ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 19, 2012

>
-နင့်ကိုအရမ်းမုန်းတယ် ကြာဖြူ- 

" ရော့ ကြာဖြူ နင်စားဖို့ "
ကျွန်တော် ကမ်းပေးသော ပေါက်စီ ကိုသူမက အထူးအဆန်း သဖွယ် ကြည့်လို့။ " ကြည့်မနေနဲ့ အလုပ်ထဲ ဇောရောက်နေရင် ဘာမှစားဖို့ သတိရတာ မဟုတ်လို့ နင့်အတွက် တမင်ဝင် ဝယ်ခဲ့တာ မအေးခင် စားလိုက်အုံး " " နင်ကလေ အဲဒါလေးတွေ ချစ်ဖို့ ကောင်းတာ သိလား အဟီး " သူမက ကျွန်တော်ကို ပြောင်ချော်ချော် မျက်နှာပေးနဲ့ မျက်စိ မှိတ်ပြပြိး နှုတ်မှလဲ သဘောတကျ ရယ်မော နေပြန်တယ်။ " ငါတစ်ယောက်ထဲ ဘယ်ကုန်ပါ့မလဲ ပေါက်စီက နှစ်လုံးတောင်မှ နင်လဲစား တစ်လုံး မစားဘူး ငါစားခဲ့ပြီ " " စားခဲ့ ပြိးလဲ အတူတူထပ်စား ငါမကုန်နိုင်ပါဘူး ဆိုနေ " ပြောပြော ဆိုဆို သူမက ကျွန်တော့် လက်ထဲ ပေါက်စီကို ပန်းကန်ပြားထဲ ထည့်ပြိးသား အဆင်သင့် ချပေးပြိး သူမကတော့ ဖြစ်သလို ဒီအတိုင်းပဲ စားနေပြန်တယ်။ ကျွန်တော်က အစားစားရင် သပ်သပ်ရပ်ရပ် သေသေချာချာ စားသလောက် သူမကတော့ မိန်းခလေး တန်မဲ့ ဖြစ်သလို စားတက်တာမို့ ကျွန်တော့် အတွက် သီးသန့် ပန်ကန်ပြင်ပေး ခြင်းပါ။ ဂျီးများလွန်းတဲ့ ကျွန်တော်ကို သူမက မကြာခဏ အပြစ်တင် ပြောဆို တက်ပေမယ့် ကျွန်တော့် အတွက်ဆို သေသေချာချာ အကောင်းတော့ ပြင်ပေးတက် ပြန်တယ်။ မဟုတ်ရင် ကျွန်တော် ကလည်း မစားပဲ နေရုံမှအပ တခြား မရှိတာ သူမသိနေ လို့ပဲလေ။ " အဟဲ စားလို့ကောင်းလိုက်တာ ဒါပေမယ့် ငါမကုန်တော့ဘူး နင်ကူစားပေးနော် " ပြောပြော ဆိုဆို သူမစားလက်စ ပေါက်စီ တစ်လုံးကို ကျွန်တော် ပန်ကန်ထဲ ထည့်ဖို့ရွယ်ရင်း " မရဘူး ကြာဖြူ ကုန်အောင်စား ပေါက်စီလေး တစ်လုံးမှ ဘာမှရှိတာ မဟုတ်ဘူး အစာအိမ်ဖြစ်မယ် မရဘူး စားဆိုစား ကုန်အောင် " " ဟာ မကုန်ပါဘူးဆိုနေ " " မရဘူး စား " " မဆန့်တော့ဘူး ဗိုက်က ပေါက်ထွက်တော့မယ် " သူမက ကျွန်တော်ရဲ့ စကားကို ဆန့်ကျင်စွာပဲ ပေါက်စီကို ထိကိုမထိ တော့တာပါ။ အဲလိုပဲ အစားသောက် ကြုံရာ စားနိုင်သလို နည်းနည်းပဲ စားတဲ့ သူမကို ကြည့်ပြိး သူမရဲ့ အစာအိမ်ကို တော်တော်သေး ဝင်ကြည့် ချင်မိတယ်။ ဘာမဟုတ်တဲ့ သရေစာ စားရင်တောင် အခုထပ် ပိုစားဖြစ်ပေမယ့် အဟာရ ပြည့်မဲ့ အစားစာမျိုး ဆိုရင်တော့ တစ်ကယ်ကို နည်းနည်းလေး ပဲသူမက စားတက်ပြန်တယ်။ အလုပ်လုပ်နေရင် ထမင်းမေ့ ဟင်းမေ့ ကျွန်တော်ကို လည်းမေ့လို့ တစ်ခါမှ သူမကို မချိန်းရဲဘူး။ နောက်ကျရင်ကျ မကျရင်လွဲ နေတက်တဲ့သူမက သူမရဲ့ အလုပ်နဲ့ ကျရင်တော့ ကောင်းလိုက်တဲ့ ဝရီယ။ သူမကချည်း အော်နေ ရတာ။ သူငယ်ချင်း တွေနဲ့ အစုစပ် ရှယ်ယာ ဝင်ပြိး လုပ်နေတဲ့ သူမရဲ့ လုပ်ငန်းမှာ သူမကသာလျှင် ဦးစီး။ ကျန်တဲ့ သူငယ်ချင်းတွေက သူမရဲ့ အော်ငေါက်ချက် အောက်မှာ တစ်ကယ့်ကို အလုပ်သမားတွေ ဖြစ်လို့။ အဲဒါလည်း အလုပ်နဲ့ ပက်သက်ရင် တိကျတဲ့ သူမရဲ့ ဦးဆောင်မှုကို သဘောကျတာ တစ်ကြောင်း သူမတူတဲ့ စိတ်ကူးတွေ အတွေးတွေကြောင့် သူမရည်ရွယ်သလို မှန်းသမျှ ဖြစ်လာ တော့လည်း ကျန်တဲ့ သူငယ်ချင်းတွေကလဲ သူမရဲ့ သဘောသာ အဓိက ဆိုသလို ဖြစ်နေတော့ လုပ်ငန်း တစ်ခုလုံးကို ဦးစီး လုပ်ကိုင် နေရတဲ့ အခါ သူမ အပေါ် အပြစ်စကား မဆိုနိုင် ကြတာ ထင်ပါရဲ့။ အသီးသီး ချစ်သူ ကိုယ်စီနဲ့ အချိန်ပေး နိုင်ကြပေမယ့် အလုပ် လောဘကြိးတဲ့ သူမက ကျွန်တော်ကို မေ့ပစ်ဖို့ ဝန်မလေး တက်ပြန်ဘူးလေ။ " စားတော့လည်း မကုန်တာ ကြနေတာပဲ စားစရာရှိ စားတာ မဟုတ်ဘူး ဆရာတော့ နည်းနည်း လုပ်လိုက် ရမှ ကျောင်းဆရာ လို့ မပြောရဘူး တစ်ကယ်ထဲ... " ကျွန်တော်က စက်မှု တက္ကသိုလ်မှာ စာပြန်ပြ နေတဲ့ ကျောင်းဆရာ တစ်ယောက် မို့ သူမက ထိုသို့ ပြောခြင်းပါ။ " ဆရာ လုပ်တာ မဟုတ်ဘူး ကြာဖြူ နင်စားတာ တစ်ကယ့် နည်းနည်းလေး " " ငါမှ မဆာတာ မစားနိုင်တာ ကြိး မတရားစားတော့ ရင်ပြည့်ရော နေလို့ ထိုင်လို့ မကောင်းတော့ဘူး တန်ရုံပဲ စားတာ အကောင်းဆုံး ပဲလေ။ " " ပြိးရောဟာ ကိုယ့်ကျန်းမာ ရေးမှ ကိုယ်ဂရု စိုက်ဖို့ သတိမရရင် နင့်ထိုက်နဲ့ နင်ပဲ " " အဟဲ နင်တစ်ယောက်ထဲ ကျန်ခဲ့မှာပေါ့ အဲကျရင် နေရဲတယ်ပေါ့လေ " သူမက ပြောင်ချော်ချော်နဲ့ ကျွန်တော်ကို သေချာစွာ စိုက်ကြည့်ပြိး စနေပြန်ပါတယ်။ သူမရဲ့ အပြောကြောင့် ကျွန်တော် ပြုံးနေ မိရင်း " တစ်ယောက်ထဲ မကျန်ချင်လို့ အခုလို ဂရုစိုက်နေတာပေါ့ " လို့ ပြန်ပြောရင်း သူမကို စိုက်ကြည့်တော့ သူမက ကျွန်တော်ရဲ့ ပုခုံးကို ဖွဖွ ဖက်ပြိး " မစိုးရိမ်ပါနဲ့ ငါရေကူး တက်ပါတယ် ဟ အဟီး " သူမဘာသာ ပြောလည်းပြော ရယ်လည်းရယ် လျှက်။ ကျွန်တော် သူမကို ချစ်မြတ်နိုးမိတာ အဲလို ဖြူစင်မှု လေးတွေ အများကြိး ပိုင်ဆိုင် နေလို့ပါ။ ဘယ်တော့မှ ဟန်ဆောင် ဖုံးကွယ် ထားခြင်း မရှိ။ အရှိအတိုင်းနဲ့ ပွင့်ပွင့် လင်းလင်း ပြောတက်တဲ့ သူမကို ကျွန်တော် တစ်ရက်မတွေ့ရ မနေနိုင်အောင် ချစ်ပါတယ်။ ........................။..................... " ကြာဖြူ " ကျွန်တော် ရဲ့ ခေါ်သံကြောင့် သူမက အလုပ်လုပ် လက်စနဲ့ ကျွန်တော်ကို မော့ကြည့်ပြီး " အင်း ပြော ဘာလဲ " ရုတ်တရက် ကျွန်တော် ဘာပြောရမှန်း မသိ။ " ဘာလဲ ပြောလေ " " အင်း ပြောမလို့ ဟိုလေ သူများတွေ ခေါ်သလို နင်နဲ့ငါနဲ့ မပြောပဲ တစ်ခြား အခေါ်ဝေါ် တစ်ခုခု ပြောင်းခေါ်ဖို့ မစဉ်းစား မိဘူးလား ကြာဖြူ " " အဟား....ဟား....ဟား.. " ကျွန်တော်ရဲ့ စကားကို သူမက တစ်ကယ့် ရယ်မော စရာ ပျက်လုံးတစ်ခု ကြားလိုက်ရသလို လက်ထဲက ဘောပင်ချပြိး ရယ်မော နေလိုက်တာ။ " ဘာလို့ ရယ်နေတာလဲ ကြာဖြူ ရယ်စရာလဲ မဟုတ်ပဲနဲ့နော် " " နင်ကလေ ငါမပြောလိုက် ချင်ဘူး သိလား ရင်ထဲက မပါတဲ့ ကိုကိုတွေ မောင်မောင်တွေ ခေါ်ရမဲ့ အစား အစစ်အမှန် မေတ္တာနဲ့ ပွင့်ပွင့်လင်းလင်း ချစ်နေကြတာ ပိုမကောင်းဘူးလား ဘာလဲ ဘာလို့အဲလိုတွေ ကြားချင်နေတာလဲ ဒီမှာ နင်သိထား ကြာဖြူကလေ မချစ်ရင် မချစ်ဖူးပဲ ရင်ထဲကမပါရင် ပြုံးတောင်မပြဘူး ကျန်တာ မပြောနဲ့။ အဲဒါကြောင့် အဲလို အခေါ်ဝေါ် တွေမှာ မသာယာချင် ပါနဲ့ဟာ အခုလဲ အဆင်ပြေ နေတာပဲ။ ဘာလိုသေးလို့လဲ ။ " သူမရဲ့ အပြောကြောင့် ကျွန်တော် ကိုယ့်ကိုကိုယ်တောင် နည်းနည်း ရှက်သွားသလို ပါပဲ။ " မဟုတ်ပါဘူး ကြာဖြူ ငါ.. " " အင်းပါ ငါနားလည်ပါတယ် ဒီမှာ နင့်နဲ့ ငါဆိုတာ သူငယ်ချင်း ဘဝကနေ ချစ်သူ ဖြစ်လာတာ အကျင့်ဖြစ်နေတဲ့ နင်နဲ့ငါ နေရာမှာ တခြားနမ်စား မလိုပါဘူးဟာ ဒီမှာကြည့် ငါ့ကို " ပြောပြောဆိုဆို သူမက ကျွန်တော်ရဲ့ မျက်ဝန်းတွေနဲ့ သူမရဲ့ မျက်ဝန်းတွေကို ဆုံစည်းစေပြိး နှုတ်မှလည်း " ငါနင့်ကို အရမ်းချစ်တာသိလား ဟိုးရင်ထဲကကို နက်နက်ရှိုင်းရှိုင်းချစ်တာ ရပြီလား ဘယ်တော့မှ မပြောင်းမလဲမယ့် ချစ်ခြင်း မေတ္တာတွေ နင့်အတွက် ငါ့ရင်ဘတ်မှာ အပြည့်ရှိတယ် အခေါ်ဝေါ် တစ်ခုထဲ ပေါ်မှာ ငါ့ချစ်ခြင်းတွေကို အပြစ်မမြင် ပါနဲ့ဟာ.. " လို့ ပြောလိုက်တဲ့ ခဏ ကျွန်တော် မသက်ရှုဖို့တောင် မေ့သွားရ လောက်တယ်။ သူမရဲ့ အရည်လဲ့နေတဲ့ မျက်ဝန်းတွေမှာ ကျွန်တော်ကို ချစ်တယ်ဆိုတဲ့ အချစ်တွေကို မြင်တွေ့ရသလို သူမကလည်း ခပ်တိုးတိုး ရေရွတ်လိုက် ပြိးချိန်မှာ ရှက်ရွံ့စွာပဲ ကျွန်တော်ရဲ့ သူမရဲ့ အလုပ်စားပွဲ ဆီသို့ ဦးတည်လျှက်။ ကျွန်တော်လည်း သူမကြားနိုင် ရုံလောက်သော လေသံမှသာ ဖြင့် " ကျေးဇူးပါ ကြာဖြူ " လို့ခပ်တိုးတိုး ရေရွတ်မိတော့ သူမက အတောက်ပဆုံး အပြုံးတွေနဲ့ ပြုံးလျှက် ကျွန်တော်ကို ခေါင်းငြိမ့် အသိမှတ် ပြုရှာတယ်။ သူမရဲ့ ကျွန်တော် ပေါ်ထားရှိတဲ့ ချစ်ခြင်းပေါ် သံသယ မရှိ အကြွင်းမဲ့ ယုံကြည်လျှက်။ ...................။................ " နင့်လက်က ဘာဖြစ်တာလဲ ကြာဖြူ " ပလာစတာ တွေ အဖွေးသားနဲ့ သူမရဲ့ လက်ဖဝါးကို မြင်မိလို့ ကျွန်တော်မေးတော့ သူမက " ပိတ်ရက်လေ အိမ်မှာ မြေကြီးပေါက်လို့ အဲဒါ လက်တွေပေါက် ပြဲကုန်တာလေ " " ကြံကြံ ဖန်ဖန် ကြာဖြူရယ် မြေကြိး ပေါက်ရတယ်လို့ တော်တော် အားနေတယ် အချိန်တွေ ပိုနေတယ် ထင်ပ ဟုတ်လား " " မဟုတ်ပါဘူးဟာ ပြောတော့မယ် နင်ကလည်း " " နေပါအုံး အဲဒီ မြေကြိးက ဘာကိစ္စ ပေါက်ရတာလဲ ဘာလုပ်ဖို့လဲ " " မြေကွက်လပ်လေး လွတ်နေတာ မြင်တော့ မြောင်းပေါက်ပြိး သီးပင်စားပင် လေးစိုက်မလားလို့လေ " " နင်ကလေ တော်တော်လေး အားနေတဲ့ မိန်းမ ဆိုတော့ အပင်က စိုက်ချင်သေးတယ် ဟုတ်လား " " နင်ဘာနားလည်လို့လဲ ကိုယ့်ခွန် ကိုယ်အားနဲ့ စိုက်လို့ရတဲ့ အပင်လေးတွေ ကြီးထွားတာ မြင်ရရင် ဘယ်လောက်ကြည်နှုးဖို့ ကောင်းတယ်ဆိုတာ နင်မသိပါဘူးဟာ " " ကြိးကြိးကျယ်ကျယ် ပြောနေလို့ နေပါအုံး ဘာပင်တွေ စိုက်မှာမို့လို့ လဲ "
" ချဉ်ပေါင်ပင်လေ မနေ့ကပဲ ပျိုးခဲ့ပြီ " " ဟား..ဟား..ဟား " ကျွန်တော် သူမရဲ့ အပြောကြောင့် တစ်ကယ်ပဲ ဟက်ဟက် ပက်ပက် ရယ်မော လိုက်မိရင်း " ဘာလဲ ဈေးထဲမှာ ချဉ်ပေါင်က တော်တော် ရှားရှား ဈေးကြိးတာ ဆိုတော့ ကိုယ်တိုင် စိုက်ယူရ တဲ့အဖြစ်ပေါ့ ဟုတ်လား ကြာဖြူ " " နင်ကလည်းလေ စိတ်ကြည်နှူး မှု အတွက်ပါ ဆိုနေ သေတော့မှာပဲ နင်တော့ ဒီမှာ လက်က နာနေရတဲ့ ကြားထဲ လာနောက် နေတယ် " " ကိုယ်ဟာကိုယ် အငြိမ်မနေပဲ ဒုက္ခကို ပိုက်ဆံ ပေးပြိးရှာတဲ့ မိန်းမ ပဲနင် " " ဘာပဲ ဖြစ်ဖြစ် အဲဒီ အပင်တွေ ပေါက်လို့ ကြိးထွားလာရင် ရတဲ့ င်္ပီတိက ပိုက်ဆံနဲ့ ဝယ်လို့မရ ဘူးသိရဲ့လား " သူမက အဲလို ထူးထူး ခြားခြား လုပ်ရက်တွေလဲ လုပ်တက်တဲ့ သူပါ။ မိန်းမသား ပေမယ့် တစ်ခါတစ်ရံ သူမရဲ့ စိတ်ဓါတ်က အဲလို ချီးကျူးစရာ ကောင်းလောက်အောင် သူမမှာ ရှိနေတက် ပြန်တယ်။ " ငါက အဲဒီ သဘောနဲ့ ပြောတာ မဟုတ်ပါဘူး ကြာဖြူရယ် နင့်မှာ အလုပ်လဲ ရှိတယ် တစ်ပတ်မှ တစ်ရက်ထဲ ပိတ်ရက်ကို နားနား နေနေ မနေပဲ မြေကြိး ပေါက်တယ် ဆိုတော့ နင်တော်တော် အားနေတယ် ကြည့်စမ်း အခုလက်တွေ ပေါက်ပြဲ ကုန်ပြီ " " အစကတည်းကမှ မလှတာပါဟာ " ဟုတ်ပါတယ် သူမရဲ့ လက်ဖဝါးတွေက တခြား မိန်းခလေးတွေကို ဖူးသွယ် ပျော့ပြောင်းနေ တာမျိုးမဟုတ်ပဲ သူမရဲ့ လက်ဖဝါး တွေက သာမန်မျှသာ။ အလှအပလဲ မခုံမင်တဲ့ သူမက လက်သည်းလဲ အရှည်မထားပဲ အမြဲ လက်သည်းရှိတယ် ဆိုရုံ မျှသာ ထားပြိး နေတက်တဲ့သူမ။ တစ်ခါတစ်လေ ကျွန်တော် သူမရဲ့ လက်ဖဝါးကို ဆုပ်ကိုင် တဲ့အချိန်ဆို သူမက " ငါ့လက်တွေက မလှဘူးနော် "လို့ မကြာခဏ ပြောတက်တဲ့သူ။ "အဲဒါကြောင့် ထင်ပါတယ် ငါက အရာရာ ဦးဆောင် လုပ်ကိုင်နေရတာ ဘာမဆို ၊ပင်ပန်း ဇာတာ ပါလို့နေမယ် "လို့လဲ မကြာခဏ ညည်းညူ တက်တဲ့သူမပါ။ " ထားပါ အဲလောက်တောင် လုပ်ချင်နေလဲ အိမ်ကအကို တွေမောင်တွေ ကိုလုပ်ခိုင်းပေါ့ ကြာဖြူရယ် မိန်းခလေးနဲ့ ယောက်ျားလေး ဘယ်တူပါ့မလဲ။ " " သူတို့လဲ မအားဘူးလေ မရှိကြဘူး အပြင်သွားနေကြတာ မိုးချုပ်မှရောက်တာ လုပ်ချင်လာတော့လဲ သူများကို စောင့်နေတာ ထက်ကိုယ်ဘာသာ ကိုယ်လုပ်တာက မြန်မြန် ဆန်ဆန် ပြိးတယ်လေ " " အင်း အခုတော့ လက်အနာ ရတာ အဖတ်တင် တယ်မလား " ကျွန်တော်ရဲ့ အရွဲ့စကားကို သူမက အပြုံးမပျက် " အဲဒါတင် ဘယ်ကမလဲဟ ချဉ်ပေါင်ပင်တွေ ဖြစ်တော့မှ နင့်ကို အိမ်လည်ခေါ်ပြီး ပြမယ် အဲဒီကရတဲ့ ချဉ်ပေါင်ရွက် ချက်ပြိးတော့ ထမင်းကျွေး ဖိတ်အုံးမှာ သိလား " သူမဘာသာပြောလည်း ပြော သဘောလဲကျလျှက် အပြုံးတွေနဲ့ ပီတီဖြစ်နေတဲ့ သူမကို ကျွန်တော် ချစ်မဝစွာ ကြည့်ရင်း ကျွန်တော်ရဲ့ သူမက အဲလိုထူးထူး ဆန်းဆန်း မိန်းခလေး တစ်ယောက်ပါ လားလို့ တွေးနေမိတယ်။ ......................။....................... " ကြာဖြူ လက်ထပ် ကြရအောင်နော် " ရုတ်တရက် အစီစဉ် မရှိပဲ ကျွန်တော် ရဲ့အပြော မှာသူမက တအံ့တသြ မျက်လုံးပြူး ကြည့်လို့။ " ပြူးကြည့် မနေနဲ့ ကြာဖြူရ နင်လဲ အသက်မ ငယ်တော့ဘူး အပျိုကြိး စာရင်းဝင်နေပြီ သတိလေး ဘာလေး ထားပါအုံး စီးပွား ရှာတာလဲ ရှာတော့ပေါ့ အိမ်ထောင်ပြု ဖို့နည်းနည်းလဲ ထည့်စဉ်းစားပါ အုံးလား " " အခုရော ဘာဖြစ်လို့လဲ နင်ကလည်း " " ဘာဖြစ်ရမှာ လဲကြာဖြူရဲ့ အခုပဲ နင်ရောင်ရော (၃၀) နားကပ်တော့မယ် ခဏလောက်တော့ ငါဘက်လည်း လှည့်ကြည့်ပါ အုံးကြာဖြူရယ် ဒီလောက် စောင့်ခိုင်း ရရင် ကျေနပ်ရောပေါ့ နော်ကြာဖြူ " ကျွန်တော်ရဲ့ အပြောမှာ သူမက တစ်ခဏ တွေဝေလျှက်။ သေချာတယ် သူမ အိမ်ထောင်ပြုဖို့ မေ့နေသလားပဲ။ ကျွန်တော်ရဲ့ အတွေးကို သူမက စဉ်းစား နေပြိး " အင်းပါ ဟာ ငါစဉ်းစား ပါ့မယ် " " ဟင် ဘာပြောတယ် ကြာဖြူ စဉ်းစား ပါ့မယ်ဟုတ်လား နင်အိမ်ထောင် မပြုဖူးလို့များ စဉ်းစား ထားလို့လား " ကျွန်တော်ရဲ့ အလန့်တကြား အမေးကို သူမက သဘောကျစွာ တစ်ခစ်ခစ် ရယ်မောလျှက်မှ " အဟီး အဲလိုတော့ လည်းမဟုတ် ပါဘူးဟာ ငါလေ အလုပ်တွေ ဖိလုပ်နေ လို့လား မသိပါဘူး အသက်ကိုမေ့ နေတာ " သူမဘာသာ ပြောရင်း ပြုံးလျှက်။ " ကောင်းပ ကြာဖြူရာ ငါတော့ ဒီတစ်သက် လူပျိုကြီး ဖြစ်ဖို့ ကံနီးနေ သလိုပဲ " " အားမငယ်ပါနဲ့ ဟာ ငါတစ်ယောက်လုံး ရှိပါသေးတယ် သနားပါတယ် နင့်မှာလဲ ငါမှမယူရင် လူပျိုကြိး ဘဝနဲ့ အရိုးထုတ် ရမဲ့ကိန်း ပါလားနော် " သူမက ချစ်စဖွယ် အမှုရာလေးနဲ့ ကျွန်တော်ကို လှောင်ပြောင်လို့ ရယ်မောနေပြန်တယ်။ " အံမယ် ကိုယ့်အသက်လဲ ပြန်စီစစ်ကြည့်အုံး အမိ ဒီအရွယ် ငါမှ မယူရင် နင်အပျိုကြိး ဖြစ်ပြီ သိရဲ့လား " " အဲဒါလည်း ကောင်းတာပဲ ငါတစ်ယောက်ထဲ အလုပ်ကောင်းကောင်း လုပ်လို့ ရတာပေါ့ ဟ " " အဲဒီအလုပ်တွေ မနားမနေ လုပ်ပြိး ဘာအတွက် ဒီလောက် လောဘတွေ ကြီးနေရတာလဲ ကြာဖြူ " " နင်က ဆင်းရဲဖူးတဲ့ သူမှမဟုတ်တာ မွေးကထဲက ပြည့်ပြည့် စုံစုံနဲ့ ကြိးပျင်း လာခဲ့ရတော့ ဒုက္ခတို့ အခက်ခဲ တို့ဆိုတာ အိမ်မက်တောင် မက်ဖူးတဲ့သူ မှမဟုတ်တာ ငါမှာ ငယ်ငယ် လေးထဲက မပြည့်မစုံ ကြိးပျင်းခဲ့ ရတယ်။ အဲဒိအတွက် ဘဝတိုး တက်ရာ တိုးတက်ကြောင်း အများကြိး ကြိုးစားခဲ့ ရလို့ ဒီနေ့ ဒီအချိန်မှာ ဒီလိုလေး ရပ်တည်ခွင့် ရအောင် အချိန် တွေ အကြာကြိး အများကြီး ကြိုးစား ခဲ့ရတာ။ အဲဒါတောင် အမေနဲ့ အဖေရယ်၊ မောင်နှမတွေကို တင့်တင့် တယ်တယ် လေး ထားနိုင်တယ် ဆိုရုံလေး ရှိသေးတာဟ ကုသိုလ်ကံ အကျိုးပေး မကောင်းတော့လဲ အများကြိး ကြိုးစား တာတောင် ဒီလောက်ရ တာမနည်း ကံကောင်းတယ် ပြောရမယ် " " ကဲပါ အဲဒါတွေ ငါမသိလို့ မဟုတ်ပါဘူး နင်ရော ငါရော အိမ်ထောင်ပြုဖို့ အရွယ်တွေ လွန်ကုန်တော့မယ်လေ သူများအတွက် ကြိးပဲ စဉ်းစားနေ ကိုယ့်အတွက်လဲ နည်းနည်း စဉ်းစားပါအုံး ကြာဖြူရယ် " " အင်းပါ ငါ ဒီနှစ်ကုန်ရင် အိမ်ကို ဖွင့်ပြောပြိး ငါတို့ လက်ထပ်ကြတာပေါ့ " " နင်တစ်ကယ် ပြောတာနော် ကြည်ဖြူ " ကျွန်တော်ရဲ့ မယုံတစ်ဝက် ယုံတစ်ဝက် အပြောကို သူမက သဘောကျစွာ ရယ်မောလျှက်မှ " အင်း တစ်ကယ်ပါ ငါမညာပါ ဘူးကတိ နှစ်ကုန်ရင် ငါအိမ်ကို ဖွင့်ပြောပြိး လက်ထပ် ကြမယ်လေ " " ကျေးဇူးပါ ကြာဖြူရယ် နင့်ရဲ့ စကားခွန်းပေါင်း များစွာမှာ ဒီနေ့ပြောတဲ့ စကားက ငါ့အတွက် တန်ဖိုး အရှိဆုံးနဲ့ အချိုမြိန် ဆုံးပဲ သိလား " " တော်ပါနော် ကလေးလဲ မဟုတ်ပဲနဲ့ တော်တော်ချွဲနေ ဟွန်းးး " သူမက ကျွန်တော်ကို လျှာထုတ်ပြိး ကလေးတစ်ယောက် လိုကျီစယ်နေ ပြနတယ်။ " ချစ်လိုက်တာ ကြာဖြူရယ် "လို့ တီးတိုးရေ ရွတ်ရင်း ကျွန်တော်တို့ နှစ်ယောက်ရဲ့ နှစ်ကိုယ်တူ ဘဝလေး နီးဖို့ အရေး တွေးနေရင်းတောင် ပျော်လိုက် ရတာ ကြာဖြူရယ်။ .....................။..................... ကျွန်တော်နဲ့ သူမရဲ့ အရွယ်တွေက လူကြိး မိဘတွေ တားရ လောက်အောင် မငယ်ကြတော့ သလို ကိုယ်ပိုင်ကလည်း အရည်ချင်း ကိုယ်စီနဲ့မို့ နှစ်ဖက် မိဘတွေ သဘော တူညီချက်ကြောင့် ဝါမဝင်ခင် လက်ထပ်ဖို့ စီစဉ်ထားတဲ့ အတိုင်း နှစ်ဦးသား ပြင်ကြ ဆင်ကြနဲ့ အတော်လေး ကြည်နှူး စရာပါ။ " ဟာ ကြည်ဖြူရာ လုပ်နေပြန်ပြီ မြက်ခင်းထဲမှာ ငြိမ်ငြိမ် တစ်စက်မှ မနေဘူးကွာ " " ခဏလေးပါ ဒီမှာ အပင်တွေ စိုက်ထားတာ ပေါင်းပင်တွေ မရှင်းတော့ အပင်တွေက မြုပ်နေပြီ " " မကြာဖြူ ခင်ဗျားက မကြာခင် မင်္ဂလာဆောင်မဲ့ သတို့သမီးနော် မဟုတ်တာတွေကို ခဏလောက် ထားထားပါ နောက်မှ ကျွန်တော် ကူညီပါ့မယ် အခုတော့ နားနား နေနေ နေပါ့နော် တောင်းပန်ပါတယ် " "ခဏလေးပါ ဒီအပင်တွေ ပြိးအောင် ရှင်းပရစေအုံး" " နေအုံး အဲဒါဆို ကူလုပ်ပေးမယ် " " အဲဒါဆို ပေါက်တူးရယ် ဂေါ်ပြားရယ် သွားယူချေ " " ကောင်းပါပြီ ဗျ ကျွန်တော် သွားယူလိုက်ပါ့မယ် ဟင်းး " ကျွန်တော်ရဲ့ အပြောကို သူမက သဘောကျစွာ ရယ်မော လျှက်။ ဟုတ်တော့လည်း ဟုတ်ပ။ သူမ စိုက်ပျိုးထားတဲ့ အပင်လေးတွေက အပြိုင်း အရိုင်းနဲ့ စိမ်းစိမ်း စိုစိုမို့ သူမ မပြောနဲ့ ကျွန်တော်တောင်မှပဲ သူမနဲ့ လိုက်ပြိး ကြည်နူးမိရတယ်။ ထူးထူး ခြားခြား အတွေးတွေနဲ့ ထက်ထက် မြက်မြက် လုပ်တက်တဲ့ သူမရဲ့ လုပ်ဆောင်ချက် တွေဟာ သူများနဲ့ မတူပဲ တစ်မှုထူး နေရလောက်အောင် စွမ်းဆောင်ရည် ထူးတဲ့ သူမကို လူတိုင်းက သဘောကျ နှစ်သက် ကြတာ မဆန်းပါဘူး။ သူမပြော တဲ့နေရမှာ အသင့်ထောင်ထားတဲ့ ပေါက်တူးနဲ့ ဂေါ်ပြား လေးက အဆင့်သင့် ထောင်လျှက်သားလေး။ မင်းတို့ရဲ့ အရှင် သခင်မ ကအလိုရှိလို့ ဆိုပြိး အတွေးနဲ့ ယူပြိး သူမရှိရာ သို့ပြန်လာခဲ့ရာ " ဟင် ကြာဖြူ ဘာဖြစ်တာ လဲ ကြာဖြူ " သစ်ပင်တွေ ကြားထဲမှာ ခွေခွေလဲ လဲကျနေသော ကြာဖြူ တစ်ယောက်။ " ကြာဖြူ.... ကြာဖြူ " ကျွန်တော် အသံကုန် ဟစ်ပြိး အော်ပေမယ့် ကြာဖြူက နှုတ်ခမ်းတွေ ပြာလျှက် ကျွန်တော် ရင်ခွင်ထဲမှာ ပျော့ခွေ ညွတ်ကျလျှက်။ ကျွန်တော်ရဲ့ စိုးရိမ်စိတ်တွေ ငယ်ထိပ် တက်စောင့် လျှက်။ ပြာနှမ်းနေတဲ့ နှုတ်ခမ်းတွေမှ တစ်စက်စက် တုန်ရီနေလျှက် ကြိုးစားပြိး အားယူ ဖွင့်နေတဲ့ သူမရဲ့ မျက်ခွံ့လေးတွေက လှုပ်တယ် ဆိုရုံမျှသာ။ ကျွန်တော် ရဲ့ ခေါ်သံ ကို သူမကြားရ သလို အားယူပြိး မျက်လုံး ဖွင့်ဖို့ ကြိုးစား နေတဲ့ သူမက ပြုံးမယောင် နှုတ်ခမ်း တွေဖြင့်။ သူမရဲ့ လက်အစုံဖြင့် အားကိုး တစ်ကြိး ကျွန်တော်အား ပြန်လည် ပွေ့ဖက် ဖို့ကြိုးစား နေရင်းမှ သူမရဲ့ လက်တွေ ပြေလျှော့ ကျသွားရပြီး သူမကတော့ ကျွန်တော် ဘယ်လို ခေါ်ခေါ် မလှုက်မယှက် ကျွန်တော်ရင်ခွင် ထဲမှာ ငြိမ်သက်လျှက်။ .......................။........................... ကျွန်တော် အတွက် သူမ ဘာလုပ်လုပ် ခွင့်လွတ် နိုင်ခဲ့ပေမယ့် အခုတစ်ခါတော့ သူမက ကျွန်တော် ခွင့်မလွတ်နိုင်သော လုပ်ရပ် မျိုးဖြင့် ကျွန်တော်ကို တစ်ယောက်ထဲ ထားသွားခဲ့ပါတယ်။ အတန်တန် သတိပေး တားမြစ်နေ နေတဲ့ကြားက ပိုးထိ ပြိး ကျွန်တော်နဲ့ အတူ သူမချစ်သော မိသားစု တွေ၊ သူငယ်ချင်းတွေ အားလုံးကို ရက်ရက်စက်စက် နှုတ်မဆက်ပဲ ထွက်ခွာ သွားရက်တဲ့ သူမ။ ဘဝမှာ ဘယ်တော့မှ မမေ့နိုင်စရာ ကျွန်တော်နဲ့ သူမ မင်္ဂလာဆောင်မဲ့ ရက်မှာမှ သူမကို မြေချ သင်္ဂြိုလ် ရတဲ့ ကျွန်တော့် ရင်ထဲက ကြေကွဲမှု တွေအတွက် ကျွန်တော် ပြောမပြ တက်အောင် မုန်းပါတယ်။ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ နဲ့ကို " နင့်ကို ငါ အရမ်း မုန်းတယ် ကြာဖြူ " လို့ အကြိမ်ပေါင်းများစွာ အော်ဟစ် ငိုကြွေး နေမိရင်း။ ဘယ်တော့မှ ပြန်မလာ နိုင်တော့တဲ့ မပြန်သော လမ်းကိုမှ ရွေးချယ် သွားပြိး မညှာမတာ တစ်ယောက်ထဲ ထားသွားတဲ့ သူမကို ကျွန်တော် အသိတွေ ဝင်လာတိုင်း အိမ်မက်တွေ မှလန့်နိုးခဲ့ ရတိုင်း အကြိမ်ပေါင်း များစွာ " နင့်ကို အရမ်းမုန်းတယ် ကြာဖြူ " လို့ အော်ဟစ် နေမိတဲ့ ကျွန်တော်ရဲ့ ပါးပြင်မှာ မျက်ရည်တွင်တွင် စီးလို့။ ဝေးကွာခြင်း ဆိုတာကို ကျိမ်စာ တစ်ခုလို အသက်သွင်း ခဲ့တဲ့ သူမ။ မေ့လို့ မရအောင် အတိတ်တွေ ထဲနှစ်ထားခဲ့တဲ့ သူမ။ သူများနဲ့ မတူလို့ တမူထူးသော ခွဲခွာခြင်းမျိုးနဲ့ ရက်ရက် စက်စက် ထားခဲ့ရက်နိုင်တဲ့ သူမကို ကျွန်တော် အရမ်းမုန်းလို့ အကြိမ်ပေါင်း များစွာ " နင့်ကို အရမ်းမုန်း တယ်ကြာဖြူ " လို့ ရေရွတ်နေမိရင်း....။ 

 ရေးသားသူ -Angelhlaing

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)