ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 23, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

**ဟဲဗီးဝိတ်ချန်ပီယံဟောင်းမိုက်တန်စန် နယူးယောက်မြို့၌ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပ မည်**
(နယူးယောက်၊ ဇွန် ၂၁) မိုက်တန်စန်ပါ ၀ င်သရုပ်ဆောင်ထားသည့် Mike Tyson; Undisputed Truth ရုပ်ရှင်ကားကို ဒါရိုက်တာစပိုက်လီကရိုက်ကူးထားပြီဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ပြီးခဲ့သည့်ဧပြီလက အမေရိကန်နိုင်ငံ လပ်ဗီးဂတ်စ်မြို့၌ ပြသခဲ့သည်သဖြင့် ဒါရိုက်တာစပိုက်လီက နယူးယောက် မြို့ မိုက်တန်စန်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ ၄င်းပွဲကို နယူးယောက်မြို့ လောင်းဂရေ့က ဇာတ်ရုံ၌ ဇူလိုင် ၃၁ ရက်ညမှ သြဂုတ် ၅ ရက်ညအထိ ခြောက်ညတိုင်တိုင်ကျင်းပမည်ဖြစ်သည်။ ယင်းတစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် မိုက်တန်စန်၏ ဘ၀ဇာတ်ကြောင်းများပြသမှု၊ မိုက်တန်စန်ကိုယ်တိုင်ပြောပြမှုနှင့် လက်ဝှေ့ထိုးသတ်ပွဲများ၊ မိုက်တန်စန်သည် အမေရိကန်နိုင်ငံ ဘရွတ်ကင်းအရပ်၌ ငယ်စဉ်ဘ၀နေထိုင်ခဲ့စဉ်မှ ၁၉၈၆ ခုနှစ် အသက် ၂၀ အရွယ်၌ ကမ္ဘာ့အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့ပုံများကို တင်ဆက်ပြသမည်ဖြစ်သည်။ ထို့အပြင် ဟဲဗီးဝိတ်ချန်ပီယံထိုးသတ်ပွဲ၌ ပြိုင်ဘက်ဟိုလီဖီးကို ကြိုးဝိုင်းအတွင်းယှဉ်ပြိုင်ထိုးသတ်စဉ် ဟိုလီဖီး၏နားရွက်အား မိုက်တန်စန်က ကိုက်ဖြတ်ခဲ့မှု ပြကွက်များနှင့် ထိုစဉ်က ခံစားမှုများကို မိုက်တန်စန်က ကိုယ်တိုင်ပြောပြမှုများလည်းပါဝင်မည် ဖြစ်သည်။ (အင်တာနက်)

**ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဗစ်တိုးရီးယားဂျက်စတီး Fun Size ဇာတ်ကားရိုက်ကူးမှု ဇူလိုင်လကုန်ပြီးမည်**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၁) ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဗစ်တိုးရီးယားဂျက်စတီးဟာ Fun Size အမည်ရှိတဲ့ ဇာတ်ကားသစ်ရိုက်ကူးနေတာ ဇူလိုင်လကုန်မှာ ပြီးစီးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဗစ်တိုးရီးယားဂျက်စတီးဟာ မကြာခင်ကပဲ The First Time အမည်ရှိတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ပြီး ဇွန်လကုန်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ Fun Size ဇာတ်ကားမှာတော့ ဂျက်စတီးဟာဝါရင့်အမည်ရှိတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ ဘ၀ဖြတ်သန်းမှု အဖြစ်အပျက်တွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီးဂက်စတီးဟာ ၂၀၁၂ ခုနှစ် အတွင်းမှာ ရုပ်ရှင်ကားတွေ ရိုက်ကူးနေရတဲ့အပြင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေမှာလည်းပါဝင်သရုပ်ဆောင်နေရပါတယ်။ အဲဒီရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေကတော့ i Carly နံ့ Figure It Out တွေဖြစ်ပါတယ်။ အဆိုတော်တစ်လည်း ဖြစ်တဲ့ ရုပ်ရှင်မင်းသမီး ဂျက်စတီးဟာ သူမရဲ့ Victorious အမည်ရှိတဲ့ တေးစီးရီးကို ဒီနှစ်ထဲမှာ ပြန်လည်ဖြန့်ချိဖို့လည်း စီစဉ်နေပါတယ်။ အဖွဲ့လိုက်သီဆိုထုတ်လုပ်ခဲ့တဲ့ တေးစီးရီးတွေက တော့ Spectacular၊ Victoriors-2 တို့ပဲဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး ဂျက်စတီးဟာ အဆိုတော်အဖြစ်လည်း ပရိသတ်တွေ အားပေးခြင်းခံရတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ (အင်တာနက်)

**အာဆင်နယ်၌ ဗန်ပါစီ ဆက်ရှိနေမည်မှာသေချာကြောင်းအာစင်ဝင်းဂါးပြောကြား**

(လန်ဒန် ဇွန် ၂၁) ဟော်လန်တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီသည် အာဆင်နယ်အသင်း၏ အားထားရသည့် ကစားသမားတစ်ဦးဖြစ်ပြီး လာမည့်ဘောလုံးရာသီတွင်လည်း အာဆင်နယ်အသင်း၌ ဆက်ရှိနေမည်မှာ သေချာကြောင်း အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးကထုတ်ဖော်ပြောကြားခဲ့သည်။ အသက်(၂၈)နှစ်အရွယ်ရှိ ဗန်ပါစီသည် အာဆင်နယ်အသင်းနှင့် စာချုပ် သက်တမ်း တစ်နှစ်ကျန်ရှိနေပြီး အသင်းနှင့် စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုရန် လည်း သဘောတူထားကြောင်းအာစင်ဝင်းဂါးက ဆိုသည်။ အာဆင်နယ်အသင်းသည် ဗန်ပါစီအား ပေါင် သန်း ၃ဝ ဖြင့် ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးအသင်း နှင့် စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းတို့က ပစ်မှတ်ထားလာခဲ့သည်။ သို့သော် အာဆင်နယ်တိုက်စစ်မှူးရော်ဘင်ဗန်ပါစီသည် လန်ဒန်မြောက်ပိုင်း အခြေစိုက် အာဆင်နယ်အသင်း၌ ဆက်ရှိနေမည်ဟု အာစင်ဝင်းဂါးက အခိုင်အမာ ပြောကြားခဲ့သည်။အာဆင်နယ်အသင်းသည် လာမည်ဘောလုံးရာသီတွင် အသင်း၏ကစားသမား အင်အားဖြည့်တင်းမည်ဖြစ်၍ တိုက်စစ်မှူးရော်ဘင်ဗန်ပါစီကို အာဆင်နယ်အသင်း၌ ဆက်ရှိရေး ဆောင်ရွက်နေသည် အပြင် ဂျာမနီတိုက်စစ်မှူး လူကက်စ်ပိုဒေါစကီးအား ပြောင်းရွှေ့ကြေးပေါင် ၁ဝ သန်းဖြင့် စာချုပ်ချုပ်ဆိုခေါ်ယူခြင်းနှင့် မောင့်ပယ်လီယာအသင်းမှ ပြင်သစ် တိုက်စစ်မှူး အိုလီဗာဂီရောက်ကိုလည်းယူရို ၂ဝ၁၂ ပြိုင်ပွဲအပြီးတွင် အပြီးသတ် စာချုပ်ချုပ်ဆို ခေါ်ယူသွားမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ပြောကြားခဲ့သ ထို့ပြင် စီးရီးအေကလပ် ဂျူဗင်တပ် အသင်းက တိုက်စစ်မှူး ဗန်ပါစီအားကမ်းလှမ်းခဲ့ချိန်တွင် ဗန်ပါစီသည် အာဆင်နယ်အသင်းမှ ထွက်ခွာလိမ့်မည် မဟုတ်ကြောင်း အာစင်ဝင်းဂါးက ဂျူဗင်တပ်အသင်းအား ပြောကြားခဲ့သည်။ (အင်တာနက်) 

**ကိုရီးယားရုပ်ရှင်မင်းသား လီဂျီဟွန်း Ghost Sweepers ဇာတ်ကားရိုက်ကူးမည်**
 (ဆိုးလ်၊ ဇွန် ၂၁) တောင်ကိုရီးယားရုပ်ရှင်မင်းသားလီဂျီဟွန်းပါဝင်သရုပ်ဆောင်ထားသည့် Architecture 101 အမည်ရှိ ရုပ်ရှင်ကားသည် ၀င်ငွေကောင်းသည့် ဇာတ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဇွန် ၂၀ ရက်က သတင်းထုတ်ပြန်သည်။ ယင်းဇာတ်ကားသည် စုစုပေါင်းဝင်ငွေအမေရိကန်ဒေါ်လာ ၂၈ သန်းရရှိခဲ့သည်။ ဆက်လက်ပြီး ဇာတ်ကားအသစ် Ghost Sweepers ကိုလည်း ရိုက်ကူး မည်ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသား လီဂျီဟွန်းသည် ယင်းဇာတ်ကား၌ အချစ်ကို ဦးစားပေးခဲ့သော တက္ကသိုလ်ကျောင်းသားတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဒါရိုက်တာ ယွန်ဆန်ဟွန် ရိုက်ကူးသည့် ဒရာမာဇာတ်ကားတစ်ကားဖြစ်သော Bleak-Night ရုပ်ရှင်ကား၌လည်း အထက်တန်းကျောင်းသားတစ်ဦး လက်ဝှေ့ဝါသနာပါပြီး ယှဉ်ပြိုင်ထိုးသတ်ခဲ့မှုများကို သရုပ်ဆောင်ခဲ့သည်။ ထို့ကြောင့်ပြီးခဲ့သည့်နှစ်က ကေဘီအက်စ်ရုပ်မြင်သံကြားလိုင်းက ချီးမြှင့်သည့် ရော့ကီးဆုကို ဇာတ်လမ်းတွဲ၌လည်း ပါဝင်သရုပ်ဆောင်ခဲ့ရာ လူကြိုက်များခဲ့သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - ကိုသစ္စာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)