ထိုင်းနိုင်ငံ လုံခြုံရေးအစီအစဉ်နဲ့ သွားလာလှုပ်ရှားနေရတာမို့ အချို့သောခရီးစဉ်တွေမှာ လူထုနဲ့ ခပ်များ များ ထိတွေ့ခွင့်မရရှာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်) ခရိုင်၊ မဲဆောက်မြို့ကို ရောက်လာပါပြီ။
*(ထိုင်းလုံခြုံရေး ပေါင်းစုံကြားက မြန်မာပြည်သားပရိသတ်)*
မဲဆောက်မြို့ဆိုတာက ဟိုလူဒီလူအလွှာတွေဆိုတာထက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းနီးပါးအလုပ်လုပ်ကိုင်နေထိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားမြို့ တော် “တစ်ခုပါပဲ” ရွှေ့ပြောင်းအလုပ်သမားမြို့တော်ဆိုတဲ့ အမည်မှာ “လုပ်အားခဈေးအပေါဆုံးရရှိနေ တဲ့ ထိုင်းနိုင်ငံထဲက အကြီးဆုံး၊ လူအရေအတွက်အများဆုံး ခို:၀င်လာကြတဲ့ “တရားမ၀င်ရွှေ့ပြောင်းအ လုပ်သမားတွေရဲ့ ၀င်ပေါက်တံခါး” လို့ တင်စားရင်ရနိုင်ပါတယ်။
(မြ၀တီမြို့ဘက်ကလည်း ဒီလိုဒီလိုလာကြတယ်။ )
ဒီလိုလုပ်အားခဈေးအနည်းဆုံးရတဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရှိနေတဲ့ မဲဆောက်မြို့ ကို ဒီကနေ့ နံနက် (၀၉း၄၀) နာရီမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ လေယာဉ်ခရီးစဉ်ကတဆင့် အထူးမော်တော် ယာဉ်နဲ့ အသင့်ကြိုဆိုနေကြတဲ့ လူထုပရိသတ်ရဲ့ မျက်လုံးထဲကို လျှပ်တပြက် ၁ မိနစ်လောက်ပဲရောက် ရှိလာခြင်းပါပဲ။
(အမေစုကို ကြိုဆိုနေကြတဲ့ ပရိသတ် )
သူမနဲ့ အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်မှာ လူဦးရေ (၆၀၀၀၀) လောက်ရှိတဲ့ မဲလဒုက္ခ သည်စခန်းကို ဦးတည်ချီတက်သွားလေတော့ အသင့်ကြိုဆိုနေကြတဲ့ မဲဆောက်ပရိသတ်တွေဟာ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းထဲမှာပဲ ၀ဲလည်၊ ၀ဲလည်နဲ့ မျှော်ပွဲဆင်နေကြဆဲပါပဲ။ ဒါ လည်းသတင်းက အတိအကျမရှိပါဘူး။ မယ်တော်ဆေးခန်းကို မွန်းလွဲ (၁-၂) နာရီဝန်းကျင်မှာလာမယ် တဲ့လေ။ ထိုင်းလုံခြုံရေးအစီအစဉ်နဲ့ သွားလာ၇တာမို့လို့ ဘာကိုမှ ကြိုတင်အတိအကျမသိကြတာပါပဲ။
*(မယ်တော်ဆေးခန်းထဲမှာလည်း ဟောဒီလိုမျှော်လင့်စောင့်စားနေလေရဲ့*)
(အမေစုစီးနင်းလိုက်ပါလာတဲ့ကားနဲ့ အနီးကပ်နှုတ်ဆက်ဖို့အတားအဆီးတွေကခပ်များများ)
**သောင်ရင်းနဂါး**
**
-ဒေါ်အောင်ဆန်းစုကြည်… မဲဆောက်ရောက်ပြီ-

No comments:
Post a Comment