ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 23, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ရေနှင့်ကုန်း နှစ်မျိုးမောင်းနှင်နိုင်သည့် မော်တော်ကား ထုတ်လုပ်ပြီ**
 (နယူးယောက်၊ ဇွန် ၂၁) အမေရိကန်နိုင်ငံ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် မက်ဝစ်ကုမ္ပဏီကကမ္ဘာပေါ်တွင်ပထမဆုံး ရေနှင့်ကုန်း နှစ်မျိုးစလုံးမောင်းနှင်သွားလာနိုင်သည့်
 မော်တော်ကား တစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ပြီး စတင်ရောင်းချနေပြီဖြစ်ကြောင်း ဇွန် ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ Sea Lion ဟု အမည်ပေးထားသော ၄င်းမော်တော်ကား သည် ကားလမ်းပေါ်တွင် တစ်နာရီ ကီလိုမီတာ ၂၉၀ နှုန်း မောင်းနှင်းနိုင်ပြီး ရေပြင်၌ တစ်နာရီ၇၂ ကီလိုမီတာနှုန်း မောင်းနှင်နိုင်သည်။ ၄င်းကားမှာ ပြိုင်ကားအမျိုးအစားဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၂၉၅၅၀၀ ဖြင့် ရောင်းချနေပြီဖြစ်သည်။ (အင်တာနက်)

**ကျားနှင့် ကြံ့ များစောင့် ရှောက်ရေး နီပေါ၌ မောင်းသူမဲ့ လေယာဉ်အသုံးပြုမည်**
 (ခတ္တမန္ဒူ၊ ဇွန် ၂၁) နီပေါနိုင်ငံ၌ မျိုးသုဉ်းတော့မည့် ဘေးအန္တရာယ်ရှိသောကျားနှင့် ကြံ့သတ္တဝါများအား ခိုးဝှက် သတ်ဖြတ်ခြင်း ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးပညာ ရှင်များကမောင်းသူမဲ့လေယာဉ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်းဒေသဆိုင်ရာသတင်းဌာန များက ဇွန် ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။နီပေါတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့် ရှောက် ရေး ရန်ပုံငွေအဖွဲ့သည် ယခုလအတွင်း ချစ်ဝန်အမျိုးသား သစ်တောဥယျာဉ်၌ မောင်းသူမဲ့လေယာဉ်နှစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပျံသန်းခဲ့သည်။ အဆိုပါသစ်တောဥယျာဉ်သည် နီပေါနိုင်ငံတောင်ပိုင်း လွင်ပြင်ဒေသ၌ တည်ရှိပြီး ယင်းဥယျာဉ်၌ ကမ္ဘာပေါ်တွင် အရှားပါးဆုံး တိရစ္ဆာန်မျိုးများ ကျက်စားနေထိုင်သည်။ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်သော မောင်းသူမဲ့လေယာဉ်များကို နီပေါနိုင်ငံ၏ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအတွက် အသုံးပြုခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။မောင်းသူမဲ့လေယာဉ်သည် တောင်ပံအလျား နှစ်မီတာ (၆ဒသမ ၅ပေ)ရှိပြီး ၂၅ကီလိုမီတာ(၁၅ဒသမ ၅မိုင်)ခရီးအထိ ပျံသန်းနိုင်စွမ်းရှိသည်။ အဆိုပါလေယာဉ်သည် တစ်ကြိမ်လျှင် ၄၅ မိနစ်ကြာဝေဟင်အတွင်း ပျံသန်းနိုင်ပြီး အမြင့်မီတာ ၂ဝဝ အထိ ပျံတက်ကာ ဝဲပျံနေနိုင်သည်။(အေအက်ဖ်ပ်)

  **အမေရိကန် ကိတ်ကာနေဗယ်ဂြိုလ်တုလွှတ်တင်ရေးစခန်းမှ အက်လက်စ်ဗွီဂြိုလ်တု အောင်မြင်စွာလွှတ်တင်** 
(၀ါရှင်တန်၊ ဇွန် ၂၁) အမေရိကန်လေတပ်က အက်လက်စ်ဗွီအမည်ရှိ ဒုံးပျံဖြင့် ထောက်လှမ်းရေးဂြိုလ်တုတစ်လုံးကို ဇွန် ၂၀ ရက်က လွှတ်တင်လိုက်ကြောင်း၊ ယင်းဂြိုလ်တုကို အမေရိကန်ပြည်ထောင်စု ဖလော်ရီ ဒါပြည်နယ်ကိတ်ကာနေဗယ်ဂြိုလ်တုလွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်လိုက်ခြင်း ဖြစ်ကြောင်း ဇွန် ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါဂြိုလ်တုသည် သတင်းထောက် လှမ်းရေးလုပ်ငန်းမျာအပြင် ရာသီဥတုဆိုင်ရာသတင်းအချက်အလက်များနှင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းမှနေ၍ ကမ္ဘာမြေလေ့လာရေးလုပ်ငန်းများကို လေ့လာသွားမည်ဖြစ်သည်။ ၄င်းဂြိုလ်တုသည် သတင်းဆက်သွယ်ရေးဆိုင်ရာ ဂြိုလ်တုတစ်လုံးကဲ့သို့လည်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။ (အင်တာနက်) 

 **လမျက်နှာပြင် ချိုင့်ဝှမ်းတစ်ခုအတွင်း ရေခဲလွှာများ တည်ရှိနေနိုင်** 
(ဂရင်းဘဲလ်သ် ဇွန် ၂၁ ) လစူးစမ်းရေး အာကာသယာဉ်တစ်စင်းကပေးပို့သော အချက်အလက်များအရ လမျက်နှာပြင် ပေါ်မှ ချိုင့်ဝှမ်းတစ်ခု၏ မျက်နှာပြင် ၂၂ ရာခိုင်နှုန်းကို ရေခဲများဖြင့် ဖွဲ့စည်းထားသည်ဟု ယူဆရဖွယ်ရှိကြောင်း အမေရိကန်ပြည်ထောင်စု အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲမှုအေဂျင်စီ(နာဆာ)က ဇွန် ၂ဝ ရက်တွင်ပြောကြားသည်။လစူးစမ်းရေး အာကာသယာဉ်၏ လေဆာရောင်ခြည်သုံးအာရုံခံကိရိယာတစ်ခုမှ ရရှိသည့် တိုင်းတာချက်များကို အသုံးပြု၍ သိပ္ပံပညာရှင်များက လ၏တောင်ဝင်ရိုးစွန်းဒေသ၌ တည်ရှိသောရှပ်ကယ်တန်အမည်ရှိ ချိုင့်ဝှမ်းတစ်ခု၏အောက်ခြေမျက်နှာပြင်အား လေ့လာခဲ့ကြသည်။ယင်းသို့လေ့လာရာတွင် ရှပ်ကယ်တန် ချိုင့်ဝှမ်းသည် အနီးအနားရှိ ချိုင့်ဝှမ်းများထက် ပိုမိုတောက်ပလျက်ရှိသည်ကို တွေ့ရှိခဲ့ရာ ယင်းချိုင့်ဝှမ်း အောက်ခြေမျက်နှာပြင်၌ ရေခဲလွှာများ ရှိနေသည့်သဘောဖြစ်ကြောင်း နာဆာသိပ္ပံ ပညာရှင်များကကောက်ချက်ချထားသည်။ရှပ်ကယ်တန် ချိုင့်ဝှမ်းသည် စတင်ဖွဲ့စည်း ဖြစ်တည်ချိန် လွန်ခဲ့သောနှစ်ပေါင်း သုံးဘီလီယံမှစ၍ ယနေ့တိုင် အပျက်အစီးအပြောင်းအလဲမရှိပကတိနီးပါး တည်ရှိနေဆဲဖြစ်သည့် လမျက်နှာပြင် ချိုင့်ဝှမ်းတစ်ခုဖြစ်သည်။ရှပ်ကယ်တန်ချိုင့်ဝှမ်းကို လေ့လာခြင်းအားဖြင့်လမျက်နှာပြင်ပေါ်မှ ချိုင့်ဝှမ်းများ၏ ဖွဲ့စည်းပုံအားလေ့လာစူးစမ်းနိုင်ရန်အတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း နာဆာအဖွဲ့က ပြောကြားခဲ့သည်။ (ယူပီအိုင်) 

**တန်ဇန်နီးယားကမ်းလွန်၌ သဘာဝဓါတ်ငွေ့သိုက်ကြီးတွေ့ရှိ** 
(ဒါအစ္စလမ်၊ ဇွန် ၂၁) တန်ဇန်းနီးယားနိုင်ငံ ကမ်းလွန်ပင်လယ်ကြမ်းပြင်အောက်၌ ကြီးမားသည့် သဘာဝဇာတ်ငွေ့ သိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇွန် ၁၉ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ အဆိုပါသဘာဝဓါတ်ငွေ့သိုက်ကြီးကို နော်ဝေနိုင်ငံမှ စတာကိုလ်ကုမ္ပဏီနှင့် အမေရိကန်မှ အိတ်စ်ဆွန်ကုမ္ပဏီတို့က ပူးတွဲပြီးရှာဖွေခဲ့ခြင်းဖြစ်သည်။ ၄င်းကုမ္ပဏီနှစ်ခုတို့သည် တန်ဇန်းနီး ယားနိုင်ငံ ကမ်းလွန်သဘာဝဓာတ်ငွ့ရှာဖွေထုတ်ယူရေးအတွက် ပူးတွဲဆောင်ရွက်နေကြသည့် ကုမ္ပဏီများဖြစ်သည်။ ယင်းသဘာဝဓါတ်ငွေ့သိုက်ကြီးကို တန်ဇန်းနီးယားနိုင်ငံ လန်ဒီဒေသကမ်းလွန် ကီလိုမီတာ ၈၀ ခန့်အကွာ ရေအောက်ကြမ်းပြင်၌ တွေ့ရှိခဲ့ခြင်းဖြစသည်။ ၄င်းသဘာဝဓါတ်ငွေ့သိုက်ကြီးမှ သုံးနှစ်အတွင်းသဘာဝဓါတ်ငွေ့ ကုဗပေ ၂၀.၉၇ ထရီလီယံ အထိ ထုတ်ယူနိုင်မည်ဖြစ်သည်။ ထို့အတူ တန်ဇန်းနီးယားနိုင်ငံကမ်းလွန် မာဇီပင်လယ်အော်အတွင်း၌လည်း သဘာဝဓါတ်ငွေ့သိုက်များကို ဆက်လက်ရွာဖွေသွားမည် ဖြစ်သည်။ (အင်တာနက်) 

 စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)