-ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ-
**အိန္ဒိယနိုင်ငံ အာသံပြည်နယ်မြို့တစ်မြို့ကို အဆိပ်ရှိပင့် ကူအုပ်ကြီးများကျရောက်**
(ဆာဒီယာ၊ ဇွန် ၃) အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှ ဆာဒီယာအမည်ရှိမြို့တစ်မြို့တွင် အဆိပ်ပြင်းသည့် ပင့်ကူအုပ်များ ကျရောက်ခဲ့ရာပင့်ကူရှပ်ခံခဲ့ရသူ နှစ်ဦးသေဆုံးခဲ့ရကြောင်း ဇွန် ၃ ရက် သတင်းများတွင် ဖော်ပြသည်။ မေ ၈ ရက် ညနေပိုင်းတွင် ဟိန္ဒူဘာသာရေးပွဲတော်တစ်ရပ်ကို ဆာဒီယာမြို့၌ ဆင်နွှဲနေစဉ် ပင့်ကူအုပ်များ ရုတ်တရက်ပေါ်ထွက်လာကာ ပွဲတော်လာသူများအား ရန်မူတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ ပင့်ကူအုပ်ကျရောက်ပြီး ရက်အနည်းငယ်အကြာတွင် ပင့်ကူအရှပ်ခံရ၍ လူနှစ်ဦးသေဆုံးခဲ့ပြီး မြို့တော်ဆေးရုံသို့လည်းပင့်ကူအရှပ်ခံရသူလူနာများ ရောက်ရှိခဲ့ရကြောင်းသိရသည်။ ယင်းဖြစ်ရပ်ကြောင့် ဒေသန္တရအာဏာပိုင်များမှာလည်း စိုးရိမ်ထိတ်လန့်ခဲ့ရပြီး မြို့လုံးအနှံ့ ဒီတီတီပိုးသတ်ဆေးများဖျန်းပက်ရန် သုံးသပ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အုပ်လိုက်သင်းလိုက် ပေါ်ထွက်လာသောအဆိုပါ ပင့်ကူများသည် လွန်စွာရန်လိုသည့် အပြုအမူမျိုးရှိပြီး အနီးအနားကပ်လာသူမှန်သမျှပေါ်သို့ ခုန်တက်ရန်မူတတ်ကြောင်း ဒေသခံများက ပြောကြားသည်။ ပင့်ကူများအား အမျိုးအစားခွဲနိုင်ရေးအတွက် အိန္ဒိယပင့်ကူကျွမ်းကျင်သူများ ဆာဒီယာမြို့သို့ လာရောက်ခဲ့သော်လည်း တိကျသည့် အဖြေမျိုးထုတ်ဖော်နိုင်ခြင်းမရှိသေးပေ။အာသံပြည်နယ်၌ အဆိပ်ရှိသောပင့်ကူမျိုးစိတ်များရှင်သန်ကျက်စားသည့် မှတ်တမ်းမရှိခြင်းကြောင့် ယင်းပင့်ကူများသည် ဒေသန္တရမျိုးစိတ်များမဖြစ်နိုင်ကြောင်း အိန္ဒိယပင့်ကူကျွမ်းကျင်သူများက ပြောကြားသည်။ အင်တာနက်။ (အင်တာနက်)
**ကမ္ဘာ့အမြင့်ဆုံး စာရင်းဝင် တောင်အသစ်သုံးလုံးထပ်မံတွေ့ရှိ** (တိုကျို၊ ဇွန် ၃)
ကမ္ဘာပေါ်တွင် အမြင့်ဆုံးတောင်များစာရင်းတွင် ထည့်သွင်းရမည့် တောင်အသစ်သုံးလုံးကို တရုတ်သုတေသနပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဇွန် ၃ ရက်၌ သတင်းထုတ်ပြန်သည်။ အဆိုပါ တောင်အသစ်သုံးလုံးအနက် တစ်လုံးမှာ နီပေါနိုင်ငံတွင်ရှိသော အင်နာပူနာအမည်ရှိ တောင်ဖြစ်ပြီး အမြင့်မှာ ၈၀၁၃ မီတာရှိသည့် တောင်ဖြစ်သည်။ ဒုတိယတောင်မှာ တရုတ်နိုင်ငံ နယ်စပ်တွင်ရှိသော မောင့်စင်တာအမည်ရှိ အမြင့် ၈၀၁၁ မီတာရှိသောတောင်ဖြစ်သည်။ တတိယတောင်မှာ တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော အမြင့် ၈၀၀၈ မီတာရှိသည့် စီစီယာဘန်အမည်ရှိ မီးတောင်ဖြစ်သည်ဟု တရုတ်သုတေသနပညာရှင် မိုင်ဒီရှန်က ပြောကြားသည်။ (အင်တာနက်)
**ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင်ပစ်ခတ်မှုဖြစ်ပွား**
(တိုရွန်တို၊ ဇွန် ၃)
ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ အကြီးဆုံးရှောပင်မောတစ်ခုတွင် ဇွန် ၃ ရက်နံနက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဈေးဝယ်သူအများအပြား ၀ရုန်းသုန်းကာထွက်ပြေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဖြစ်ပွားမှုမှာတိုရွန်တိုမြို့ရှိ တိုရွန်တိုအာတန်အမည်ရှိ ရော့ပင်မော၏ အစားအသောက်ကုန်ပစ္စည်းများရောင်းချရာနေရာတွင် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့်ပစ်ခတ်ခံရသည့်သူများတွင် အသက် ၁၃ နှစ်အရွယ် ယောက်ျာလေးတစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့မှာဒဏ်ရာများပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံသို့အမြန်တင်ပို့ပေးထားသည်။ (အင်တာနက်) ** ဂါနာနိုင်ငံမြို့တော်လေဆိပ်တွင်လေယာဉ်နှင့် ဘတ်စ်ကားတိုက်မိ၁ဝ ဦးထက်မနည်းသေဆုံး** (အက္ကရာ၊ ဇွန် ၃) ဂါနာနိုင်ငံ မြို့တော်အက္ကရာရှိ လေဆိပ်တွင် ကုန်တင်လေယာဉ်တစ်စင်း လေဆိပ်သို့အဆင်း၌ လေယာဉ်ပြေးလမ်းမှချော်ထွက်ကာ မြေပြင်ပေါ်မှ ဘတ်စ်ကားတစ်စီးနှင့်တိုက်မိရာ ၁ဝ ဦးထက်မနည်းသေဆုံးကြောင်း၊ လေယာဉ်ပေါ်ပါ အမှုထမ်းများ အသက်ရှင်ကျန်ရစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားသည်။ ဘိုးရင်း-၇၂၇ ကုန်တင်လေယာဉ်နှင့်တိုက်မိသော ဘတ်စ်ကားမှာ ဆိုးရွားစွာပျက်စီးသွားကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးသမားများ ရောက်ရှိလာပြီးကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကြောင်း တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားသည်။ အဆိုပါလေယာဉ်သည် နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့မှ ဂါနာနိုင်ငံ အက္ကရာမြို့သို့ ပျံသန်းလာခြင်းဖြစ်ပြီး ပျံသန်းရေးခရီးစဉ်အမှတ် ဒီအိပ်ခ်ျဗွီ ၁၁၁ ဖြစ်ကြောင်း၊ ဇွန် ၂ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၁ဝ မိနစ်က လေယာဉ်ဆင်းသက်စဉ်ပြေးလမ်းကို ကျော်လွန် သွားခြင်းဖြစ်ကြောင်း ဂါနာလေဆိပ်မှဝန်ထမ်းများက အတည်ပြုပြောကြားသည်။ လယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းလေးဦး လိုက်ပါလာပြီး လေဆိပ်ဆေးခန်းတွင် ဆေးဝါးကုသလျက်ရှိကြောင်း၊ လေယာဉ်နှင့် တိုက်မိသောဘတ်စ်ကားပေါ်ပါ ခရီးသည် ၁ဝဦးစလုံး သေဆုံးကြောင်း သိရသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်

No comments:
Post a Comment