ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 27, 2012

>
-ယု-
(၁) အကယ်၍များ ကျွန်မ သူမနှင့် တွေ့ဖြစ်မည် ဆိုလျှင် သူမကို ပုခုံးမှ ဆွဲကိုင် လှုပ်ရမ်းပြီး မေးခွန်းတခုကို မေးလိုက်ချင်ပါသည်… သူမ ပြန်ဖြေလာမည့် အဖြေကို ကြိုတင် တွက်ဆကာ သိနှင့်နေပြီးသား ဖြစ်သော်လည်း ထိုအဖြေသည် သူမ ရင်ထဲက လာသော အဖြေစစ်စစ် ဟုတ် မဟုတ်… ဤအဖြေအတွက် သူမ၏ ဆန္ဒ တကယ် ပါ မပါ… ကျွန်မ သူမ၏ မျက်နှာကို စေ့စေ့ကြည့်ကာ အကဲဖြတ်ချင်ပါသေးသည်…။ (၂) သူမကို သူငယ်ချင်းများက ယု ဟု ခေါ်ကြသည်။ သူမ နာမည် အရှည်ကို ကျွန်မ မသိပါ။ တတန်းထဲသား မေဂျာတူ သူငယ်ချင်းများဖြစ်သော်လည်း အုပ်စုချင်း မတူသောကြောင့် ယု နှင့် ကျွန်မ မရင်းနှီးပါ။ ယုသည် အသားဖြူဖြူ ပိန်ပိန်ပါးပါး အရပ် မနိမ့်မမြင့်၊ ကျောလယ် မရောက်တရောက် ဆံပင် နက်နက်ကလေးများ၊ ရိုးသား ရှင်းလင်းသော ဝတ်စားဆင်ယင်မှုနှင့် ကြည်လင်သော မျက်နှာလေးက မြင်သူတိုင်းကို အထူးတလည် စွဲမက်ဖွယ် ဖြစ်မနေသော်လည်း အတန်းသား အတော်များများကမူ ယု ကို စွဲလန်း နှစ်သက်နေကြသည်ဟု ကျွန်မ သတင်းကြားပါသည်။ ညညဆို ယု နေသော အဆောင်အောက်မှာ ကြားရတတ်သော “ရိုးရိုးလေးသာ ဝတ်ခဲ့ပါကွယ် အေးမြလို့…” ဟူသော တေးသံများသည် ယုအတွက် သီးသန့် ဖြစ်သည်တဲ့…။ (၃) ထိုသတင်းကို သယ်ဆောင်လာသူက ကျွန်မနှင့် ကျူရှင်အတူတူ တက်နေသော သူငယ်ချင်းတယောက် ဖြစ်ပါသည်။ သူ့အပြောအရ ယု သည် အခြား မေဂျာမှ ကျောင်းသားတယောက်နှင့် တတွဲတွဲ ရှိနေသည် တဲ့…။ မကြာခင် ချစ်သူများ ဖြစ်သွားကြတော့မည်ဟုလည်း ခန့်မှန်းနေကြသေးသည်…။ ကျွန်မတို့ အုပ်စုထဲမှ ယောက်ျားလေးသူငယ်ချင်း တယောက်က ယုကို ချစ်ခင် စွဲလန်းနေရာ ယု ချစ်သူ ရသွားပြီ ဆိုသောကြောင့် သူ အသည်းကွဲနေရပါပြီ တဲ့…။ ကျူရှင်ချိန်တချိန်လုံး “ဟိုတခါက ချစ်ခဲ့လေသမျှ ပြန်မြင်ယောင် အောက်မေ့ဆဲပါ ယုရေ… ညင်သာစွာ ကျောခိုင်းရက်သူ ယုရေ... အရင်လို ပြန် ယုယပါရစေ ယုရေ...” ဟု အကြိမ်ဖန်များစွာ ဆိုညည်းနေလေတော့သည်။ (၄) ထိုနေ့ မနက်က မနက်စာစားရန် ကန်တင်းကိုအသွားမှာ ယုတို့ နှစ်ယောက်အတွဲကို ကျွန်မကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ခဲ့ရသည်။ အမျိုးသားကလည်း ယုလိုပင် အသားဖြူဖြူ အရပ်မြင့်မြင့်.. ယုနှင့် လိုက်ဖက်စွာ တင့်တယ်လှသည်…။ ပြုံးပျော်နေသော ယုကိုတွေ့တော့ အချစ်ဆိုတာ လူတယောက်ကို အလိုလိုနေရင်း ကြည်လင် ရွှင်လန်းနိုင်စေသည်ပဲ ဟု ကျွန်မ တွေးမိပါသည်။ အပြင်အဆင် အခြယ်အသ ကင်းကင်း၊ မိန်းကလေးဆန်ဆန် နူးညံ့ပျော့ပျောင်းခြင်း အလျင်းမရှိပဲ ဖြစ်သလို နေတတ်သူတယောက်က အချစ် ဟူသော စကားလုံးအပေါ် မလိုအပ်ပဲနှင့် စဉ်းစားခန်းဝင်မိသောကြောင့် ကိုယ့်ကိုကိုယ် အနည်းငယ် လိပ်ပြာမလုံဖြစ်သွားပါသည်။ သို့သော်လည်း စာမေးပွဲအပြီး ကျောင်းပိတ်ရက်မှာ ဝမ်းကွဲ ညီအကို မောင်နှမများနှင့်အတူ ဘုရားစုံ သွားဖူးကြမည်ဟူသော အတွေးနောက်မှာ ထိုအကြောင်းတွေ ကျွန်မခေါင်းထဲမှ အားလုံး လွင့်ပျောက်သွားပါတော့သည်…။ (၅) ကျောင်းပြန်အဖွင့်မှာ ပန်းပွား လွယ်အိတ် အနီရဲရဲလေးနှင့် ကျောင်းလာသော ယုကို တွေ့ရပါသည်။ လိုအပ်သည်ထက်ပို၍ ပိန်သွယ်သွားသော ယုသည် နေကောင်းပြီးကာစ လူမမာလေးတဦးသဖွယ်… ကျွန်မ စိတ်ထင်လို့လားမသိ… ယု မျက်နှာလေးကလည်း အနည်းငယ် ညှိုးနေသလိုပင်။ သို့သော်လည်း ယု တွဲနေကျ သူငယ်ချင်းများကလည်း ထုံးစံအတိုင်း ယု နံဘေးမှာ… အချင်းချင်း ပျော်ပျော်ပါးပါး စကားတွေ ဖေါင်ဖေါင်ကြဲ ပြောဆိုနေကြခြင်းကြောင့် အရာရာသည် ပုံမှန်သာ ဖြစ်လိမ့်မည်ဟု ကျွန်မ ယူဆခဲ့ပါသည်။ သို့သော်…
(၆) ကျူရှင်ကိုရောက်မှ သတင်းစုံတော့သည်။ ယု တို့ ချစ်သူနှစ်ယောက် အဆင်မပြေတော့ပါ တဲ့…။ ဘာကြောင့်များပါလိမ့်… လွတ်လပ်သော လူငယ် လူရွယ်နှစ်ယောက်၏ ဖြူစင်သော ချစ်ခြင်းတွေကို မည်သည့်အရာများက ဝေးကွာစေသည်လဲ… ထိုကာယကံရှင်နှစ်ယောက်ကရော သည်လို ဝေးကွာခြင်းတွေကို မည်သို့သော အင်အားတွေနှင့် ဆက်လက်ရှင်သန်နေကြသည်လဲ… ကိုယ်နှင့်မဆိုင်သော်လည်း ကျွန်မ သိချင်မိသည်။ (၇) အကြောင်းရင်းကို သိလိုက်ရသောအခါ ကျွန်မ များစွာ အံ့သြရတော့သည်။ ယု ထိုအမျိုးသားကို ဖြတ်တောက် ရှောင်ဖယ်လိုက်ရခြင်း အကြောင်းရင်းမှာ အတူသွား အတူလာ အတန်းဖေါ်သူငယ်ချင်းများက မနှစ်မြို့သောကြောင့် ဆိုပါလား…။ ကျွန်မ ဘုရားရေ… ဟု အကြိမ်ကြိမ် တ ကာ ယု ဆိုသော မိန်းကလေးကို ပထမဆုံးအကြိမ်အဖြစ် နားမလည်နိုင်အောင်ဖြစ်မိသည်။ ကျွန်မ သိရသလောက်တော့ ယုသည် ထိုအမျိုးသားလေးအပေါ်တွင် ချစ်ခင် တွယ်တာနေပေပြီ…။ ကျွန်မကိုယ်တိုင်လည်း ယုတို့မျက်နှာပေါ်မှ ချစ်အရိပ်တွေကို မြင်ခဲ့ရဖူးသည် မဟုတ်ပါလား…။ သို့သော် သူငယ်ချင်းများက အကြောင်းအမျိုးမျိုးဖြင့် ယုကို ထိုသူနှင့် မဆက်သွယ်ရန် တားမြစ်ကြသည် တဲ့…။ ထိုသူ့အကြောင်း မကောင်းသတင်းများကို ယု ကို ပြောဆိုကြသည်တဲ့..။ သည်လို အတူတူ တွဲသွား တွဲလာနေနေလျှင် အများအမြင် မတင့်တယ်သောကြောင့် မနေသင့်ဟု ပြောကြသည် တဲ့…။ သူငယ်ချင်းများ၏ သြဇာ လွှမ်းမိုးမှုကို ယု က မတွန်းလှန်နိုင်တော့ပြီလား..။ သူများအကြောင်းတွေကို စိတ်မဝင်စားတတ်၊ သူတပါးကို အပြစ်မမြင်တတ်သော ကျွန်မစိတ်ထဲ ယုနှင့် ယု သူငယ်ချင်းများအကြောင်း ကြားရသည်မှာ အတော်လေး စိတ်ကသိကအောက် ဖြစ်ရတော့သည်။ (၈) ယုရယ်… လောကမှာ ကိုယ့်ကို တကယ်ချစ်တဲ့သူ ကိုယ်ကလည်း တကယ်ချစ်ရသူရဲ့ လက်ကို ရဲရဲတင်းတင်း ဆုပ်ကိုင်ဖို့ ဘာတွေများ တွန့်ဆုတ် တွေဝေနေရတာလဲ… ဘာကြောင့်များ သူများတွေရဲ့ စီမံ ဆုံးဖြတ်မှုအောက်မှာ နာခံ နစ်မျောသွားရတာလဲ… ဘဝမှာ သူငယ်ချင်းတွေက ချစ်သူထက် ပိုပြီး အရေးပါတယ်လို့ ခံယူတယ်ပေါ့… ဒီအတွက် တဖက်သားကို နာကျင်စေဖို့ ပြီးတော့ ယု ကိုယ် ယုလည်း နာကျင်စေဖို့ သည်လမ်းကို ဆုံးဖြတ် ရွေးချယ်သည်ပေါ့… ကျွန်မ တကယ်ကို နားမလည်နိုင်ပါ…။ (၉) စိန်ကဲ ရွှေကဲ ထက် လူကဲခတ်ရတာ ပို ခက်သည် တဲ့…။ အကယ်၍များ ကျွန်မ ယုနှင့် ရင်းနှီးသော သူငယ်ချင်းဖြစ်ခွင့်ရမည်ဆိုလျှင်၊ ယုနှင့် နှစ်ယောက်တည်း မျက်နှာချင်းဆိုင် အေးအေးဆေးဆေး တွေ့ဖြစ်မည်ဆိုလျှင် ယုကို ပုခုံးမှ ဆွဲကိုင် လှုပ်ရမ်းပြီး ယုရဲ့ မျက်လုံးတွေထဲကို အတင်း တိုးဝင်ကြည့်ရင်း ကျွန်မ သိလိုသော မေးခွန်းတခုကို မေးလိုက်ချင်ပါသည်…။ ယု ပြန်ဖြေလာမည့် အဖြေကို ကြိုတင် တွက်ဆထားပြီးဖြစ်သော်လည်း ထိုအဖြေသည် ယု ရင်ထဲမှာ တကယ်ရှိနေသော အဖြေစစ်စစ် ဟုတ် မဟုတ်၊ ဤအဖြေအတွက် ယု၏ ဆန္ဒ တကယ် ပါ မပါ ဆိုသည်ကို ယု မျက်ဝန်းနက်နက်တွေထဲမှာ၊ ယု နှုတ်ခမ်းဖျားက အပြုံးအရယ်တွေထဲမှာ၊ သာယာချိုရှသော စကားသံတွေထဲမှာ တွေ့အောင် ရှာရင်း ကျွန်မ အထင် မှန် မမှန် တယောက်ယောက်ကို စိန်ခေါ်ကာ လောင်းကြေးထပ် ကြည့်လိုက်ချင်ပါသည်…။ သေချာသည်ကတော့ သည်ပွဲမှာ ဘယ်လိုနည်းနှင့်မျှ ကျွန်မ မရှုံးနိမ့်နိုင်ပါချေ။ 

Posted by သက်ဝေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)