ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 27, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**မိခင်ဝမ်းအတွင်းမှ သန္ဓေသား၏အသားပိုအားကမ္ဘာ့ပထမဆုံးခွဲစိတ်ကုသမှုအောင်မြင်ခဲ့**

 အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ဆေးရုံတွင် မိခင်တစ်ဦး၏ ၀မ်းမတွင်းရှိ သန္ဓေသား၏ပါးစပ်အတွင်းမှ အသားပိုသစ်ခုကို ဆရာဝန်များက အောင်မြင်စွာခွဲစိတ်ကုသဖယ်ရုားပေးနိုင်ခဲ့ရာ ကမ္ဘာ့ပထမဆုံးခွဲစိတ်ကုသမှုပင်ဖြစ်ကြောင်း ဇွန် ၂၄ ရက်ကအင်တာနက်သတင်းတွင် ဖော်ပြသည်။ဝမ်းဗိုက်အတွင်းသီတင်းပတ် ၁၇ ပတ်အကြာ စူးစမ်းမှုများပြုလုပ်ပြီးနောက် သူမကလေးငယ်၏ပါးစပ်Y၌ ပူစီဖောင်းကဲ့သို့အသားပိုတစ်ခုကို တွေ့မြင်ခဲ့ရကြောင်းမိခင်ဖြစ်သူ တန်မီဂွန်ဇာလက်ဇ် (Tammy Gonzalez) က အမေရိကန်ဆေးဂျာနယ်တစ်စောင်သို့ ပြောကြားခဲ့သည်။အဆိုပါ အကျိတ်ဖုသည် ပါစပ်နှင့်ခံတွင်းပိုင်းတွင်အလွန်ဖြစ်ခဲသော အသားပိုအကျိတ်အဖုတစ်ခုဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့်သူမ၏ကလေးမှာ အသက်ရှင်နိုင်သေးကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။ထို့ကြောင့် ကလေးငယ်၏အသားပိုအား ခွဲစိတ်ရန် ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက်ငါးလကြာသည့်အခါ လီနာအမည်ရှိ မိန်းကလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်။အဆိုပါ အသားပိုအမျိုးအစားသည် အလွန့်အလွန်ရှားပါးကြောင်း ဆေးရုံ၌ အနှစ် ၂၀ လျှင် တစ်ကြိမ်သာ ကြုံတွေ့ရကြောင်း ဖလော်ရီဒါပြည်နယ်ရှိ ဂျက်စန်မီမီုရီရယ်ဆေးရုံးမှ ဆရာဝန်များက ထုတ်ဖော်ပြောကြားခဲ့သည်။လီနာလေး၏နှုတ်ခမ်းဖျားမှ အဆိုပါအသားပိုအား ဖြတ်တောက်ရန်အတွက် လေဆာစံနစ်ကို အသုံးပြုခဲ့ရြ့ပီး တစ်နာရီကြမှ ခွဲစိတ်ကုသမှုကို ပြုလုပ်ခဲ့ရသည်ဟုဆိုသည်။မိခင်ဂွန်ဇာလက်ဇ်သည် လီနာလေးကို ၂၀၁၀ အောက်တိုဘာလအတွင်းကမွေးဖွားခဲ့ပြီး ကလေး၏အလေးချိန်မှာ ၈ ပေါင်နှင့် ၁ အောင်စရှိခဲ့သည်။ယခုအခါလီနာလေးသည် လ ၂၀ အရွယ်ရှိကာ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပြီး သူမ၏နှုခမ်းပေါ်တွင် အမာရွက်ဒဏ်ရာငယ်တစ်ခုသာ ထင်ကျန်နေခဲ့သည်။ (ဆင်ပွာာ)

 **ထိုင်းနိုင်ငံသုဝဏ္ဏဘုမ္မိလေဆိပ် ရေဒါစနစ်ချွတ်ယွင်းမှုကြောင့် လေယာဉ်များလွှဲပြောင်းဆင်းသက်ခဲ့ရ**
 (ဗန်ကောက်၊ ဇွန် ၂၅) ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်နိုင်ငံတကာလေဆိပ်တွင် ဇွန် ၂၄ ရက်က ရေဒါစနစ်ချွတ်ယွင်းမှုကြောင့် နိုင်ငံတကာမှ ပျံသန်းလာသော လေယာဉ်အစင်း ၅၀ ကျော်တို့ဆင်းသက်၍မရဘဲ ထိုင်းနိုင်ငံရှိ အခြားလေဆိပ်များနှင့် အိမ်နီးချင်းနိုင်ငံ လေဆိပ်အချို့သို့ ဆင်းသက်ခဲ့ရကြောင်း ထိုင်းလေကြောင်း အရာရှိများက ဇွန် ၂၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ အာရှတွင် အချက်အချာကျသည့် လေဆိပ်တစ်ခုဖြစ်သော သုမဏ္ဏဘုမ္မိလေဆိပ်တွင် တပ်ဆင်ထားသည့် လေယာဉ်အဆင်းအတက် ထိန်းချုပ်အချက်ပြစနစ်ပါဝင်သော ရေဒါမှာမိနစ် ၇၀ ကျော်ကြာမျှ ချွတ်ယွင်းသွားခဲ့ရာ လေယာဉ်များဘေးကင်းစွာ ဆင်းသက်၌ မရဘဲ ဖြစ်ခဲ့သည်။ ထိုသို့ ရေဒါနစ်ချွတ်ယွင်းမှု ကြောင့် နိုင်ငံတကာမှ ပျံသန်းလာသော လေယာဉ်အစင်း ၅၀ ကျော်မှာထိုင်းနိုင်ငံရှိ ချင်းမိုင်လေဆိပ်နှင့် ဖူးခက်လေဆိပ်တို့ကို လွှဲပြောင်းဆင်းသက်ခဲ့ရသည့်အပြင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်နှင့် ကမ္ဘာဒီယားနိုင်ငံ ဆိမ်းရစ်လေဆိပ်များသို့ လွှဲပြောင်းဆင်းသက်ခဲ့ရ သည်။ အဆိုပါရေဒါစနစ်ချွတ်ယွင်းမှုအပေါ် စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံပို့ဆောင်ရေးဝန်ကြီး ချာယူပွန်ရန်စူဝမ်က ပြောကြားထားသည်။ (အင်တာနက်)

**ခရိုအေးရှားနိုင်ငံ၌ ဘတ်စ်ကားတိမ်းမှောက် ချက်နိုင်ငံသားရှစ်ဦးသေဆုံး** (ပရာဟာ၊ ဇွန် ၂၅) အာရပ်အပန်းဖြေရီးထွက်လာကြသည့် ချက်နိုင်ငံသားများကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ခရိုအေးရှားနိုင်ငံ၌ ဇွန် ၂၄ ရက်က တိမ်းမှောက်ရာတွင် သေဆုံးသူဦးရေ ရှစ်ဦးအထိတိုးလာကြောင်း ချက်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ ကာရဲစရိုက ပြောကြားသည်။ ကားမှောက်သဖြင့် လူ ၄၀ ကျော်ဒဏ်ရာရသွားကြောင်း၊ ဘတ်စ်ကားကို အက်တလက်ဒေဒရီယာခရီးသွားလုပ်ငန်းအေဂျင်စီက စင်းလုံးငှားထားခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ ခရိုအေးရှားနိုင်ငံ၌ ဇွန် ၂၄ ရက်က ကားမှောက်ချိန်တွင် ကားပေါ်၌ နွေရာသီအားလပ်ရက်အပန်းဖြေရန် ချက်သမ္မတနိုင်ငံမှ ခရီးသည် ၅၁ ဦးလိုက်ပါလာသည်ဟုဆိုသည်။ (အင်တာနက်)

 **မလေးရှားနိုင်ငံတီအိုမင်ကျွန်းကမ်းလွန်ရေအောက်၌ ခြောက်ဦးပါသုတေသနရေငုပ်သမားအဖွဲ့
 ပျောက်ဆုံး**
 (စင်ကာပူ၊ ဇွန် ၂၅) အဆိုပါ ရေငုပ်သမားခြောက်ဦးမှာ စင်ကာပူနိုင်ငံမှတစ်ဦး၊ တရုတ်နိုင်ငံမှတစ်ဦးနှင့် မလေးရှားနိုင်ငံမှ လေးဦးတို့ဖြစ်ကြသည်။ ၄င်းတို့သည် ရေငုပ်ဝတ်စုံများဝတ်ဆင်ကာတီအိုမင်ကျွန်းကမ်းလွန်ပင်လယ်ကြမ်းပြင်၌ သန္တာကောင်များနှင့်ရေအောက်ရှားပါးအပင်များကို ရှာဖွေသုတေသနပြုရန် ဇွန် ၂၃ ရက် နံနက်က ဆင်းသက်ခဲ့ကြခြင်းဖြစ်သည်။ ၄င်းအဖွဲ့တွင် အမျိုးသမီးနှစ်ဦးပါဝင်ပြီး အသက် ၂၅ နှစ်မှ ၃၃ နှစ်အရွယ် များဖြစ်ကာ မလေးရှားနိုင်ငံအရှေ့ပိုင်းတီအိုမင်ကျွန်းကမ်းလွန်ရေပြင်၏ ရေအောက်သို့ ဆင်းသက်သွားပြီးနောက် အဆက်အသွယ်မရဘဲ ရေပြင်သို့ ပြန်လည်မပေါ်လာတော့ ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှနေ၌၍ ပျောက်ဆုံးနေသော စင်ကာပူ နိုင်ငံသားတစ်ဦး၏ မိသားစုထံသို့ အကြောင်းကြားထားပြီး တီအိုမင်ကျွန်းသို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကို စေလွှတ်ထားပြီးဖြစ်သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)