-*ဘ၀အမောပြေ*-
**ခေါ်လာပါ**
အမျိုးသားတစ်ဦးသည် ဆံပင်ညှပ်ဆိုင်တစ်ဆိုင်အတွင်းသို့ ၀င်ရောက်လာသဖြင့် ဆံပင်ညှပ်သမားက မေးမြန်းလေသည်။ ဆံပင်ညှပ်သမား = မင်္ဂလာပါ..ဆံပင်ညှပ်မလို့လားခင်ဗျာ…။ အမျိုးသား = မဟုတ်ပါဘူး။
ဆံပင်ညှပ်သမား = ဒါဆို…ဘာကိစ္စများပါလဲ..။
အမျိုးသား = သိချင်တာလေးရှိလို့ပါ..။
ဆံပင်ညှပ်သမား = ဟုတ်ကဲ့..ပြောပါ။
အမျိုးသား = ကျနော်ရဲ့ နှစ်နှစ်အရွယ်သားလေးကို ဆံပင်ညှပ်ပေးချင်လို့ပါ.. သူကအ ရမ်ဆိုးတယ်ဗျာ..ဆံပင်ညှပ်မယ်ပြောလိုက်တိုင်း အော်ဟစ်ငိုယိုနေတော့တာ ပဲ။
ဆံပင်ညှပ်သမား = သြော်..ကလေးဆိုတော့..။
အမျိုးသား = အဲ့ဒါ..ကျနော့်သားလေးဆံပင်ညှပ်ပေးရအောင် ဘယ်အချိန်လောက် ခေါ်လာရမလဲ..။ ဆံပင်ညှပ်သမား = ခြောက်နှစ်လောက်ကျရင် ခေါ်လာခဲ့ပါ..။
အမျိုးသား = “ဗျာ”
အာကာဟိန်း-ရေးသားသည်။

No comments:
Post a Comment