-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဂျပန်နိုင်ငံနိုင်ငံတောင်ပိုင်းကမ်းခြေတွင် ကြယ်ငါးအကောင်ရေ ၈၀၀ ကျော်တွေ့ရှိ**
**လေယာဉ်ထက်မြန်သောရထား ထုတ်လုပ်မည်** (နယူးယောက်၊ ဇွန် ၅)
ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံအကြား လေယာဉ်တစ်စင်း၏ ပျံသန်းမှု နှုန်းထက် ပိုမိုလျင်မြန်သောနှုန်းဖြင့် မောင်းနှင်နိုင်သော မြန်နှုန်းမြင့်ရထားအမျိုးအစားကို ထုတ်လုပ်ရန်စီစဉ်လျက်ရှိကြောင်း ဇွန် ၅ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ဗြိတိန်နိုင်ငံလန်ဒန်မြို့အကြား ယခင်က အချိန်နှစ်နာရီခန့်ကြာ ရထားမောင်းနှင်မှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ၄င်းရထားဖြင့်နယူးယောက် လန်ဒန်မြို့သို့တစ်နာရီခန့်သာ မောင်းနှင်မည်ဖြစ်သည်။ ယင်းရထားကို တစ်နာရီမိုင် ၂၅၀၀ နှုန်းအထိ မောင်းနှင်နိုင်ရန် တည်ဆောက်မည်ဖြစ်ပြီး အသံထက်မြန်သော လေယာဉ်တည်ဆောက်မှုများကို အခြေခံကာ တည်ဆောက်မည်ဖြစ်သည်။ ၄င်းရထားသည် ဥရောပနှင့် မြောက်အမေရိကန်နိုင်ငံများ၏ ခရီးစဉ်အစအဆုံးအတွက် စုစုပေါင်း လေးနာရီခန့်သာ ကြာမည်ဖြစ်ရာ ဥရောပနှင့်မြောက်အမေရိကန်နိုင်ငံများမှ ခရီးသည်များအတွက် လိုရာခရီးကိုအချိန်တိုအတွင်း ရောက်ရှိစေမည်ဖြစ်သည်။ ယင်းရထားတည်ဆောက်မှုကို အမေရိကန်နှင့် တရုတ်ပညာရှင်များအဖွဲ့က ဆောင်ရွက်မည်ဖြစ်ပြီး လာမည့် ၁၀ နှစ်အတွင်းတည်ဆောက်ပြီးစီးရေးအကောင်အထည်ဖော်သွားမည် သည်။ (အင်တာနက်)
**တရုတ်စက်မှုကုမ္ပဏီတစ်ခုက ကမ္ဘာ့အကြီးဆုံးမြေတူးစက်ထုတ်လုပ်** တရုတ်နိုင်ငံမြောက်ပိုင်း ကျောက်မီးသွေးအလျှံပယ်ထွက်သည့် ရှန်ဇီပြည်နယ်ရှိ အကြီးစားစက်မှုထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ကမ္ဘာ့အကြီးဆုံး မြေတူးစက်တစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ၄င်းကုမ္ပဏီမှ တာဝန်ရှိသူများက ဇွန် ၅ ရက်တွင် ပြောကြားသည်။ WK-75 အမည်ရှိ အဆိုပါမိုင်းတွင်းတူးဖော်စက်ကြီးသည် ၂၃.၅ မီတာရှည်လျားပြီး အလေးချိန် တန် ၂၀၀၀ ရှိကာ တစ်နာရီလျှင် ကျောက်မီးသွေးတန်ပေါင်း ၁၂၀၀၀ တူးဖော်နိုင်ကြောင်း တိုင်ယွမ်အကြီးစားစက်မှု လုပ်ငန်းအုပ်စုကုမ္ပဏီ ဥက္ကဌ၀မ်ချောင်မင်းက ပြောကြားခဲ့သည်။ ယင်းမြေတူးစက်သည် ဘတ်စကက်ကွင်းအရွယ်အစားမှုရှိပြီး ကမ္ဘာ့အဆင့်မြင့်ဆုံး အီလက်ထရွန်းနစ်ပစ္စည်းများနှင့် စောင့်ကြည့်စစ်ဆေးရေးစနစ်များကို တပ်ဆင်ထားကြောင်း ၀မ်ချောင်မင်းက ဆက်လက်ပြောကြားခဲ့သည်။ (အင်တာနက်)
**ရှေးဦးလူတူပရိုင်းမိတ်များ အာရှ၌ စတင်ဖြစ်ပေါ်၍ အာဖရိကသို့ ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံ၌ အသစ်တူးဖော်တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းက သက်သေပြနိုင်**
(ဆစ်ဒနီ၊ဇွန်၅) မြန်မာနိုင်ငံ၌ တွေ့ရှိခဲ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းမှာမြေကြွက်အရွယ်ရှိ မျောက်နှင့်သဏ္ဌာန်တူသည့် သတ္တဝါတစ်ကောင်၏ သွားများဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၃၇ သန်းရှိပြီဖြစ်သည်။ Afrasia djijidae ဟုခေါ်သော အဆိုပါ ပရိုင်းမိတ်ရုပ်ကြွင်းသစ်သည် အာဖရိကတိုက် လစ်ဗျားနိုင်ငံဆာဟာရသဲကန္တာရအတွင်းမှ ယခင်တူးဖော်တွေ့ရှိခဲ့ပြီးဖြစ်သည့် အက်ဖရိုတားစီးယပ်စ်လစ်ဘီးကပ်စ်(AfrotarsiusLibycus)အမည်ရှိလူတူပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းနှင့် နီးစပ်စွာ တူညီမှုရှိကြောင်း သိရသည်။ရှေးဦးလူတူပရိုင်းမိတ်များသည် အာရှတိုက်၌ စတင်ဆင့်ကဲဖြစ်ပေါ်၍ နောင်သော်မှ အာဖရိကတိုက်သို့ရွှေ့ပြောင်းဝင်ရောက်သည်ဟူသောအချက်ကို Afrasia djijidae ကျောက်ဖြစ်ရုပ်ကြွင်းအား အခြေခံ၍ သက်သေပြနိုင်ဖွယ်ရှိကြောင်းပြင်သစ်နိုင်ငံ ပွန်တီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးကပြောကြားခဲ့သည်။သို့ရာတွင် သိပ္ပံပညာရှင်များက အဖြေရခက်နေသည့်မေးခွန်းတစ်ခုမှာ မြေကြွက်အရွယ် မျောက်ပုံစံ ပရိုင်းမိတ်များသည် ယနေ့ခေတ် အတ္တလန္တိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့အား ဆက်စပ်ပေးခဲ့သော Tethys ခေါ် ရှေးခေတ်ပင်လယ် ကြီးကို ဖြတ်သန်း၍ အာဖရိကတိုက်သို့ မည်သို့ပြောင်းရွှေ့ဝင်ရောက်ခဲ့သည်ဟူသည့် အချက်ဖြစ်ကြောင်း သိရသည်။Afrasia djijidea ပရိုင်းမိတ်များသည် ယနေ့ခေတ်မြေထဲပင်လယ်ထက် ပိုမိုကြီးမားသော Tethys ပင်လယ်ကိုဖြတ်၍ မဟာခရီးရှည်ကြီးနှင်ကာ အာဖရိကတိုက်သို့ ရောက်ရှိခဲ့ ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။Afrasia djijidae ပရိုင်းမိတ်များသည် အပူပိုင်းဒေသရာသီဥတုမျိုးရှိသော အာဖရိကတိုက်၌ မျောက်၊ မျောက်ဝံနှင့်လူသားများအဖြစ် အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်နိုင်ခဲ့ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက သုံးသပ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment