ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 22, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**တိုင်တန်းနစ်-၂ သင်္ဘောကြီး စတင်တည်ဆောက်တော့မည်**
 (ဆစ်ဒနီ၊ ဇွန် ၂၀)
 လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က နစ်မြုပ်ခဲ့သည့် ကမ္ဘာကျော်တိုင်တန်းနစ်အမည်ရှိအပျော် စီးသင်္ဘောကြီးနှင့် ဒီဇိုင်းတူညီသော တိုင်တန်းနစ်-၂ အမည်ရှိ သင်္ဘောကြီးကို စတင်တည် ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ သူဌေးကြီးကလစ်ပါလ်မာက ဇွန် ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါသင်္ဘောကြီးတည်ဆောက်ရန် အစီအစဉ်ရှိ ကြောင်း ကလစ်ပါလ်မာက ပြီးခဲ့သည့် ဧပြီလက စတင်သတင်းထုတ်ပြန်ခဲ့ပြီးနောက် သင်္ဘော ဒီဇိုင်းများရေးဆွဲကာ စတင်တည်ဆောက်တော့မည်ဖြစ်ကြောင်း ပြောကြားခြင်းဖြစ်သည်။ ယခု အခုအခါ ကမ္ဘာကျော်ရေးကြောင်း အင်ဂျင်နီယာကုမ္ပဏီများဖြစ်သည့် ဖင်လန်အခြေစိုက်ဒဲလ် တာမင်းနှင့် ဘလူးစတားသင်္ဘောကုမ္ပဏီများက အဆိုပါ တိုက်တန်းနစ်-၂ သင်္ဘောကြီးတည် ဆောက်ရန်ကြိုးစားခဲ့ကြရာဒဲလ်တာမင်းကုမ္ပဏီ၏ ဒီဇိုင်းနှင့်တည်ဆောက်ခွင့်ရရှိမည်ဖြစ်သည်။ ဒဲလ်တာမင်းကုမ္ပဏီသည် အဆိုပါသင်္ဘောကြီးကို တရုတ်နိုင်ငံစီအက်စ်စီကျင်လန်းသင်္ဘော ကျင်း၌ စတင်တည်ဆောက်ရန်ပြင်ဆင်နေပြီဖြစ်သည်။ ယခုတည်ဆောက်မည့် တိုင်တန်းနစ် - ၂ သင်္ဘောကြီးမှာ အရှည်မီတာ ၂၇၀ ရှိပြီး အမြင့် ၅၃ မီတာရှိကာ သင်္ဘောအလေးချိန်တန် ၃၀၀၀ ခန့်ရှိမည်ဖြစ်သည်။ ယင်းသင်္ဘောပေါ်တွင် အခန်းပေါင်း ၈၄၀ ပါဝင်ပြီး ခရီးသည်ပေါင်း ၂၀၀၀၀ ကျော် စီးနင်းနိုင်ကာ အမေရိကန်နှင့်ဗြိတိန်နိုင်ငံအကြား ရေလမ်းခရီးကို မောင်းနှင်ရန် စီစဉ်ထားသည်။ (အင်တာနက်)

**ကီလိုမီတာ ၁၀၄၀၀ ရှည်သည့် မီးရထားလမ်း အီရန်စတင်ဖောက်လုပ်**
အီရန်နိုင်ငံတွင် ကီလိုမီတာ ၁၀၄၀၀ ရှည်လျားသည့် မီးရထားလမ်းကွန်ရက်တစ်ခုကို နိုင်ငံ တစ်ဝန်းဆက်သွယ်သွားလာနိုင်ရန် စတင်ဖောက်လုပ်နေပြီဖြစ်ကြောင်း အီရန်နိုင်ငံလမ်းပန်း ဆက်သွယ်ရေးနှင့်မြို့ပြဖွံဖြိုးတိုးတက်ရေး ဒုတိယ၀န်ကြီးက ဇွန် ၁၉ ရက်တွင် ပြောကြားလိုက် သည်။ အီရန်နိုင်ငံတွင် မီးရထားလမ်းကွန်ရက်အသစ်များတိုးချဲ့ရန်စီစဉ်လျက်ရှိကြောင်း အီရန်၊ တာ့မင်နစ္စတန်နှင့်ကာဇက်စတန်သုံးနိုင်ငံသင်္ဘောတူညီချက်တစ်ရပ်အရ မီးရထားလမ်း ကွန်ရက်တစ်ခုဖော်လုပ်မှုကို အီရန်နိုင်ငံမြောက်ပိုင်း ဂျော်ဂန်မြို့မှ တာ့မင်နစ္စတန်နယ်စပ် တစ် လျှောက်ရှိ အင့်ခ်ျ-ဘော်ရွန်မြို့များသို့ဖြတ်၍ ယခုနှစ်ကုန်ပိုင်းတွင် ဆက်သွယ်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးအာမက်ဆာဒီက ပြောကြားခဲ့သည်။ ထို့အပြင်အရှည်ကီလိုမီတာ ၃၂၀၀ နှင့် ကီလိုမီတာ ၅၀၀၀ ရှိ အဝေးပြေးလမ်းများကိုလည်း နိုင်ငံအတွင်း၌ တည်ဆောက် သွားမည်ဖြစ်ပြီး အဆိုပါလမ်းကွန်ရက်များပြီးမြောက်သွားသည့်အခါ နိုင်ငံ၏စီးပွားရေးနှင့်လူမှု ဆက်ဆံရေးများ အထူးဖွံ့ဖြိုးတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ၀န်ကြီးက ဖြည့်စွက်ပြော ကြားခဲ့သည်။ (အင်တာနက်)  

**ဇွန် ၂ဝ ရက်တွင် နွေယဉ်စွန်းချိန်ကျရောက်၍ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲစတင်** 
(နယူးယောက်၊ ဇွန် ၂၀) မြောက်ယဉ်စွန်းတန်းဒေသ၌ ဇွန် ၂ဝ ရက် အရှေ့တိုင်းနေ့စံတော်ချိန် နံနက် ၇ နာရီ ၉ မိနစ်တွင် နေသည် ကောင်းကင်ယံ၏အမြင့်ဆုံးအမှတ်သို့ ရောက်ရှိမည်ဖြစ်ပြီး ကမ္ဘာပေါ်၌ ရာသီဥတုအပြောင်းအလဲစတင်မည်ဖြစ်ကြောင်း သိရသည်။နွေယဉ်စွန်းချိန်တွင် မြောက်ယဉ် စွန်းတန်း ဒေသ၌ နွေရာသီတရားဝင်ကျရောက်မည်ဖြစ်ပြီး တောင်ယာဉ်စွန်းတန်းဒေသ၌ ဆောင်းရာသီကျရောက်မည်ဖြစ်သည်။နွေယဉ်စွန်းချိန်ကျရောက်သည့် ဇွန် ၂ဝ ရက်သည် အခြားနေ့များနှင့် နှိုင်းယှဉ်ပါက နေစောစောထွက်၍ နောက်ကျမှဝင်မည်ဖြစ်ရာ ၂ဝ၁၂ ခုနှစ်တစ်နှစ်လုံး၏ နေ့တာအရှည်ဆုံးနေ့လည်းဖြစ်သည်။၂၃ ဒသမ ၅ ဒီဂရီတိမ်းစောင်း နေသော ကမ္ဘာ့ဝင်ရိုးသည် နွေဦးရာသီနှင့် ဆောင်းရာသီကာလများအတွင်း နေရှိရာဘက်သ ဦးတည်တိမ်းစောင်းတတ်ရာ မြောက်ယဉ်စွန်းတန်းဒေသ၌ နေ့တာရှည်လျားတတ်ပြီး တောင်ယဉ်စွန်းတန်းဒေသတွင် ဆောင်းရာသကျရောက်ကာ နေ့တာတိုလေ့ရှိသည်။ ကမ္ဘာမြေ၏ ရာသီဥတုပူနွေးမှုသည် နေနှင့်ကမ္ဘာအကြား အကွာအဝေးနှင့် သက်ဆိုင်မှုမရှိဘဲ ကမ္ဘာ့ဝင်ရိုး၏ အနေအထားနှင့်သာ သက်ဆိုင်မှုရှိသည်။ဗြိတိန်နိုင်ငံ၌ နွေယဉ်စွန်းချိန်ကို ကြိုဆိုရန် လူရာပေါင်းများစွာတို့သည် သမိုင်းမတင်မီခေတ်က တည်ဆောက်ခဲ့သော ကျောက်တုံးစက်ဝန်းအထိမ်းအမှတ်နေရာ (Stonehenge) တွင်စုရုံးရောက်ရှိကြမည်ဟု ခန့်မှန်းရသည်။ရှေးခေတ်ကာလက နတ်ကိုးကွယ်သူ မျိုးနွယ်စုများသည် နွေယဉ်စွန်းချိန်၌ ကျန်းမာရေးနှင့် မျိုးပွားစီးရေးအတွက် အထိမ်အမှတ်ပွဲများ ဆင်ယင်ကျင်းပခဲ့ကြသည်။ (စီဘီအက်စ်) 

**အလာစကာပြည်သူ့ စစ်နှစ်ဦးလူသတ်ရန်ကြံစည်မှုဖြင့်ပြစ်ဒဏ်ကျခံရမည်** 
(အင်ကာရေ့ဂ်ျ၊ ဇွန် ၂ဝ ) အမေရိကန်နိုင်ငံ အလာစကာပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့၏ခေါင်းဆောင် နှင့် ၄င်း၏ နောက် လိုက်များသည် အစိုးရတာဝန်ရှိသူများနှင့် တရားဥပဒေစိုးမိုးရေးအရာရှိများအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုဖြင့် ရုံးတင်စစ်ဆေးခံခဲ့ရပြီးနောက်ပြစ်မှု ထင်ရှားတွေ့ရှိရ ကြောင်း ဒေသဆိုင်ရာသတင်းဌာနများကဇွန် ၂ဝရက်တွင် သတင်းထုတ်ပြန်သည်။အမေရိကန် နိုင်ငံ အလာစကာပြည်နယ် အင်ကာရေ့ဂ်ျမြို့ရှိတရားရုံး၌ ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ထူထောင် သူ နှင့် ၄င်း၏နောက်လိုက်နှစ်ဦးတို့၏အမှုကို ရက်သတ္တပတ်ခြောက်ပတ်ကြာမျှ ကြားနာစစ် ဆေးခဲ့သည်။အသက် (၂၈) နှစ်ရှိ ရှက်ဖာကောက်စ်ဦးဆောင်သော လူသုံးဦးသည် အလာစကာပြည်နယ်ရှိ တရားသူကြီးများ၊ မြင်းစီးရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရတာဝန်ရှိသူများကို လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်ခဲ့ကြသည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ တရားခံများသည် လက်ပစ်ဗုံးများနှင့် အသံတိတ်သေနတ်များအပါအဝင် လက်နက် အမျိုးမျိုး ကို ဝယ်ယူခြင်း၊သို့မဟုတ် ဝယ်ယူရန်ကြိုးပမ်းခြင်းတို့ရှိကြောင်းအစိုးရရှေ့နေများကပြောကြား ကြသည်။ပြစ်မှုထင်ရှားတွေ့ရှိရသူနှစ်ဦးသည် အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိသည်။ (ရိုက်တာ)

 စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)