်ဒန်၊ ဇွန် ၅)
နည်းပြရွိုင်းဟော့ဂ်ဆန်သည် ကမ္ဘာ့ဘောလုံးလောက၏ အတွေ့အကြုံရှိသော အသင်းနည်းပြများ ထဲမှ တစ်ဦးဖြစ်ခဲ့ပါက အင်္ဂလန်အသင်းအတွက်အတွေ့အကြုံရှိသည့် ကစားသမားများကိုဦးစား ပေးခေါ်ယူသင့်ကြောင်းနှင့် ရွိုင်းဟော့ဂ်ဆန်အနေဖြင့်လည်း အင်္ဂလန်အသင်း မန်နေဂျာဖြစ်လာရေး လွယ်လင့်တကူ မျှော်လင့်ထားသူဖြစ်မည်မဟုတ်ကြောင်း အင်္ဂလန်အသင်းပရိသတ်များ၏ ဝေဖန်မှုများကို ဇွန် ၅ရက်တွင် သတင်းဖော်ပြသည်။လက်ရှိအင်္ဂလန်အသင်းတွင် ဖာဒီနန် ပါဝင်ခဲ့ခြင်းမရှိခဲ့သည့်အတွက် ပို၍ပင်အံ့အားသင့်လာခဲ့ကြောင်းနှင့် ပြီးခဲ့သည့်ဘောလုံးရာသီက ပရီမီယာလိဂ်တွင်မန်ယူအသင်းအတွက် ပွဲပေါင်း ၃ဝကစားခဲ့ပြီး အတွေ့အကြုံအရ ရင့်ကျက် သည့် ကစားသမားအဖြစ် သတ်မှတ်ထားကြကြောင်းဆိုသည်။ထို့ပြင် ဂျွန်တယ်ရီသည် ရီယိုဖာဒီနန်၏ ညီတော်စပ်သူ အန်တွန်ဖာဒီနန်နှင့်အချင်းများခဲ့ခြင်းကြောင့် ဂျွန်တယ်ရီကိုအင်္ဂလန်အသင်းတွင် ပါဝင်ကစားခွင့်မပြုဘဲ ရီယိုဖာဒီနန်ကိုသာ ထည့်သွင်းကစားသင့်ကြောင်း အင်္ဂလန်အသင်းပရိသတ် များက ဝေဖန်ထားသည်။ရီယိုဖာဒီနန်နှင့် ဂျွန်တယ်ရီတို့နှစ်ဦးအခန်းတစ်ခန်းတည်းတွင် စကား စစ်ထိုးမှုဖြစ်ပွားခဲ့ပြီးနောက် ရွိုင်းဟော့ဂ်ဆန်က အင်္ဂလန်နောက်တန်းကစားသမားအဖြစ် ဂျွန်တယ်ရီကို ရွေးချယ်ခဲ့ခြင်းမှာ အူကြောင်ကြောင်လုပ်ရပ်ဟုပင်ဆိုကြသည်။ရီယိုဖာဒီနန်ကမူ အင်္ဂလန်အသင်းသည် မိမိအားအလိုရှိခဲ့၍ ကစားရန်သဘောတူခဲ့ကြောင်း၊ သို့သော် မိမိ ပါဝင် ခွင့်မရရှိသော်လည်း ယူရို ၂ဝ၁၂ပြိုင်ပွဲအကြိုဖြစ်သည့် နိုင်ငံတကာခြေစမ်းပွဲများတွင် နိုင်ပွဲများရရှိခဲ့သည့်အတွက် ဝမ်းမြောက်မိသည်ဟု ဖာဒီနန်က ဆိုခဲ့ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)