ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 22, 2012

>
- လေလွင့်သူ- 

တခါတလေ ကျမစဉ်းစားကြည့်မိတယ်..... ယောကျာင်္းတစ်ယောက်ဟာ ကိုယ့်ကို မြတ်မြတ်နိုးနိုးနဲ့တိတ်တခိုး ချစ်နေတဲ့မိန်းမတစ်ယောက် ရှိနေတယ် သူ့ဘာသာသူတစ်ယောက်တည်းကြိတ်ပြီး ချစ်နေတာမျိုး ဖွင့်လဲမပြောဘူးရှေ့လဲမတိုးဘူး ဒါပေမယ့်သူဘယ်လိုချစ်ကြောင်း မြတ်နိုးကြောင်းကိုတော့ စာတွေနဲ့တဖွဲ့တနွဲ့ရေးရေးနေတတ်တဲ့သူ တစ်ယောက်ရှိနေတယ် သိလဲသိနေတယ်ဆိုရင် အဲဒီယောကျာင်္းလေးတစ်ယောက်ဟာ သူကပြန်မချစ်နိုင် သည့်တိုင်အောင် လောကမှာ သူ့ကိုချစ်ခင်မြတ်နိုးနေတဲ့သူ ရှိနေပါလားဆိုတဲ့ အသိစိတ်ကလေးနဲ့ ပီတိကြည်နူးမှုလေးကို ခံစားနေရလိမ့်မယ်လို့ ကျမထင်တယ်...။ ပြီးတော့ အဲဒီမိန်းမတစ်ယောက်ကသူ့ကို ဘာအဆိပ်မှဖြစ်စေတဲ့သူမဟုတ်ဘူးလေ......။ ဟဟ... ဒါကကျမအတွေးအခေါ်သက်သက်ပါလေ....။ တစ်ဘက်သားက အဲလိုဖြစ်ချင်မှဖြစ်မှာပေါ့........။ ချစ်ခြင်းမေတ္တာမှာ တုန့်ပြန်မှုဆိုတဲ့ မှန်တစ်ချပ်ရှိတယ်လို့ ယုံကြည်ပေမယ့်... ကျမကတော့လူတစ်မျိုး ကျမကပဲပေးချင်တာ သူ့ဆီကဘာတုန့်ပြန်မှုမှမလိုချင်ဘူး......။ ကိုယ့်ကိုယ်ကိုပေးဆပ်သူသက်သက် လို့တော့မသတ်မှတ်ပါဘူး...။ တကယ်တော့ အတ္တကြီးသူတစ်ယောက်လို့ပြောရင် ပိုမှန်နေဦးမယ်....။ အပေးအယူမရှိ လောကနိယာမကို ဆန့်ကျင်သူလဲဖြစ်သေးတယ်လေ...။ ပြီးတော့ ခေါင်းကျောမာသူ တစ်ယောက်...။ ဒီနေ့ ကျမသူ့ကိုလှမ်းမြင်လိုက်တယ်....။ မြင်လျက်သားနဲ့နှုတ်မဆက်ဘဲ ဘယ်ကောင်းပါ့မလဲ...။ ကျမ ခဏစဉ်းစားလိုက်သေးတယ် နှုတ်ဆက်သင့် မနှုတ်ဆက်သင့်ပေါ့...။ ကျမအတွက်ကြောင့်နဲ့သူ စိတ်အနှောက်ယှက်ဖြစ်သွားမှာလဲစိုးရိမ်မိသေးတယ်.....။ ဒါပေမယ့် ကျမနှုတ်ဆက်လိုက်ပါတယ် သူ့ဆီကတုန့်ပြန်မှုတစ်ခုခုကို ကျမသိချင်နေလို့ပါ...။ သူမှားပြီး ကိုယ်ယောင်ထင်ပြမိတာပါတဲ့....။ ကျမလဲနှုတ်ဆက်ရုံသက်သက်ပါလို့ စကားခံပြီးပြောပြီးသားပါ...။ ဟုတ်ကဲ့လို့ပြောပြီး သူချက်ချင်းပဲ ပျောက်ကွယ်သွားတယ်...။ ကျမရင်ထဲဆစ်ခနဲနာကျင်သွားတယ်... မျက်ရည်တွေဝေ့၀ဲ တက်လာတယ်...။ သူနဲ့ပတ်သက်ပြီးကျမခံနိုင်ရည်နည်းလွန်းနေသေးတယ်......။ အေးစက်တဲ့သူ့ဆီက အမူအကျင့်ကလေးကို ကျမလိုချင်လိုက်တာ...။ ကျမရဲ့ အဖြူရောင်လေးက အရောင်များပြောင်းသွားပြီလား....။ အဖြူရောင်ကနေ အစိမ်းရောင်ဖြစ်သွားပြီလား.....။ အဖြူဆိုတာ စွန်းထင်းလွယ်တဲ့အရောင်မှန်းကျမသိပါတယ်။ နောက်တော့ ကျမကို သူစကားတွေလာပြောနေတယ်......ခနကလေးပါပဲ သူအားနေတုန်းအချိန်ကလေး တခဏကလေးက သူ့အတွက်ဘာမှမဟုတ်ပေမယ့် ကျမအတွက်တော့ အဖိုးထိုက်လှတဲ့အချိန်ကလေးပါ... သူနဲ့စကားပြောရတဲ့ အခိုက်အတန့်လေးကို လက်နဲ့ဆုတ်ကိုင်သိမ်းဆည်းထားလို့ရမယ်ဆိုရင် ကျမသိမ်းထားချင်ပါတယ်..။ သူပြန်သွားတော့ ကျေးဇူးပါ ကောင်းသောညနေခင်းလေးပါလို့ နှုတ်ဆက်လိုက်တယ်...။ သူကတော့ ရိုးရိုးတန်းတန်း ကျေးဇူးတင်တယ်လို့ထင်မှာပဲ....။ တကယ်တော့ ကျမဆီကို ရံဖန်ရံခါမျှသာ ရောက်လာတတ်တဲ့အတွက် ကျမဆိုတာ သူ့အသိဥာဏ်ထဲရှိနေတဲ့အတွက် ကျေးဇူးတင်မိခြင်းပါ။ ရာသီဥတုရဲ့အရောင်အဆင်းပံ့ပိုးမှုနဲ့ ရင်ထဲကခံစားမှုတွေက တစ်သားထဲကျသွားတယ်....။ စိတ်နဲ့လူက မကြာခဏလွင့်လွင့်သွားတယ်....။ ၀န်ခံပါတယ်....ကျမ သူနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်သေးတာ ကျမတော်တော်ညံ့နေပါသေးတယ်...။ ဒါပေမယ့် ကျမခံစားချက်တွေကို သူ့ဆီမှာ ဘယ်တုန်းကမှ မပေါက်ကွဲခဲ့ဖူးဘူး...။ ကျမနှလုံးသားက ဖြစ်ပေါ်လာတဲ့သူနဲ့ပတ်သက်သမျှခံစားချက်တွေကို စကားလုံးတွေအဖြစ်နဲ့ပဲ ကျမပြောင်းလဲပစ်ခဲ့တာပါ...။ တကယ်ဆို....ကျမတို့နှစ်ယောက်က...ဘာမှလဲမဟုတ်ကြပါဘူး...။ သို့ပေမယ့်လဲ သူကကျမအတွက်ရော သူ့အကြောင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ ဇာတ်လိုက်တစ်ယောက်လေ....။ ကျမတို့ သီချင်းအတူဆိုကြတယ် ကော်ဖီအတူသောက်ကြတယ် ကြယ်တွေအတူကြည့်ကြတယ် စကားတွေအများကြီးပြောကြတယ် စိတ်ကူးထဲမှာပေါ့....။ ကျမအိပ်မက်တွေဆက် မမက်ချင်တော့ဘူး ။ အိပ်မက်တစ်ခုကနိုးထလာရင် လန်းဆန်းနေမလား နွမ်းနယ်မနေမလား.. ကျမ မခန့်မှန်းတတ်ဘူး ...။ တဆိတ်လောက် ကျေးဇူးပြုပြီး ...အိပ်မက်ထဲကရုန်းထွက်နေတဲ့ ကျမကို အိပ်မက်ဆီခဏခဏခေါ်မသွားပါနဲ့....။ ကျမ အိပ်မက်ထဲ လမ်းလျှောက်ရတာ မောလှပြီ...။ ခေါင်မိုးပေါ်က မိုးတဖျောက်ဖျောက်ကျသံလေးနဲ့ espresso ကော်ဖီရနံ့မွှေးမြမြ(ကျမဒီကော်ဖီကို ပုံမှန်သောက်လေ့မရှိပါဘူး) တို့ရဲ့ဆွဲဆောင်ခြင်းကို ခံယူရင်း... စကားလုံးတွေကို ဟာမိုနီလိုက်ကြည့်မိတယ်......။ ရင်ထဲကထွက်ကျလာခဲ့တဲ့ သံစဉ်တွေက ကျမစိတ်တွေနဲ့အတူ လေလွင့်နေခဲ့ပြီ.......။

 **မိုးငွေ့**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)