ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 18, 2012

>
-ယုံကြည်မှုစစ်တမ်း- 

ယုံကြည်မှုက ကျနေတဲ့ ကွန်နက်ရှင်လား ။ ယုံကြည်မှုက ခေါ်ရခက်တဲ့ ဖုန်းလား ။ ယုံကြည်မှုက ကြိုက်ဈေးပေးပြီး ဝယ်လို့မရ ။ ယုံကြည်မှုချမ်းသာနေတဲ့သူက ယုံကြည်မှုချို့တဲ့နေတဲ့သူဆီ ယုံကြည်မှုစွန့်ကြဲလို့ မရ။ ယုံကြည်မှုက ဘယ်ရာသီမှာ ဆက်ဆက်ရောက်လာလိမ့်မယ်လို့ မျှော်ခိုးလို့ မရ ။ ယုံကြည်မှုက ရွက်ကျပင်ပေါက် မဟုတ်တော့ လမ်းပေါ်တက် လက်ပြတားလို့ မရ ။ မျက်နှာချင်းဆိုင်ပြီးတဲ့နောက် ပုခုံးချင်းဖက်ပြီးတဲ့နောက် တစ်ယောက်ခြေထောက် တစ်ယောက် နင်းနေပြန်တော့လည်း ယုံကြည်မှုက သဲထဲရေသွန် ။ ကွေ့ခဲ့ ကောက်ခဲ့တဲ့ မြစ်တစ်စင်းမှာ မြစ်ကျိုးအင်းတွေ ခြေရာကျန်ခဲ့သလိုမျိုး ကောက်နေတဲ့ဆံပင်ကို ဖြောင့်စက်က လက်လျှော့သွားသလိုမျိုး ယုံကြည်မှုက တည်ဆောက်ရင်း ကျိုးပဲ့ ကြိုးစားတုန်းမှာ ပျက်စီး ဝဋ်ကြွေးပါတယ်လို့ပဲ ခပ်လွယ်လွယ် ဖြေသိမ့်လိုက်ရမလား ။ ကျိန်စာမိနေတာလို့ပဲ မရဲတရဲ စွပ်စွဲလိုက်ရမလား ။ အတူတူ လှမ်းနေရက် နဲ့ မနီးနိုင်တဲ့အခါ အတူတူ ငြှိမ်းနေရက်နဲ့ မငြိမ်းနိုင်တဲ့အခါ အတူတူ ပြုံးနေရက်နဲ့ မရယ်နိုင်သေးတဲ့အခါ ယုံကြည်မှုဟာ ကြောက်သွေးပါနေသလား ။ ယုံကြည်မှုက ပေါင်းသင်းဆက်ဆံရေး ညံ့တာလား ။ ယုံကြည်မှုက အစွဲအလမ်းကြီးတာလား ။ ယုံကြည်မှုက ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ရတာလား ။ ယုံကြည်မှုက ပွဲလမ်းသဘင် ရှောင်တာလား ။ ညည အိပ်ရာထဲက ပျောက်သွားတဲ့ခင်ပွန်းသည်ကို မယုံကြည်နိုင်သလိုမျိုး ဒရိုင်ဘာကောင်လေးနဲ့ ရင်းနှီးလွန်နေတဲ့ ဇနီးသည်ကို မယုံကြည်နိုင်သလိုမျိုး မျက်လုံးတစ္ဆေလို သီချင်းမျိုး နားထောင်နေရတာမျိုး တစ်ယောက်အရွေ့ကို တစ်ယောက်က စောင့်ကြည့်နေရတာမျိုးဆိုလည်း ယုံကြည်မှုက မွေးရ ဖွားရ ခက်ပေါ့ ။ ယုံကြည်မှုကို ယတြာချေလို့ မရဘူး ။
ယုံကြည်မှုကို ထောက်ခံစာနဲ့ မရဘူး ။ ယုံကြည်မှုကို ခေါ်လို့ရတဲ့ ဂါထာမရှိဘူး ။ ယုံကြည်မှုက စားပွဲအောက်က ချိန်ထားတဲ့ သေနတ်မဟုတ်ဘူး ။ ယုံကြည်မှုက တွင်းထွက် သယံဇာတ မဟုတ်ဘူး ။ ယုံကြည်မှုက ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ထဲမှာ မပါဘူး ။ ယုံကြည်မှုက အကန့်အသတ်နဲ့ပဲ ထွက်ရှိနိုင်တာလည်း မဟုတ်ဘူး ။ ယုံကြည်မှုက ယုံကြည်မှုက ….. ….. ခက်တော့ ခက်သား တချို့အတွက် ယုံကြည်မှုက စနစ်တကျ တိုင်းတာ တွက်ချက် စိုက်ပျိုးယူနေရတုန်း တချို့မှာ မျက်နှာမြင်ရုံနဲ့ ယုံကြည်သွားတာကျတော့ ပဋ္ဌာန်းဆက်လို့ အလွယ် ယုံလိုက်ရမလား ။ 

**လင်းဒီပ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)