ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 26, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ဒေးဗစ်ဆေးလ်ဗားအား စာချုပ်သစ်ချုပ်ဆိုရန်မန်စီးတီးအသင်း အသင့် ရှိနေ** (မန်ချက်စတာ၊ ဇွန် ၂၄) ၄၄ နှစ်တာကာလအတွင်း ပရီမီယာလိဂ် ချန်ပီယံဖြစ်လာခဲ့သည့် မန်စီးတီး အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းမှ စိတ်ဝင်စားလျက်ရှိသော မန်စီးတီး အသင်း၏ အားထားရသည့် စပိန်ကွင်းလယ်ကစားသမား ဒေးဗစ် ဆေးလ်ဗားအား ပေါင် ၅၂ သန်းဖြင့်စာချုပ်သစ်တစ်ရပ်ချုပ်ဆိုရန် အသင့် ရှိနေကြောင်း ပြောကြားခဲ့သည်။ယူရို ၂ဝ၁၂ ပြိုင်ပွဲဝင် စပိန်အသင်း၏ ကွင်းလယ်တွင် ခြေစွမ်းပြလျက်ရှိသောအသက်(၂၆)နှစ်အရွယ်ရှိ ဆေးလ်ဗား သည် ပြောင်းရွှေ့ကြေးပေါင် သန်း ၅ဝဖြင့် ကမ်းလှမ်းလာသည့် ဂျို့စ်မော်ရင်ဟို၏ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လိုသည်ဆိုသည့်အချက်ကို ငြင်းပယ်ခဲ့ ခြင်းသည် မန်စီးတီးအသင်းအတွက်အပြုသဘောဆောင်သော သတင်းဖြစ် လာခဲ့သည်။စပိန်ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားသည် စာချုပ်သက်တမ်းနှစ်နှစ် ကျန်ရှိနေသေးသည်။ သို့သော် မန်စီးတီးအသင်းကမူ အသင်း၏အားထားရသည့် ကွင်းလယ်ကစားသမားအား ဆုံးရှုံးရန်အလိုမရှိဖြစ်နေခဲ့သည်။ ထို့ကြောင့် ဒေးဗစ်ဆေးလ်ဗားကို မန်စီးတီးအသင်း၏ကစားဖော်များဖြစ်သည့် ဆာဂျီရိုအဂူရို၊ တိဗက်ဇ်နှင့် ယာယာတိုရေးတို့ကဲ့သို့သောလုပ်ခလစာပေးကာ တစ်ပတ်လုပ်ခ ပေါင် ၂ဝဝဝဝဝ ဖြင့် ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုရန် မန်စီးတီး အသင်း ပြင်ဆင်ခဲ့သည်။ဆေးလ်ဗားသည် ၂ဝ၁ဝ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် ၂၄ သန်းဖြင့် ဗလင်စီယာအသင်းမှ မန်စီးတီးအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဒေးဗစ်ဆေးလ်ဗားသည် ပြိုင်ဘက်ကစားသမား များအား ဖြတ်ကျော်နိုင်သည့် စွမ်းရည်ရှိခဲ့ခြင်းကြောင့် မန်စီးတီးအသင်းက ၄င်းအား ''မာလင်''ဟု အမည်ပေးထားကြောင်းလည်း ဆေးလ်ဗား၏ ဝက်ဘ်ဆိုက်တွင် ရေးသား ထားသည်။ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးအသင်းနှင့်သက်တမ်းရှည်စာချုပ်ချုပ်ဆိုရန်ရှိပြီး ၄င်း၏ အနာဂတ်နှင့်ပတ်သက်၍ အတိအကျ မသိရသေးကြောင်းဆေးလ်ဗား၏ အေးဂျင့်ဖြစ်သူက ဆိုခဲ့သည်။(အင်တာနက်)

 **ရုပ်ရှင်မင်းသမီး အမ်ဘာဟက် ရုပ်ရှင်ကားထုတ်လုပ်သူအဖြစ် လုပ်ကိုင်**
(လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၄) အမေရိကန်ရုပ်ရှင်မင်းသမီး အမ်ဘာဟက်ဟာ Paranoia အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ပူးတွဲထုတ်လုပ်သူအဖြစ် တာဝန်ယူလုပ်ကိုင်လျက်ရှိပါတယ်။ ဒီဇာတ်ကားမှာ သူမအနေနဲ့ ပါဝင်သရုပ်ဆောင်ထားခြင်းမရှိဘဲ ထုတ်လုပ်သူအနေနဲ့ပဲ တာဝန်ယူမှာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသမီး အမ်ဟာဟက်ဟာ သူမပါဝင်သရုပ်ဆောင်မှုမရှိဘဲ ထုတ်လုပ်သူအဖြစ် လုပ်ကိုင်တာဟာ ဒီဇာတ်ကားက ပထမဆုံးဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီးအပြင် မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့အမ်ဘာဟက်ဟာ ၂၀၁၂ ခုနှစ်ဆန်းပိုင်းကစပြီး ရုပ်ရှင်ထုတ်လုပ်တဲ့ လုပ်ငန်းကို ပူးတွဲလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ (အင်တာနက်)

**အိုလီဗာဂီရောက်အား ပေါင် ၁၂ ဒသမ သန်းဖြင့်အာဆင်နယ်အသင်း စာချုပ်တော့မည်**
 
(လန်ဒန် ဇွန်၊ ၂၄) အင်္ဂလိပ်ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်းသည် မောင့်ပယ်လီယာအသင်းမှ ပြင်သစ်တိုက်စစ်မှူး အိုလီဗာဂီရောက်အားပြောင်းရွှေ့ကြေးပေါင် ၁၂ ဒသမ ၈ သန်း ဖြင့် စာချုပ်ချုပ်ဆိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ မောင့်ပယ်လီယာ တိုက်စစ်မှူးအိုလီဗာဂီရောက်သည် လက်ရှိကလပ် မောင့်ပယ်လီယာအသင်းနှင့် စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေပြီး အာဆင်နယ် အသင်းနှင့်မူ ပြောင်းရွှေ့ကြေး တစ်ပတ်လုပ်ခလစာပေါင် ၄၅ဝဝဝ ဖြင့် လေးနှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်အား သဘောတူညီခဲ့သည်။ ယင်းတစ်ပတ်လုပ်ခလစာ သည် လက်ရှိ တစ်ပတ်လုပ်ခလစာပေါင်၁၅ဝဝဝ ဖြင့် နှိုင်းယှဉ်ပါက သုံးဆမျှရှိ ကြောင်း ဒေးလီးမေးလ်သတင်းဌာနကသတင်းဖော်ပြသည်။အသက်(၂၅)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး အိုလီဗာဂီရောက်သည်ပိုလန်နှင့် ယူကရိန်းပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသော ယူရို ၂ဝ၁၂ ပြိုင်ပွဲတွင်ပြင်သစ်အသင်း၌ ပါဝင်ကစားခဲ့သူဖြစ်ပြီး ယူရိုပြိုင်ပွဲပြီးပါက အာဆင်နယ်အသင်းနှင့်အပြီးသတ် စာချုပ်ချုပ်ဆိုရန် မျှော်လင့် ထားကြောင်း အိုလီဗာဂီရောက်ကပြောကြားခဲ့သည်။အာဆင်နယ်အသင်းသည် အိုလီဗာဂီရောက်အား ယခင်က ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းဖြင့် ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုမည်ဟုလည်း ဆိုခဲ့သည်။သို့သော် အပြီးသတ်ခေါ်ယူမှသာလျှင် စာချုပ်သက်တမ်းနှင့် လုပ်ခလစာတို့ကိုအတည်ပြုနိုင်မည်ဟုလည်း အာဆင်နယ် အသင်းနည်းပြ အာစင်ဝင်းဂါးကပြောကြားခဲ့သည်။အာဆင်နယ်အသင်းသည် ၄င်းတို့၏အသင်းခေါင်းဆောင် ရော်ဘင်ဗန်ပါစီကိုလည်း သုံးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ထပ်တိုးချုပ်ဆိုရန် ကြိုးစားနေပြီးလာမည့်ဘောလုံးရာသီအတွက် ကိုလုံး အသင်း ကစားသမားဟောင်းဖြစ်သည့်တိုက်စစ်မှူး လူကက်ပိုဒေါစကီးအား ခေါ်ယူထားပြီးဖြစ်ရာ ပြင်သစ်တိုက်စစ်မှူးဂီရောက်အား အပြီးသတ်ခေါ်ယူခဲ့ပါက အာဆင်နယ်အသင်း၏ ဒုတိယမြောက်စာချုပ်ခေါ်ယူသည့် ကစားသမား ဖြစ်လာမည်လည်း ဖြစ်သည်။ (အင်တာနက်)

**ဒေးတိုင်းမ်အမ်မီဆုပေးပွဲကျင်းက General Hospital ဇာတ်လမ်းတွဲဆုငါးဆုဆွတ်ခူး** 

(၃၉)ကြိမ်မြောက် ဒေးတိုင်းမ်အမ်မီရုပ်သံဇာတ်လမ်းတွဲဆုပေးပွဲကို အမေရိကန် နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် ဘီဗာလီဟေးလ်၌ ဇွန် ၂၃ ရက်က ကျင်းပခဲ့ရာ General Hospital ရုပ်သံဇာတ်လမ်းတွဲက အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲ ဆု အပါအဝင်ဆုငါးဆု ဆွတ်ခူးရရှိသွားကြောင်းသတင်းများတွင် ဖော်ပြသည်။ အဆိုပါ ဆုများကိုရုပ်မြင်သံကြား အနုပညာနှင့် သိပံ္ပ အမျိုးသားအကယ်ဒမီက နှစ်စဉ်ရွေးချယ်ချီးမြှင့်ပေးခြင်းဖြစ်သည်။အကောင်းဆုံးရုပ်သံဇာတ်လမ်းတွဲဆုကို General Hospital ရုပ်သံဇာတ်လမ်းတွဲက ရရှိသွားပြီး အကောင်းဆုံးအမျိုး သမီးသရုပ်ဆောင်ဆုကို The Bold and the Beautiful ဇာတ်လမ်းတွဲမှ ဟိသာတွမ်၊ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို General Hospital ဇာတ်လမ်းတွဲမှ အန်ထော်နီဂီယာရီတို့ကဆွတ်ခူးရရှိသွားသည်။ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆုနှင့် အကောင်းဆုံးအမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆုများ ကို General Hospital ဇာတ်လမ်းတွဲမှမင်းသမီးနန်စီလီဂရေဟမ်နှင့် မင်းသား ဂျိုနသန်ဂျက်ဆင်တို့က ရရှိသွားသည်။တက်သစ်စအကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို Days of Our Lives ရုပ်သံဇာတ်လမ်းတွဲမှ မင်းသား ချန်ဒလာမက်ဆီကရရှိသွားပြီး တက်သစ်စအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ဆုကို The Young and the Restlessဇာတ်လမ်းတွဲမှ မင်းသမီးခရစ္စတယ် ခါလီတို့က ဆွတ်ခူးရရှိသွားသည်။General Hospital ဇာတ်လမ်းတွဲမှ ဒါရိုက်တာအဖွဲ့က အကောင်းဆုံးဒါရိုက်တာဆုဆွတ်ခူးရရှိသွားပြီး Days of Ours Lives ဇာတ်လမ်းတွဲမှ ဇာတ်ညွှန်းရေးဆရာအဖွဲ့က အကောင်းဆုံးဇာတ်ညွှန်းဆု ဆွတ်ခူးရရှိသွားသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - ကိုသစ္စာ -

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)