ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 18, 2012

>
- လင်နဲ့မယား လျှာနဲ့သွား-
အင်း..ဘာလိုလိုနဲ့ ကျုပ်တို့တောင် အိမ်ထောင်သက်ကလေးက ခြောက်နှစ်ကျော်လို့ ခုနှနှစ်ထဲတောင်ရောက် လာပြီ။ သားသမီးမထွန်းကားတဲ့ ကျုပ်တို့ လင်းမယားအတွက်တော့ တစ်ခုခုလိုအပ်နေတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘုရားပေးတဲ့အတိုင်းပဲ ကျေနပ်နေကြတာပေါ့။ ကျုပ်တို့ နှစ်ယောက်အတွက် နှစ်ဖက်မိဘတွေရဲ့လက်ဖွဲ့များနှင့် ကောင်းကောင်းမွန်မွန် နေနိုင်ကြပေမယ့် အလုပ်မလုပ်ရရင် မနေနိုင်တဲ့ ကျုပ်ကတော့ ကိုယ်ပိုင်စီးပွားရေးလေး တစ်ခုကို တည်ထောင်ထားလိုက်တယ်။ ကျုပ်မိန်းကလည်း ကလေးမရှိလို့နဲ့ တူပါတယ်။ ကျုပ်ကို သားကိုသခင်၊ လင်ကိုဘုရား ဆိုတဲ့ စကားပုံအတိုင်း ကျုပ်က တစ်ခါတစ်ခါလည်း သူမရဲ့ သားဖြစ်လိုက်၊ တစ်ခါတစ်ခါလည်း သူမရဲ့ အရှင်သခင်ဖြစ်လိုက်နဲ့ပေါ့။ ကျုပ်အလုပ်သွားခါးနီဆိုရင်လည်း လိုလေးသေးမရှိအောင် ပြင်ဆင်ပြီးသား။ ကျုပ်က ညနေတိုင်း အရက်သောက်နေကြဆိုတော့ အချိန်ရောက်ပြီးဆိုတာနဲ့ အမြည်းကအဆင်သင့်ဗျာ။ တစ်ခါတစ်ခါလည်း ကျုပ်မိန်းမက ကျုပ်အပေါ် စိတ်ကောက်တက်တယ်ဗျ။ ဒါလည်းမိန်းမ သဘာဝပါပဲလေ။ တစ်ခါကတော့ ကျုပ်မှတ်မိသေးတယ်။ ကျုပ်တို့ အိမ်ထောင်သက်ကလေးကလည်း ကြာလာပြီဆိုတော့ အိမ်ရဲ့ ဆည်းလည်းလေးဖြစ်တဲ့ သားသမီးရတနာ တောင်းတမိကြတယ်။ ဒါနဲ့ကျုပ်လည်း ဘယ်သူ့ကြောင့် ၊ဘာကြောင့်ဆိုတာကို သိချင်လို့ ကျုပ်က မိန်းမကို ဆေးသွားစစ်ရအောင်လို့ တိုင်ပင်တော့ ကြည်ကြည်ဖြူဖြူပဲ သဘောတူလက်ခံ ခဲ့တယ်။ ဆေးစစ်မဲ့ မနက်ရောက်တော့ ကျုပ်ကလည်း ကျုပ်မိန်းမကို စ နေကြဆိုတော့ စလိုက်မိတယ်။ " မိန်းမ ဆေးအဖြေထွက်ရင် ငါက အိုကေတယ်ဆိုရင် ငါနောက်မိန်းမယူမှာနော် " လို့လည်းပြောလိုက်ရော ကံကောင်းလို့ဗျာ။ ညစာ မငတ်တယ်။ ( လျှောက်တွေးမနေနဲ့ ညနေစာ ထမင်းကိုပြောတာပါဗျ ) ဒီလိုပဲ လင်းနဲ့မယားဆိုတာ လျှာနဲ့ သွားလိုပါပဲ။ တစ်ခါတစ်ခါ စိတ်ဆိုးစိတ်ကောက်တာ ရှိသလို တစ်ခါတစ်ခါလည်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုပေး ရတာပါပဲ။ ဒါပေမယ့် ကျုပ်မိန်းမက ကျုပ်အပေါ် စိတ်ဘယ်လောက် ဆိုးဆိုးကောက်ကောက် ကျုပ်အပေါ်တော့ မယားဝတ္တာရား လုံးဝမပျက်ဘူး။ ဒါကြောင့်လည်း ကျုပ်ချစ်ရတာပေါ့ဗျာ။ မိန်းမဆိုတဲ့ သဘာဝကြောင့်လည်း လှချင်ပချင်တာပေါ့ဗျာ။ ကျုပ်ကလည်း အလှကြိုက်တဲ့ကောင် ဆိုတော့ ကျုပ်မိန်းမ လှနေတာပဲ မြင်ချင်တာပေါ့ဗျာ။ ဒါပေမယ့် ခုတစ်လော ကျုပ်မိန်းမ အလှအရမ်းပြင်နေတာကိုတော့ ကျုပ်သတိထားမိတယ်။ ကျုပ်မိန်းမက သူ့ရဲ့မိန်းမအသုံးအဆောင် အလှကုန်ပစ္စည်းတွေကို ထိုင်ဝမ်မှာ ရှိတဲ့ သူ့သူငယ်ချင်းဆီက မှာသုံးနေကျ ဆိုတာကျုပ်သိတယ်။ ဟိုတလောကတော့ လောရယ်လ် ဆိုလားဘာလား သိပါဘူး။ သွားဝယ်လာခဲ့တယ်။ ကျုပ်လည်း လိုအပ်လို့နေမှာပါပဲလေ ဆိုပြီးဘာမှ မမေးခဲ့ဘူး။ အလှကုန်တွေ ဝယ်ပြီးလို့များ ပြီးသွားပြီလားလို့ မထင်နဲ့ဗျ။ နောက်တစ်နေ့ ဘာသွားလုပ်လာတယ်မှတ်လဲ။ ဆံပင်သွားဆက်လာတယ်ဗျ။ ကျုပ်လည်း အံ့သြသွားတယ်။ ကြည့်လို့တော့ ကောင်းသားဗျ။ ဒါပေမယ့် ဒီတစ်ခါတော့ ကျုပ်မနေနိုင်ပဲ ပြောလိုက်မိတယ်။ " မိန်းမရာ ဒီအသက်အရွယ်ကြီးရောက်မှ မင်းကလည်း" လို့ ကျုပ်ကပြောတော့ " ခုအရမ်းခေတ်စားနေလို့ လုပ်ကြည့်တာပါ " တဲ့ အိမ်အပေါ်ထပ်မတက်ခင် ကျုပ်ကို သမင်လည်ပြန် လှည့်ကြည့်ပြီး " ဒါလင်ကလည်း " လို့ပြောလိုက်တဲ့ အခါမှာတော့ ကျုပ် ဘုရားမတပဲ မနေနိုင်တော့ဘူး။ "ဘုရား ဘုရား "လို့ ပါးစပ်က အသံထွက်ပြီး အပေါ်ထပ်တက်သွားတဲ့ ကျုပ်မိန်းမကို ကြောင်ကြောင်ကြီး ကြည့်နေမိတော့တယ်......

 လေးစားစွာဖြင့်

 ရီနိုမာန် (REE NOE MANN)

မှတ်ချက်၊ စိတ်ကူးဇာတ်လမ်းသာ ဖြစ်ပါသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)