ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 27, 2012

>
-ဦးသိန်းစိန် က ဒီလိုတော့ ပြောတာဘဲ-

**အလုပ်လက်မဲ့ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ အလုပ်သမား များအတွက်ခိုင်မာသော လူမှုဖူလုံရေးစောင့်ရှောက်မှုများရရှိရေးအတွက် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေလူမှုအကာအကွယ်အစောင့် အရှောက်တိုး ချဲ့ ဆောင်ရွက်ရာတွင် ဥပဒေအကြောင်းအရာ အခိုင်အမာအထောက် အကူပေးရန်လိုနိုင်ငံ၏ အခြေအနေမှန်ကို ထင်ဟပ်နိုင်သော ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ အကြံပြုချက်များပေါ်ထွက်လာရန် မျှော်လင့်ဟု ဦးသိန်းစိန်ပြောကြား** (၂၆-၆-၂၀၁၂ )
 ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ် Grand Ball Room ၌ကျင်းပသည့် လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကော်မတီဝင်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UNICEF (မြန်မာ) မှ ကိုယ်စားလှယ်များ၊နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဆွေးနွေးပွဲသည် အမျိုးသားအဆင့်ကျင်းပသော ညီလာခံတစ်ခုဖြစ်ပါကြောင်း၊ ဤညီလာခံမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင် ပြောင်းလဲရေးမဟာဗျူဟာနှင့် တစ်ဆက်တစ်စပ်တည်း ဆက်စပ်ဆောင်ရွက်နိုင်မည့် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားပါကြောင်း။လူမှုရေးကာကွယ် စောင့်ရှောက်မှု Social Protection ဆိုသည့် စကားရပ်သည် ကျယ်ပြန့်လှ သကဲ့သို့အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆိုသည်မှာလည်း မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် ကြီးမားလှသည့် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ လူမှုရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာမဟာဗျူဟာမူဘောငf(Social Protection Strategy Framework) ကို ရေးဆွဲဆောင်ရွက်သည့်နေရာတွင်ကဏ္ဍစုံဖြစ်ရန် လိုအပ်သကဲ့သို့ အားလုံးပါဝင်ဆောင်ရွက်နိုင်ရန်လည်း အရေးကြီးပါကြောင်း၊ ထို့ပြင် မိမိတို့အစိုးရအဖွဲ့က ဆောင်ရွက်နေသော အမျိုးသား လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများနှင့်လည်း အံဝင်ခွင်ကျဖြစ်ရန်လိုအပ်ပါကြောင်း၊ ကလေးသူငယ်များ၊ အားနည်းသူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် မသန်မစွမ်း သူများအတွက် လူမှုအကာအကွယ်စီမံကိန်းများအပါအဝင် အလွှာစုံ၊ ကဏ္ဍစုံလိုအပ်ချက်များ ကို အခြေခံပြီး မြန်မာ့လူမှုရေးကာကွယ်စောင့်ရှောက်မှုစနစ် (Myanmar Social Protection System)ကို ဖော်ထုတ်ရေးဆွဲကြရမည်ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ ပရဟိတအဖွဲ့အစည်းများ စသည့် အဖွဲ့အစည်း များ၏ ထောက်ပံ့ကူညီမှုများသည်လည်း လူမှုအကာအကွယ်ခြုံလွှမ်းနိုင်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း။လူတန်းစားကွာဟချက်ရှိနေသေးသကဲ့သို့ ဝင်ငွေဖြန့်ခွဲမှုမညီမမျှရှိနေဆဲဖြစ်သောမိမိတို့နိုင်ငံ၌ ထိုသို့မညီမျှမှုများကြောင့် အားနည်းသူပြည်သူများအတွက် အခက်အခဲဖြစ်နေခဲ့ခြင်းဖြစ်ပါကြောင်း၊ လူမှုအကာအကွယ် ကွန်ရက်ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်ကြသည့်နေရာတွင် နိုင်ငံအသီးသီးအနေဖြင့် ပကတိအခြေအနေမှန်ပေါ် မူတည်ပြီးမူဝါဒချမှတ်မှု အမျိုးမျိုးကွဲပြားနေသော်လည်း ဦးတည်ချက်များမှာ တူညီကြပါကြောင်း၊မိမိတို့နိုင်ငံတွင် ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများသည် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သည့်အတွက် လူမှု-စီးပွားရေးအခြေအနေများသည်လည်း မြို့ပြဒေသများနှင့်နှိုင်းယှဉ်လျှင် နိမ့်ကျနေသည်ကို တွေ့ရပါကြောင်း၊ ဒေသဖွံ့ဖြိုးမှုကွာခြားချက်များသည်လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံများနှင့် စီးပွားရေးအခွင့်အလမ်းများအပေါ်မူတည်ပြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါကြောင်း။မိမိတို့အစိုးရအဖွဲ့အနေဖြင့်
 နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ရသည့်အချိန်တွင် ပထမဦးဆုံးအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးမဟာဗျူဟာရေးဆွဲခဲ့ပြီး ထိုမဟာဗျူဟာအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းထားသည်ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြင့်မားနေဆဲဖြစ်ပြီး ဝင်ငွေနည်းသောပြည်သူများ၏ လူမှု-စီးပွားဘက်စုံတိုးတက်လာရေးသည် မိမိတို့အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းတာဝန်တစ်ရပ်ပင်ဖြစ်ပါကြောင်း၊ မိုက်ခရိုအဆင့် လူမှု-စီးပွားရေးတိုးတက်မြင့်မားရေးဆိုရာတွင်လည်း မိုက်ခရိုစီးပွားရေးတည်ငြိမ်ကောင်းမွန်ရေးနှင့် ဆက်စပ်နေသည့်အတွက် ဒုတိယဦးစားပေးအနေဖြင့် မိုက်ခရိုစီးပွားရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာကို ဆက်လက်ဖော်ဆောင်ခဲ့ပါကြောင်း။ပြည်သူတစ်ဦး၏ အခြေခံလိုအပ်ချက်သည် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိစေရန်ဖြစ်သကဲ့သို့ လုံခြုံစိတ်ချရသော ဝင်ငွေ၊ တစ်နည်းအားဖြင့်အလုပ်အကိုင်ရရှိရန် ဖြစ်ပါကြောင်း၊ ယင်းအခွင့်အလမ်းရရှိစေရေးအတွက် ပညာသင်ကြားခွင့်၊ လူမှုအစောင့်အရှောက် အရိပ်အာဝါသကို ခိုလှုံနိုင်ခွင့်စသည့် အခွင့်အရေးများရရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့လက်ထက်တွင်အလုပ်သမားအခွင့်အရေးများ၊ တောင်သူလယ်သမားအခွင့်အရေးများ တိုးတက်ရရှိစေရန်လိုအပ်သော ဥပဒေများ အသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ချက်ဖြင့် ပြဋ္ဌာန်းခြင်း၊ခေတ်ကာလနှင့် မလျော်ညီသော ဥပဒေများကို ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်နေသကဲ့သို့ ကျေးလက်နေ ဝင်ငွေနည်းပြည်သူများအတွက် ယူနီဗာဆယ်ကျန်းမာရေးအာမခံစနစ် ထူထောင်နိုင်ရန်လည်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်စေခဲ့ပါကြောင်း၊ အလုပ်သမားများအတွက် ရသင့်ရထိုက်သည့် အခြေခံလူမှုဖူလုံရေးများ ရရှိခံစားနိုင် စေရေးနှင့် အနိမ့်ဆုံးလစာနှုန်းထား သတ်မှတ်နိုင်ရေးအတွက်ကိုလည်း ဥပဒေပြဋ္ဌာန်း ရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။ဂျီဒီပီကိန်းဂဏန်းတိုးတက်မှုသာမက ပြည်သူများရှင်သန်နေထိုင်နိုင်မည့် လူမှုပတ်ဝန်းကျင်ကိုပါ တိုးတက်မှုများဖြစ်ပေါ်လာစေရန် မိမိတို့၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာဒုတိယအဆင့် (Second Wave Reform Strategy) ကို အကောင်အထည်ဖော်မည့်နည်းလမ်းများ အသေးစိတ်ချပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သည့်နေရာတွင် ယခုကဲ့သို့ လူမှုအကာအကွယ် အစောင့်အရှောက်များကို အားဖြည့်ပံ့ပိုးပေးခြင်းအားဖြင့် ညီညွတ်မျှတပြီး သဟဇာတဖြစ်သည့်မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို မိမိတို့ ဝိုင်းဝန်းတည်ဆောက်နိုင်မည်ဟု ယုံကြည်ထားကြောင်း။သို့သော် ယင်းတာဝန်ကြီးသည် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက်ကြီးလေးသောတာဝန်ကြီးတစ်ရပ်ဖြစ်နေသည်ဆိုသည်ကိုလည်း ပွင့်ပွင့်လင်းလင်းပင်ပြောကြားလိုပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှု အများကြီး လိုအပ်ပါကြောင်း၊ အင်နှင့် အားနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်မှသာ မိမိတို့မျှော်မှန်းသော ကဏ္ဍစုံတွင် အားလုံးပါဝင်နိုင်သော ကဏ္ဍစုံတွင် အားလုံးပါဝင်နိုင်သော ကဏ္ဍစုံတွင် မြန်မာ့လူမှုရေးကာကွယ်စောင့်ရှောက်မှုစနစ် (Integrated and All Inclusive Myanmar Social Protection System) ကို ခိုင်ခိုင်မာမာ ထူထောင်တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါ ကြောင်း၊ အားနည်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအတွက် လိုအပ်နေ သည့် ကွက်လပ်များ ဖြည့်ပေးကြပါ၊ သူတို့၏ရှင်သန်နေထိုင်မှု ဘဝအဓိပ္ပာယ်များ ပြည့်ဝလာအောင်၊ အလုပ်လက်မဲ့ ပြည်သူများ၊ ဝင်ငွေနိမ့်ပြည်သူများအတွက် မျှော်လင့် ချက်များ ရှင်သန်လာအောင် ကူညီပေးကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း။ မိမိတို့ပြည်သူများသည်လည်း ကမ္ဘာ့မိသားစုကြီးထဲက ကမ္ဘာ့ပြည်သူများဖြစ် သကဲ့သို့ ယင်းအထဲမှာ ပါဝင်သော မသန်မစွမ်းသူများ၊ အာဟာရမပြည့်ဝသည့် ကလေးသူငယ်များ၊ ဆေးဝါးလိုအပ်ချက်ရှိနေသော အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များနှင့် အလုပ်လက်မဲ့ လူငယ်များသည်လည်း အခြားနိုင်ငံမှ နိုင်ငံသားများ ကဲ့သို့ ကမ္ဘာ့ပြည်သူများဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ လူမှုအကာအကွယ်လိုအပ်ချက်များ အများကြီးရှိနေပါကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လျစ်လျူရှုခြင်းနှင့် အခွင့်အရေးများ ပိတ်ပင်တားမြစ်ခြင်းတို့ကို ခံကြရပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့သည် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိတ်ခေါ် ကမ်းလှမ်းပြီး တံခါးဖွင့်ကြိုဆိုနေပါကြောင်း၊ မိမိတို့၏ တံခါးဖွင့်မှုကို အပြုသဘောဖြင့် လက်ခံကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ မိမိတို့၏ တံခါးဖွင့်လှစ်မှုသည် မိမိတို့နိုင်ငံက ပြည်သူများအားလုံးအတွက် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်သူများ၊ အထူးသဖြင့် လူမှုအကာအကွယ် စောင့်ရှောက်မှုများကို အရေးတကြီး လိုအပ်နေသော အားနည်းသူများအတွက် အမြန်ဆုံးအကူအညီပေးကြရန် ဖြစ်ပါ ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်နေခြင်းသည်လည်း ယင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အဓိက ရည်ရွယ်ခြင်းဖြစ်ပါကြောင်း။မိမိတို့နိုင်ငံသားများအတွက် မိမိတို့အစိုးရအဖွဲ့သည် တာဝန်ရှိသည်ဆိုသောခံယူချက်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ လူမှုဖူလုံရေး၊ လူမှုအကာအကွယ်အစောင့်အရှောက်ဆိုသည်မှာ နိုင်ငံတော်အစိုးရ၏ စိတ်ရင်းစေတနာအပြင် လူမှုရေးရန်ပုံငွေ(Social Financing)ကဲ့သို့ ဘဏ္ဍာရေးအရင်းအမြစ်များ အများကြီးလိုပါကြောင်း၊မိမိတို့အစိုးရအဖွဲ့အနေဖြင့် အလုပ်လက်မဲ့ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိရေး၊ အလုပ်သမားများအတွက် ခိုင်မာသော လူမှုဖူလုံရေးစောင့်ရှောက်မှုများရရှိရေးတို့အတွက် ဥပဒေများရေးဆွဲပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ လူမှုအကာအကွယ်အစောင့်အရှောက် တိုးချဲ့ဆောင်ရွက်ရာတွင် ဥပဒေကြောင်းအရအခိုင်အမာအထောက်အကူပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဤဆွေးနွေးပွဲမှ မိမိတို့နိုင်ငံ၏ အခြေအနေမှန်ကို ထင်ဟပ်နိုင်သော ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ အကြံပြုချက်များ ပေါ်ထွက်လာရန်ကိုလည်း မျှော်လင့်ထားပါကြောင်း။မိမိတို့နိုင်ငံ၏ လူမှုဖူလုံရေးဆောင်ရွက်ပေးနိုင်မှု စစ်တမ်း၊ တိုးမြှင့်ဖော်ဆောင်ပေးရမည့်လိုအပ်ချက်၊ မူဝါဒနှင့် မဟာဗျူဟာရေးဆွဲမှု၊ ချမှတ်လိုက်သော စီမံကိန်းကာလ များအတွင်း အကောင်အထည်ဖော်နိုင်မှု ဆန်းစစ်ချက်၊ မူဝါဒဆိုင်ရာ ပြန်လည်ညှိနှိုင်း ပြင်ဆင်ချက် စသည့် ကိစ္စရပ်များအပေါ် ရေရှည်စောင့်ကြည့်လေ့လာသွားနိုင်ရန် အတွက် အမျိုးသားအဆင့် အဆင့်မြင့်အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်မည်ဟု အကြံပြုပြောကြားလိုပါကြောင်း၊ ယင်းအဖွဲ့အစည်းမှာ နိုင်ငံတကာ တတ်သိပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပ အလှူရှင်/ အဖွဲ့အစည်းများက ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့အစည်းက ချမှတ်လိုက်သော မဟာဗျူဟာကို လေ့လာ ဆန်းစစ်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မှုအပေါ် တွေ့ရှိသုံးသပ်ချက်များကို မူဝါဒချမှတ်သူများနှင့် ပြည်သူလူထုသိရှိအောင် တင်ပြပေးရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။နိဂုံးချုပ်အနေဖြင့် ဤညီလာခံမှ မိမိတို့နိုင်ငံ၏ လူမှုရေးကာကွယ်စောင့်ရှောက်မှု အတွက် ရှေ့ဆက်မည့် မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များကို ဖော်ထုတ်ပေးရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဤမဟာဗျူဟာ လုပ်ငန်းအစီအစဉ်များတွင် မိမိတို့အစိုးရအဖွဲ့က ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်များနှင့်လည်း ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကိုလည်း အကြံပြုပေးကြစေလိုပါကြောင်း၊ မိမိတို့ ပြည်သူများအတွက် မဟာဗျူဟာသဘောဆောင်ပြီး လက်တွေ့ကျသော အကျိုး ရလဒ်ကို ဖော်ဆောင်ပေးကြပါဟု တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါကြောင်းဖြင့် ပြောကြားသည်။ထို့နောက် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် အလုပ်သမားများနှင့် လူမှုဝန်ထမ်းဆိုင်ရာ မူဝါဒပြုပြင်ပြောင်းလဲမှုများအတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး နိုင်ငံတော်၏ စီးပွား ရေးနှင့် လူမှုရေးရည်မှန်းချက်များကို အထောက်အကူပြု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးကိစ္စရပ်များတွင် လုပ်သားထုအတွက် သက်ကြီးပင်စင်ခံစားခွင့်နှင့် လူမှုဖူလုံရေးအိမ်ရာစီမံကိန်းတို့ အပါအဝင် ထိရောက်သော ခံစားခွင့်များ ပိုမိုရရှိရေး ဆောင်ရွက်ပေးနိုင်ရန် လူမှုဖူလုံရေး ဥပဒေအသစ်မူကြမ်းကို လွှတ်တော်သို့ တင်ပြထားပြီးလည်းဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်သူလူထုအတွက် လူမှုရေးအကာအကွယ်ပေးမှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန် လူမှုရေးအကာအကွယ်ပေးမှု အစီအစဉ်သစ်တစ်ရပ် ချမှတ်ထူထောင်နိုင်ရေးအတွက်လည်း ယနေ့ဤညီလာခံကြီးကို ကျင်းပနေခြင်း ဖြစ်ပါကြောင်း။ဤမွန်မြတ်သော လူမှုအကာအကွယ်ပေးရေး အစီအစဉ်သည် ပြည်သူလူထု၏အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသည့်အပြင်ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် အခွင့်အရေးများ တိုးပွားရရှိလာစေနိုင်မည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ခြင်း၊မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် ရုတ်တရက် ဖြစ်ပေါ်လာသောသဘာဝဘေးအန္တရာယ် တုံ့ပြန်ခြင်းကဲ့သို့သော နယ်ပယ်အားလုံးကိုလည်း လွှမ်းခြုံအကျုံးဝင်စေမည်ဖြစ်ပါကြောင်း၊ ဤညီလာခံမှ ဆွေးနွေးမှုများသည် ပြည်သူလူထု အတွက် လူမှုရေးအကာအကွယ်ပေးရေး ကိစ္စရပ်အပေါ် မိမိတို့၏ စဉ်းစားတွေးခေါ်မှုနှင့် ချဉ်းကပ်မှုတို့ကို ရှင်းလင်းခိုင်မာစွဲမြဲစေရန် အထောက်အကူများစွာ ရရှိစေလိမ့် မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။ယင်းနောက် UNICEF ဌာနေကိုယ်စားလှယ် Dr. Ramesh Shresha ကနှုတ်ခွန်းဆက်စကား ဆက်လက်ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဧည့်သည်တော်များသည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ယင်းနောက် အခမ်းအနားကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပပြီး အဆိုပါ ညီလာခံ အခမ်းအနားကို ဇွန် ၂၆ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)