ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 27, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**၁၅ ကြိမ်မြေက် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော် ဆုများချီးမြှင့် ၊မင်းသားဗက်ဒိုနက်စ်နှင့် မင်းသမီးပရန်နီဒါတို့ ဆုများရရှိ**
(ရှန်ဟိုင်း၊ ဇွန် ၂၅) (၁၅)ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဇွန် ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့ပြီးနောက် အကောင်းဆုံးဆုများကို ဇွန် ၂၄ ရက်က ရွေးချယ်ချီးမြှင့်လိုက်ပြီဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်သို့ ပြညတွင်းပြည်မှ ရုပ်ရှင်ကားပေါင်း ၃၀၀ ကျော်ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်းရုပ်ရှင်ကားများအနက် ဆန်ဒါတင်ရုပ်ရှင်ဇာတ်ကား၃၃ ကားကို ရွေးချယ်ပြီးနောက် ယင်းဇာတ်ကာများမှာ အကောင်းဆုံးဆုများကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ယခုရုပ်ရှင်ပွဲတော်၌ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို အီရန်ရုပ်ရှင်ကား The Bear က ရရှိခဲ့သည်။ ယင်းဇာတ်ကားကို ဒါရိုက်တာ ခိုစရောမာ ဆိုမီက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဒါရိုက်တာ ခိုစရောမာဆိုမီသည် ၂၀၀၄ ခုနှစ် ကျင်းပခဲ့သော ရှန်ဟိုင်း နိုင်ငံတကာရုပ်ရှင်ပွဲတော်၌လည်း အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ဖူးသူဖြစ်သည်။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို The Conductor ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုရှားရုပ်ရှင်မင်းသားဗလာဒက်စ်ဗက်ဒိုနက်စ်က ဆွတ်ခူးရရှိခဲ့သည်။ ယင်းဇာတ်ကားတွင် ရုပ်ရှင်မင်းသားဗလာဒကစ်ဗက်ဒိုနက်စ်သည် ဇာတ်လမ်းဇာတ်ရုပ်နှင့် လိုက်ဖက်အောင် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို The Dream of Lu ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်မင်းသမီး ယာဆူလာပရန်နီဒါက ထူးထူးခြားခြားသရုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ရွေးချယ်ချီးမြှင့်ခဲ့ရခြင်းဖြစ်သည်။ တစ်ဖန် အကောင်းဆုံးဒါရိုက်တာဆုကို Detective Hunter Zhang ဇာတ်ကားရိုက်ကူးခဲ့သည့် တရုတ်ဒါရိုက်တာ ဂေါင်ကျန်ရှုက ဆွတ်ခူးရရှိခဲ့သည်။ ဒါရိုက်တာဂေါင်ကျန်ရှုသည် ယင်းရုပ်ရှင်ကား၌ ကောင်းမွန်သည့်အတွက်ကြောင့် ဆုရွေးချယ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**ရုပ်ရှင်မင်းသမီး ခရစ္စတင်းစတီးဝပ်တစ်နှစ်တာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဖြစ်လာ**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၅) ကမ္ဘာကျော် ဖောဘတ်မဂ္ဂဇင်းက စာရင်းပြုစုထုတ်ပြန်တဲ့ သတင်းအရ ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ခရစ္စတင်းစတီးဝပ်ဟာ ၀င်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသမီးအဖြစ် ဖော်ပြခြင်းခံရပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေတဲ့ ရုပ်ရှင်မင်းသမီးစတီးဝပ်ဟာ ၂၀၁၁ ခုနှစ် မေလမှ ၂၀၁၂ ခုနှစ် မေလအထိ သူမရဲ့ အနုပညာလုပ်ငန်းတွေမှ ၀င်ငွေက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄.၅ သန်းရရှိခဲ့တာမို့ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ (အင်တာနက်)

 -ဘောလုံးလောကသတင်းတိုများ- 
 ရီးယဲလ်မက်ဒရစ်အသင်းမှ စပိန်ကြယ်ပွင့် ဇာဗီအလွန်ဆိုသည် ပြင်သစ် အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ယူရို ၂ဝ၁၂ ကွာတားဖိုင်နယ်တွင် အကောင်းဆုံး ခြေစွမ်းပြခဲ့သူဖြစ်ရာ စီးရီးအေကလပ် အေစီမီလန်အသင်းက ၄င်းအားခေါ်ယူရန် ချဉ်းကပ်လာခဲ့သည်။ ထို့ကြောင့် ဇာဗီအလွန်ဆိုအား မဆုံးရှုံးလို၍ အေစီမီလန်၏ ကမ်းလှမ်းမှုကို ရီးယဲလ်နည်းပြ မော်ရင်ဟိုက ပယ်ဖျက်ခဲ့သည်ဟု ဆိုသည်။ 
 အီတလီအသင်းနည်းပြ ပရန်ဒယ်လီသည် ယူရို ၂ဝ၁၂ ကွာတားဖိုင်နယ်တွင် အီတလီအသင်းက အင်္ဂလန်အသင်းအပေါ် ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး နောက် ဆီမီးဖိုင်နယ်တွင် အောင်မြင်မှုမျှော်လင့်ချက် ရှိနေသေးကြောင်း ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 
 ဂျာမနီအသင်းသည် ဇွန် ၂၈ရက်(ကြာသပတေးနေ့)တွင် ယှဉ်ပြိုင်မည့် ယူရို ၂ဝ၁၂ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်ခြင်းကြောင့် အသင်း၏ အားထားရသည့် ကွင်းလယ်ကစားသမား ချဝီစတိန်းဂါးသည် ခြေချင်းဝတ် ဒဏ်ရာရရှိထားသော်လည်း ပွဲချိန်ပြည့်မဟုတ်သော်မှ ပါဝင်ကစားနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
  လီဗာပူးအသင်းသည် အသင်း၏ အားထားရသည့် ကစားသမားတစ်ဦးဖြစ် သည့် မာတင်စကာတယ်အား ယခုနွေရာသီတွင် ရောင်းချရန်ပြင်ဆင်လျက်ရှိရာ မန်စီးတီး အသင်းက ၄င်းအား ခေါ်ယူရန် ပေါင်သန်း ၂ဝ ဖြင့် ကမ်းလှမ်းထားပြီး အပြောင်း အရွှေ့ဈေးကွက်မပိတ်မီ အပြီးသတ်ခေါ်ယူမည်ဟု မန်စီးတီးအသင်းနည်းပြ မန်စီနီက ဆုံးဖြတ်ထားသည်ဟု ဆိုသည်။
  ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ၃၆ ပွဲကစားပြီး ၂၁ ဂိုးသွင်းယူပေးနိုင်ခဲ့သည့် မောင့်ပယ်လီယာအသင်းမှ ပြင်သစ်တိုက်စစ်မှူး အိုလီဗာဂီရောက်သည် ယခုသီတင်းပတ် အတွင်း အာဆင်နယ်အသင်းနှင့် ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းဖြင့် ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုရန် သဘောတူထားပြီးဖြစ်ကြောင်း အိုလီဗာဂီရောက်က ပြောကြား ခဲ့သည်။
  စီးရီးအေကလပ်ဂျူဗင်တပ်အသင်းသည် လီဗာပူးတိုက်စစ်မှူး လူးဝစ်ဆွာရက် အား ခေါ်ယူရန်အတွက် ယူရိုငွေ ၁၈ သန်းအပြင် ဂျူဗင်တပ်အသင်းမှ မီလော့ကရာ ဆစ်ကိုပါ အလိုက်ပေး၍ စာချုပ်ချုပ်ဆိုမည်ဟု ဂျူဗင်တပ်အသင်းတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်ွးှကအအသျစသမအ က သတင်းဖော်ပြသည်။
  ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ဘီဘာအိုအသင်းမှ ကွင်းလယ် ကစားသမား ဂျာဗီမာတီနက်ဇ်အား တစ်နှစ်ပေါင် ခုနစ်သန်းဖြင့် စာချုပ်ရန် ကမ်းလှမ်း ထားပြီဖြစ်သောကြောင့် ၄င်းအား ဒီထက်ပို၍ ဈေးပေးရန် ဆန္ဒမရှိကြောင်း ဘိုင်ယန် မြူးနစ်အသင်းကဆိုသည်။ (အင်တာနက်) 

- **ကမ္ဘာကျော် တင်းနစ်သမားများ ပါဝင်သည့် ၀င်ဘယ်ဒန်ဖလားတင်းနစ်ပြိုင်ပွဲစတင်** 
(လန်ဒန်၊ ဇွန် ၂၅) ကမ္ဘာ့ထိပ်သီးတင်းနစ်အကျော်အမော်များ ပါဝင်ယှဉ်ပြိုင်မည့် ၀င်ဘယ်ဒန်ဖလားတင်းနစ်ပြိုင်ပွဲ ကြီးကို ဇွန် ၂၅ ရက်မှစပြီး ဇူလိုင် ၈ ရက်အထိ အင်္ဂလန်နိုင်ငံအောအင်္ဂလန်ကလပ်၌ စတင်ကစားနေပြီဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ဆားဘီးယားတင်းနစ်ကစား သမား ဂျိုကိုဗစ်ဖြစ်သည်။ ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒဲရားက ၀င်ဘယ်ဒန်ဖလားကို ခြောက်ကြိမ်တိုင် ဆွတ်ခူးထားသည်။ စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်သည် ၄င်းဖလားကို နှစ်ကြိမ်တိုင် ဆွတ်ခူးထားသည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - နိုင်လင်းကြည်- မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)