ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 27, 2012

>
-တို့လို့တွဲလောင်း ဘဝများ-
လိုင်းကားတွေပေါ်မှာ တို့လို့တွဲလောင်းနဲ့ လိုက်ပါသွားတဲ့ သူတွေကိုတွေ့တိုင်း ဒီလူတွေ ဘာလို့ ဒီလောက်ထိ အလျင်လိုနေပါလိမ့်လို့ ကျွန်တော် အမြဲတွေးမိတယ်..။ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ သူတို့ရဲ့ လိုရာပန်းတိုင်ကို ရောက်နိုင်ပြီလို့ ယုံကြည်လို့ရင်လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒီလိုဆိုရင်... အဲဒီလိုလူတွေရဲ့ ဘဝပန်းတိုင်တွေ ဆိုတာကရော... အဲလိုပဲ လက်တစ်ကိုင်စာ၊ ခြေတစ်ဖက်ရပ်စာလေး ရရုံနဲ့ ရောက်နိုင်ပြီလား... စဉ်းစားမယ်ဆိုရင်လည်း စဉ်းစားစရာချည်းပဲ.... တွေးမယ်ဆိုရင်လည်း တွေးစရာချည်းပဲ... ပြောမယ်ဆိုရင်လည်း ပြောစရာချည်းပဲ... မေ့ပစ်မယ်ဆိုလည်း မေ့ပစ်စရာချည်းပဲ... မနေ့ညက တာမွေအဝိုင်းကနေ သင်္ဃန်းကျွန်း စံပြဈေးဘက်ကို သွားဖြစ်တယ်...၊ စီးသွားဖြစ်တဲ့ လိုင်းကားက ဘီအမ်လေးပါ။ ကားက လူချောင်တယ်...၊ ခုံအလွတ်တွေချည်း တော်တော်များများရှိနေလို့ ကျွန်တော်လည်း ထိုင်ခုံရတယ်ပေါ့ဗျာ...။ ကျွန်တော့်ဘေးမှာလည်း အသက် (၂၇)နှစ်လောက်ရှိတဲ့ အစ်ကိုတစ်ယောက် ထိုင်တယ် ဗျ..။ ထမင်းချိုင့်နဲ့ ဘာနဲ့ဆိုတော့ အလုပ်ကနေ ပြန်လာတာဖြစ်မယ်။ ဒီလိုနဲ့ ကားခပေးကြတယ်၊ ကားခက နှစ်ရာ တဲ့...။ ကျွန်တော်ပေးလိုက်တယ်၊ ကျွန်တော့်ဘေးက အစ်ကိုကတော့ တစ်ရာတန်တစ်ရွက်ပဲ ထုတ်ပေးတယ်ဗျ။ ကားစပယ်ရာက "မရဘူး၊..နှစ်ရာ" လို့ ပြန်ပြောတယ်။ အဲဒီ အစ်ကိုက မပါတော့ဘူးလို့ ပြောလိုက်ပုံရတယ်...။ ကားစပယ်ရာက မထင်မှတ်တဲ့ စကားတစ်ခွန်းကို ပြန်ပြောလိုက်တယ်ဗျ... "တစ်ရာဆို မတ်တပ်ထစီး...." အဲဒီလိုပြောလိုက်ပေမယ့် ဟိုအစ်ကိုက မျက်နှာ တစ်ချက်ပျက်မသွားဘူး၊ အေးအေးဆေးဆေးပဲ မတ်တပ်ရပ် စီးရှာတယ်၊ ကျွန်တော်လည်း တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့် သူ့မျက်နှာနဲ့ သူ့ပုံစံအရ ကျွန်တော်က ထပြီး စိုက်ပေးလိုက်မယ်ဆိုရင်လည်း သူ့ကို စော်ကားရာရောက်မယ့် အခြေအနေမျိုး ဖြစ်နေ တယ်။ သူ့မျက်နှာမှာ သိမ်ငယ်မှု မရှိဘူး၊ ဘာပဲပြောပြော ကျွန်တော် စိတ်မကောင်းဖြစ်ရပေမယ့် အဲဒီအစ်ကိုရဲ့ ပုံစံကို သဘောကျလေးစားသွားတယ်။ နောက် တစ်ဆက်တည်း ဒါ ယောကျာ်းတစ်ယောက်ရဲ့ အတ္တနဲ့ မာန ပဲ...လို့လည်း တွေးလိုက်မိတယ်။ ဒါပေမယ့် ဒါ သိပ်တော့ သဘာဝမကျလှဘူး၊ ကားထဲမှာ ထိုင်ခုံအလွတ်တွေရှိနေပါရဲ့နဲ့ လူတစ်ယောက် မတ်တပ် ရပ်စီးနေရတယ်...။ ကားစပယ်ယာရဲ့ အတွေးအခေါ်နဲ့ လုပ်ပုံကပဲ ကျွန်တော် စဉ်းစားမရနိုင်လောက်အောင် လက်တွေ့ ကျနေတာလား၊ ဒီကနေ ဟိုကိုသွားမယ့်ခရီးမှာ...ကားပေါ် လူတစ်ယောက် ထိုင်နေလို့ ကားပိုလေး သွားမှာလား...။ ထိုင်စီးရင်လည်း ဒီခရီး၊ ထစီးရင်လည်း ဒီခရီး...အတူတူ။ ထိုင်ခုံအလွတ်တွေကို ဒီအတိုင်းထား ပြီး ငွေတရာမရှိလို့ ဆိုပြီး လူတစ်ယောက်ကို ညှဉ်းပန်းတာမျိုးလား....။ အဲဒီအဖြစ်လေးကိုကြည့်ပြီး ကျွန်တော် ဆက်တွေးမိတယ်...၊ ပိုက်ဆံတစ်ရာ မပေးနိုင်လို့ ထစီးနေတဲ့ အစ်ကိုဟာ ကိုယ့်အားကိုယ်ကိုးပြီး ဘဝကိုရုန်းကန်နေရတဲ့ ခေတ်လူငယ်တွေကိုများ ကိုယ်စားပြုနေသလား...၊ ဘာဖြစ်လို့လဲ ဆိုတော့ ငွေအားကိုး၊ လူကပ်အားကိုးနဲ့ ဘလိုင်းကြီး ကျော်တက်ခံရတဲ့အပြင် တစ်ခါတစ်ခါ မတ်တပ်ရပ်စီးဖို့ပါ အမိန်ပေးခံရတာတွေ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်များများ ကြုံတွေ့ခဲ့ရပြီးပြီလဲ... ဒါပေမယ့်လည်း... ကိုယ့် ရည်ရွယ်ရာပန်းတိုင်လေးတွေဆီ ရောက်ဖို့အတွက်တော့...လက်တစ်ဖက်ကိုင်စာရရင် လက်တစ်ဖက်စာနဲ့၊ ခြေတစ်ဖက်ရပ်စာရုံလေးရရင် ခြေတစ်ဖက်စာနဲ့ ဘဝကို တို့လို့တွဲလောင်း လိုက်ပါဖြတ်သန်း ရင်း ခရီးဆက်နေကြရဦးမှာပါပဲလေ....

 စာရေးသူ -ချမ်းလင်းနေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)