-ဘ၀အမောပြေ-
**ဒါမျိုးတွေ ရိုးနေပြီ**
လက်ဖက်ရည်ဆိုင်တွင် လူငယ်နှစ်ယောက်နှင့် လူရွယ်တစ်ယောက်ဖြစ်သော ယုဝေ၊ မျိုးအောင်နှင့် ကိုလှမင်းတို့ လက်ဖက်ရည်သောက်ရင်း အာလာပသလ္လာပ ပြောနေကြသည်။
ယုဝေ ။ ။ ''မနေ့က ကျွန်တော့ရည်းစားနဲ့ ဒီဆိုင်မှာထိုင်စကားပြောရင်း သူ့လက်ဖျားလေးကို ကိုင်လိုက်တော့ လက်ကလေးက နုနေတာ ပဲဗျာ'' ထိုအခါ မျိုးအောင်ကလည်း အားကျမခံ။
မျိုးအောင် ။ ။ ''ငါလည်း ဟိုတစ်နေ့က ငါ့ရည်းစားကို ရုံးလိုက်ပို့ရင်း သူ့လက် ကလေးကို ဆွဲကိုင်ပြီး လမ်းလျှောက်ရတာ...ဟဲဟဲ''
ကိုလှမင်း ။ ။ ''အမယ်... မင်းတို့လိုရည်းစားနဲ့တွေ့မှ လက်ကိုင်ရတဲ့သူ မဟုတ်ဘူးကွ၊ အမျိုးသမီးတွေလက်ကို ကိုင်ရလွန်းလို့ ရိုးနေပြီ၊ ဒီလို..ဒီလို..ဟင်းဟင်း'' ကိုလှမိုးက ထိုသို့ပြောပြီး ကိစ္စရှိသေးတယ်ဆိုကာ ထွက်သွားတော့သည်။ ယုဝေ ။ ။ ''အမျိုးသမီးတွေလက်ကို ကိုင်ရလွန်းလို့ရိုးနေပြီဆိုတော့ အဲဒီလူက ဗေဒင်ဆရာလားဟင်'' မျိုးအောင် ။ ။ ''ကားစပါယ်ယာလေကွာ'' ယုဝေ ။ ။
''ဟိုက်...ကောင်းရော''
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment