ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 26, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းအသုံးပြုမည့် ဆက်သွယ်ရေးကိရိယာ သိပ္ပံပညာရှင်များ တီထွင်နေ**
 (လန်ဒန်၊ ဇွန် ၂၄) ဦးနှောက်လှိုင်းများကို အသုံးပြု၍ အခြားသူများနှင့် အဆက်အသွယ်ပြုလုပ်နိုင်မည့် အဆင့်မြင့်နည်းပညာသုံးကိရိယာ တစ်မျိုးကို ကမ္ဘာကျော် သီအိုရီရူပဗေဒပညာရှင် စတီဗင် ဟော့ကင်း အတွက် စတန်းဖို့တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက တီထွင်ဖန်တီးလျက်ရှိကြောင်း ဇွန် ၂၄ ရက် သတင်း များတွင် ဖော်ပြခဲ့သည်။ဦးနှောက်လှိုင်းများကို စုစည်းရယူ၍ ကွန်ပျူတာမှတစ်ဆင့် ဆက်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်ပေးနိုင်မည့် ကိရိယာ တီထွင်ရေးစီမံချက်ကို ''စတီဖင်ဟော့ကင်း၏ ဦးနှောက်အတွင်း ဖောက်ဝင်မှု'' စီမံကိန်းဟူ၍ စတန်းဖို့တက္ကသိုလ်မှ သိပ္ပံပညာ ရှင်များက အမည်ပေးထားသည်။အသက် (၇ဝ) အရွယ်ရှိပြီဖြစ်သော ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်းသည် ဦးနှောက်၏ လျှပ်စစ်လှိုင်းများကို တိုင်းတာနိုင်မည့် ဦးနှောက်ပုံရိပ်ဖော်စက် (ibrain) အား စတန်းဖို့ တက္ကသိုလ်မှ သိပ္ပံပညာရှင်များနှင့်အတူ စမ်းသပ်မှုပြုလုပ်လျက် ရှိသည်။ibrain ကိရိယာသည် နည်းပညာအရ အဆင့်မြင့်လာ ပါက ပိုမိုရှုပ်ထွေးသည့် ဦးနှောက်လှိုင်းများအား ဖတ်ရှုနိုင်စွမ်း ရှိကာ စကားလုံးများအဖြစ် ဖော်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ထားသည်။ရူပဗေဒပညာရှင် စတီင်ဗင်ဟော့ကင်းသည် အာရုံကြောရောဂါ တစ်ခုကြောင့် လွန်ခဲ့သော နှစ် ၃ဝ ခန့်မှစ၍ စကား ပြောဆိုနိုင်စွမ်း ဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် ၄င်းအနေဖြင့် ကွန်ပျူတာတစ်လုံးအသုံးပြု၍ဆက်သွယ်ပြောဆိုမှုလုပ်နိုင်သေး သော်လည်း ရောဂါအခြေအနေပိုဆိုး
လာပါက ယင်းစွမ်းရည်ကို လည်း ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားကြသည်။( ဒေးလီးတယ်လီဂရပ်)

** မျိုးသုဉ်းလုနီး ဘာသာစကားများကယ်ဆယ်ရေးအစီအစဉ် ဂူဂဲလ်စတင်**
 (မောင်းတိန်းဗျူး၊ ဇွန် ၂၄) ပျောက်ကွယ်မည့် အခြေအနေနှင့် ကြုံတွေ့နေရသောကမ္ဘာ့ဘာသာစကားများအား ထာဝရဆုံးရှုံးရမှုမှ ကာကွယ်ရေးအတွက် ကယ်ဆယ်ရေးအစီအစဉ်တစ်ရပ်ကို ဂူဂဲလ် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီက စတင်လိုက်ပြီဖြစ်ကြောင်းဇွန် ၂၂ ရက်သတင်းများတွင် ဖော်ပြသည်။ ဂူဂဲလ်ကုမ္ပဏီ၏ ဘာသာစကားကယ်ဆယ်ရေးအစီအစဉ်ကို '' မျိုးသုဉ်းမည့်ဘေးကြုံနေရသော ဘာသာစကားများပရောဂျက်'' (The Endangered Languages Project) ဟူ၍အမည်ပေးထားသည်။ပျောက်ကွယ်လုနီးဖြစ်နေသော ဘာသာစကားများနှင့်ကျွမ်းဝင်ယဉ်ပါးသူ အချင်းချင်းအကြား ဆက်သွယ်မှုပြုလုပ် နိုင်ရေးနှင့် ယင်းဘာသာစကားများအား ထာဝရထိန်းသိမ်းထားနိုင်ရေးအတွက် နောက်ဆုံးပေါ် နည်းပညာကိုဂူဂဲလ်ကုမ္ပဏီက အသုံးပြုသွားမည်ဖြစ်သည်။ မျိုးသုဉ်းမည့်ဘေးကြုံနေရသော ဘာသာစကားများပရောဂျက်အမည်ရှိ ဝက်ဘ်ဆိုက်တွင် ပျောက်ကွယ်လုနီးဘာသာစကားများနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်း အချက်အလက်များအား လွှင့်တင်ပေးထားမည်ဖြစ်ကြောင်း ဂူဂဲလ်အင်တာနက်ဝန်ဆောင မှုကုမ္ပဏီက ပြောကြားသည်။ယင်းဝက်ဘ်ဆိုက်တွင် ပျောက်ကွယ်လုနီးပြီဖြစ်သည့် ကမ္ဘာ့ဘာသာစကားအမျိုးပေါင်း သုံးထောင်ကျော်အတွက်အချက်အလက်များ ထည့်သွင်းပေး ထားမည်ဖြစ်ရာ ယဉ်ကျေးမှုမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းရေးကဏ္ဍအတွက်အထောက် အကူပြုမည်ဖြစ်ကြောင်း သိရသည်။ (ယူပီအိုင်)  

** တူရကီလေတပ်တိုက်လေယာဉ်ကို ဆီးရီးယားက ပစ်ချမှုနှင့် ပတ်သက်၍ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ အရေးပေါ်အစည်းအဝေး ကျင်းပရန်ရှိ** 
(အန်ကာရာ၊ ဇွန် ၂၄) တူရကီလေတပ်တိုက်လေယာဉ်တစ်စင်းကို နိုင်ငံတကာ ဝေဟင်ပိုင်နက်အတွင်း ဆီးရီးယားနိုင်ငံက ပစ်ချခဲ့ကြောင်း တူရကီအစိုးရက စွပ်စွဲခဲ့ပြီးနောက် အရေးပေါ်အစည်းအဝေး တစ်ရပ်အား မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)က ကျင်းပသွားမည်ဖြစ်ကြောင်း ယနေ့သတင်းများ၌ ဖော်ပြသည်။ ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များက တူရကီတိုက်လေယာဉ်ကိုပစ်ချခဲ့ခြင်းကြောင့် မငြိမ်မသက် ဖြစ်နေ သော ဒေသတွင်းအခြေအနေမှာ ပိုမိုတင်းမာလာခဲ့ရသည်။ ဇွန် ၂၂ ရက်က တူရကီလေတပ်မှ အက်ဖ်-၄ ဖန်တွမ် အမျိုးအစားဂျက်တိုက်လေယာဉ်သည် ဆီးရီးယားဝေဟင်ပိုင်နက် အတွင်း တဒင်္ဂမျှဝင်ရောက်မိခဲ့သော်လည်း ပစ်ချခံရသည့် အချိန်အရ ယင်းလေယာဉ်သည် ဆီးရီးယားဝေဟင်ပိုင်နက်၏ အပြင်ဘက် ရေမိုင် ၁၃ မိုင်အကွာတွင်ရှိနေကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။အဆိုပါတိုက်လေယာဉ်သည် ဆီးရီးယားနိုင်ငံအားရန်လိုသည့်လက္ခဏာ မပြသခဲ့ကြောင်း၊ ဆီးရီးယား ဝေဟင် ပိုင်နက်အတွင်း တဒင်္ဂဝင်ရောက်မိပြီးနောက် ၁၅ မိနစ် အကြာခန့်တွင်မှ ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးက ရုပ်သံမေးမြန်းခန်းတစ်ခု၌ ပြောကြားခဲ့သည်။ ရေဒါစနစ်တစ်ရပ်ကိုစမ်းသပ်ရန် လက်နက်တပ်ဆင် ထားခြင်းမရှိဘဲ လေ့ကျင့်ပျံသန်းမှုလုပ်ဆောင်နေသည့် အဆိုပါ လေယာဉ်အား မပစ်ချမီ ဆီးရီးယားနိုင်ငံက ကြိုတင်သတိပေး ခဲ့ခြင်းမရှိကြောင်း သိရသည်။တူရကီနိုင်ငံ၏ တောင်းဆိုချက်အရ လေယာဉ်ပစ်ချ ခံရမှုနှင့် ပတ်သက်၍ အရေးပေါ်ဆွေးနွေးပွဲတစ်ရပ်ကို ဇွန် ၂၆ တွင်ကျင်းပသွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။နေတိုးအဖွဲ့စာချုပ်ပါ စည်းမျဉ်းအပိုဒ်-၄ အရ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ လုံခြုံရေးခြိမ်းခြောက်ခံရပါက အရေးပေါ်အစည်း အဝေးတစ်ရပ် ကျင်းပပေးရန် ယင်းနိုင်ငံအနေဖြင့် အဖွဲ့အား တောင်းဆိုနိုင်သည်။( အေပီ) 

**တရုတ်အာကာသယာဉ် ရှန်ကျို့-၉ အာကာသ၌ ချိတ်ဆက်မှုများ ထပ်မံပြုလုပ်**
 (ပေကျင်း၊ ဇွန် ၂၄) တရုတ်နိုင်ငံ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားသည့် ရှန်ကျို့-၉ အာကာသယာဉ်သည် အာကာသရှိ (တန်ဂွန်-၁) အာကာသစခန်းတစ်ခုနှင့် ဇွန် ၁၉ ရက်ကချိတ်ဆက်ခဲ့ပြီးနောက် ဇွန် ၂၄ ရက်၌ နောက်ထပ်အာကာသယာဉ်စခန်း အစိတ်အပိုင်းတစ်ခုနှင့် ထပ်မံချိတ်ဆက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ ထိုသို့ ချိတ်ဆက်နိုင်မှုသည် တရုတ်နိုင်ငံက လာမည့် ၂၀၁၂ ခုနှစ်၌ ကိုယ်ပိုင်နိုင်ငံတကာအာကာသယာဉ်စခန်းသစ် တည်ဆောက်မည့်စီမံကိန်းအတွက် ကြီးမားသော အကြိုအောင်မြင်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။ ယခုချိတ်ဆက်နိုင်မှုသည် တရုတ်အာကာသယာဉ်မှူးများအတွက် လက်တွေ့ကျသော အတွေ့အကြုံကောင်းများရရှိပြီး အဓိကကျသည့် အာကာသယာဉ်စခန်း၏ ဆက်စပ်အစိတ်အပိုင်းများကို အာကာသအတွင်း၌ လက်တွေ့ကျကျ အောင်မြင်စွာချိန်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။ တရုတ်အာကာသယာဉ် ရှန်ကျို့-၉ အာကာသသို့ ဇွန် ၁၆ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအာကာသယာဉ်မှူး တစ်ဦးအပါအ၀င်အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွာခဲ့သည်။ ရှန်ကျို့-၉ အာကာသယာဉ်သည မြေပြင်စခန်းသို့ မကြာမီပြန်လည်ဆင်းသက် မည်ဖြစ်သည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)