ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 5, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 

**ဘရက်ဒ်ပစ်က ပြန်လည်ပုံဖော်မည့် မာရီလင်မွန်ရိုး အတ္ထုပ္ပတ္တိရုပ်ရှင်**

 တစ်ခေတ်တစ်ခါက အမေရိကန်နိုင်ငံတွင် ကျော်စောထင်ရှားခဲ့သည့် ဟောလိဝုဒ်အလှဘုရင်မ မာရီလင်မွန်ရိုးကွယ်လွန်သွားခဲ့သည်မှာ ယခုဆိုလျှင်နှစ်ပေါင်း ၅ဝ နီးပါးရှိခဲ့ပြီဖြစ်သည်။ သို့သော် မွန်ရိုး၏သတင်းများ၊ ပုံရိပ်များနှင့် အကြောင်းအရာများမှာ ယနေ့ခေတ်ဟောလိဝုဒ်ရုပ်ရှင်လောကကို လွှမ်းမိုးနေဆဲ၊ စွဲထင်ကျန်ရစ်နေဆဲဟုဆိုရမည်ဖြစ်သည်။ ၂ဝ၁ဝ ခုနှစ်မေလအတွင်းက မွန်ရိုးအကြောင်းအခြေခံထားသည့်ဒါရိုက်တာ ဆိုင်မွန်းကာတစ်၏ My Week with Marilyn ဇာတ်ကား နှင့် ဒါရိုက်တာ အန်ဒရူးဒိုမီနစ်ခ်၏ Blonde ဇာတ်ကားများရိုက်ကူးခဲ့ကြသည်။ My Week with Marilyn ဇာတ်ကားမှာ ရုံတင်ပြသနိုင်ခဲ့ပြီး ယခုနှစ်အော်စကာဆုပေးပွဲတွင် အော်စကာဆု နှစ်ဆုအမည် စာရင်းတင်သွင်းခံခဲ့ရသော်လည်း မင်းသမီး နာအိုမီဝက်စ် သရုပ်ဆောင်ရိုက်ကူးခဲ့သည့် Blonde ဇာတ်ကားမှာ တစ်ဝက်တစ်ပျက် ရိုက်လက်စနှင့် ရပ်ဆိုင်းထားခဲ့ရပြီး ငွေရောင်ပိတ်ကားပေါ်သို့ ရောက်မလာခဲ့ပါ။ယခုအခါ ဟောလိဝုဒ်ထိပ်တန်းစာရင်းဝင် မင်းသားဘရက်ဒ်ပစ်ကဒါရိုက်တာ အန်ဒရူးဒိုမီနစ်ခ်၏ Blonde ဇာတ်ကားကို ၄င်း၏ plan B ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှ ပြန်လည်ပုံ ဖော်ရိုက် ကူးသွားမည်ဟု သိရသည်။ ဘရက်ဒ်ပစ်နှင့် ဒိုမီနစ်ခ်တို့ပူးပေါင်း၍ ပြန်လည်အသက်သွင်းမည့် မွန်ရိုးဇာတ်ကားကို မင်းသမီး နာအိုမီဝက်စ်ပြန်လည်သရုပ်ဆောင်မည်၊ မဆောင်မည်ကို ကွဲကွဲပြားပြား မသိရသေးပေ။အဘယ် ကြောင့်ဆိုသော် နာအိုမီမှာ ယခုအခါ ဗြိတိသျှတော်ဝင်မင်းသမီး ဒိုင်ရာနာ၏ အတ္ထုပ္ပတ္တိဇာတ်ကားတွင် ဒိုင်ရာနာမင်းသမီးအဖြစ် သရုပ်ဆောင်နေသောကြောင့် ဖြစ်သည်။ (အင်တာနက်)

 **ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျူလီယာ ဇာတ်ကားသစ်ရိုက်ကူးမည်**
 (လော့စ်အိန်ဂျလိစ်၊ ဇွန် ၃) ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျူလီယာနေဟုခ်ျဟာ Safe Ha-ven အမည်ရှိတဲ့ ဇာတ်ကားသစ်ကို ရိုက်ကူးဖို့အတွက် ရီလက်တီဗွီတီမီဒီယာကုမ္ပဏီနဲ့ ဇွန် ၁ ရက်မှာ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားကို အမေရိကန်နိုင်ငံမြောက်ကာရိုလိုင်းနားပြည်နယ်မှာ ဇူလိုင်လဆန်းက စတင်ပြီး ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အမေရိကန်နိုင်ငံ ကမ်းခြေမြို့ငယ်လေးတစ်မြို့ကို ပြောင်းရွှေ့လာတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ တွေ့ကြုံရတဲ့အချစ်၊ အလွမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်း တွေပါဝင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကို ဒါရိုက်တာ လက်စီဟောစတုမ်းက ရိုက်ကူးမှာဖြစ်ပြီး သူဟာ My life as a Dog ဇာတ်ကားနဲ့ The Cider House Rules ဇာတ်ကားတွေမှာ အော်စကာဆုရရှိမယ်လို့ အမည်စာရင်းရွေးချယ်ခြင်းခံရဖူးသူဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ရုပ်ရှင်မင်းသမီး ဂျူလီယာနေဟုဂ်ျဟာ လောလောဆယ်မှာတော့ Rock of Ages ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။ ရုပ်ရှင်မင်းသမီး ဂျူလီယာနေဟုဂ်ျဟာ အဆိုတော်၊ အက၊ သီချင်းရေးသူနဲ့ ရုပ်ရှင်သရုပ်ဆောင်အလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်နေသူဖြစ်ပါတယ်။ (အင်တာနက်)

 *အင်္ဂလန်ယူရို ၂၀၁၂ ချန်ပီယံဖြစ်ခဲ့ပါက ကစားသမားတစ်ဦးလျှင် ပေါင်တစ်သိန်း ရရှိမည်ဟုဆို** (အင်္ဂလန်၊ ဇွန် ၃)  
အင်္ဂလန်အသင်းသည် ယူရို ၂ဝ၁၂ ပြိုင်ပွဲအကြိုအဖြစ် နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲများကို ယှဉ်ပြိုင်ခဲ့ရာ နော်ဝေအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့်အပြင်ဘယ်လ်ဂျီယံအသင်းကိုလည်း တစ်ဂိုး-ဂိုးမရှိနှင့်ပင် အနိုင်ရရှိခဲ့သည်။ထို့ကြောင့် ယူရို ၂ဝ၁၂ ပြိုင်ပွဲဝင်အသင်းများထဲတွင် ချန်ပီယံ အလားအလာရှိနေပြီး အသင်းခေါင်းဆောင် စတီဗင်ဂျာရတ်နှင့် ဂျွန်တယ်ရီတို့အပါအဝင် အင်္ဂလန်အသင်းကစားသမားများက သဘောတူညီချက်များ ရရှိပြီးနောက် ယူရို ၂ဝ၁၂ ပြိုင်ပွဲတွင်အင်္ဂလန်အသင်း ချန်ပီယံဖြစ်ခဲ့ပါကကစားသမားများအား ဆုချီးမြှင့်ရန်စီစဉ် ထားကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပြောကြားထားသည်။ အင်္ဂလန်အသင်းက ပြိုင်ပွဲတစ်ပွဲအနိုင်ရရှိပါက ဆုကြေးငွေ ပေါင် ၁၅ဝဝအထိ ဆုချီးမြှင့်ရန်လည်း စီစဉ်ထားသည်။ထို့ပြင် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ကလည်း ယူရို ၂ဝ၁၂ပြိုင်ပွဲဝင်အသင်း ၁၆ သင်းအား ပေါင်သန်း ၁၆ဝ ချီးမြှင့်သွားမည်ဖြစ်ကြောင်းယူအီးအက်ဖ်အေက အခိုင်အမာပြောကြားခဲ့သည်။ (အင်တာနက်)
**ရုပ်ရှင်မင်းသားကြီး စတားလုန်းနှင့် ဒီနီရိုဇာတ်ကားသစ်ရိုက်ကူးမည်** 
(နယူးယောက်၊ မေ ၃) ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီး စတားလုန်းသည် Grudge Match အမည်ရှိ ဇာတ်ကားသစ်ကို ရိုက်ကူးမည်ဖြစ်ကြောင်း၊ ယင်းဇာတ်ကားတွင် ယခင်က တွဲဖက်ညီခဲ့သော ရုပ်ရှင်မင်းသား ရောဘတ် ဒီနီရိုနှင့် သရုပ်ဆောင်မည်ဖြစ်ကြောင်း ဇွန် ၁ ရက်တွင် ၄င်းကပြောကြားသည်။ စတားလုန်းနှင့် ရောဘတ်ဒီနီရိုတို့ နှစ်ဦးစလုံးသည် ဇာတ်ကြမ်းရုပ်ရှင်များရိုက်ကူးခြင်းမှ ရပ်နားထားခဲ့ သူဖြစ်များဖြစ်သော်လည်း ယခုအခါ ပထမဆုံးအနေဖြင့် ပြန်လည်ရိုက်ကူးကြခြင်းဖြစ်သည်။ ယခုဇာတ်ကားမှာ လာမည့် ၂၀၁၃ ခုနှစ်ဆန်းပိုင်းမှသာ စတင်ရိုက်ကူးမည်ဖြစ်သည်။ (အင်တာနက်)

**ဆွမ်ဆီးနည်းပြ ရော့ဂျားစ် လီဗာပူးနည်းပြဖြစ်ပြီ** 
(လန်ဒန်၊ ဇွန် ၃) ဆွမ်ဆီးနည်းပြ ရော့ဂျားစ် လီဗာပူးနည်းပြဖြစ်ပြီ** (လန်ဒန်၊ ဇွန် ၃) ရီးရဲမက်ဒရစ်အသင်းနည်းပြ ဂျို့စ်မော်ရင်ဟိုက ချယ်လ်ဆီးအသင်း လုပ်ဖော်ကိုင်ဖက်ဟောင်း ဘရီဒန်ရော့ဂျားစ်ကို လီဗာပူးအသင်းနည်းပြဖြစ်လာစေရန် အပြည့်အ၀ထောက်ခံလိုက်သည်။ အသက် ၄၉ နှစ်ရှိ ရော့ဂျာစ်သည် လီဗာပူးနှင့် ၄င်း၏ကလပ် ဆွမ်ဆီးတို့လျော်ကြေးပေးရေး ကိစ္စသဘောတူညီခဲ့ပြီးနောက် လီဗာပူးနည်းပြ ဒဲလ်ဂလစ်နေရာတွင် ဆက်ခံမည့်သဖြစ်လာသည်။ ရော့ဂျာ့စ်နှင့် လီဗာပူးတို့သည် သုံးနှစ်သက်တမ်းစာချုပ်ဖွယ်ရှိသည်။ (အင်တာနက်)

**ချယ်လ်ဆီးနောက်ခံလူ ဂျွန်တယ်ရီ ယူအီးအက်ဖ်အေက သုံးပွဲပိတ်ပင်** (လန်ဒန်၊ မေ ၃) ချယ်လ်ဆီးနောက်တန်းကစားသမား ဂျွန်တယ်ရီအား ယူအီးအက်ဖ်အေက သုံးပွဲပိတ်ပင်လိုက်သဖြင့် လာမည့်ချန်ပိယံလိဂ်ရာသီအစပြိုင်ပွဲနှင့် လွဲချော်လိမ့်မည်ဟု ၄င်းက ကြေညာသည်။ ဂျွန်တယ်ရီသည် ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းနှင့် ကစားစဉ်အနီကတ်ပြခံရပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပါဝင်ကစားခွင့်မရခဲ့ပေ။ ၄င်းသည် ချယ်လ်ဆီးနှင့် ယူရိုပါလိဂ်ချန်ပီယံ အက်သလက်တီကိုမက်ဒရစ်တို့ သြဂုတ်လတွင် ကစားမည့် Super Cup ပြိုင်ပွဲနှင့် ချယ်လ်ဆီးအသင်း၏ ချန်ပီယံလိဂ်အုပ်စုခြေစစ်ပွဲတို့တွင် လွဲချော်မည်ဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ ဂျွန်တယ်ရီသည် ဘာစီလိုနာနှင့် ကစားစဉ် ဘာစီလိုနာအသင်းမှ ဆန်ချက်ဇ်ကို ကြမ်းတမ်းစွာ ကစားခဲ့၍ အနီကတ်ပြထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ (အင်တာနက်)

  **နိုင်ငံတကာ ခြေစမ်းပွဲ ရလဒ်များ**
 (၃-၆-၂ဝ၁၂)
အင်္ဂလန် ၁-ဝ ဘယ်လ်ဂျီယံ
 နယ်သာလန် ၆-ဝ မြောက်အိုင်ယာလန်
ဂွာတီမာလာ ၁-ဝ ကိုစတာရစ်ကာ
 ဒိန်းမတ် ၂-ဝ သြစတြေးလျ
ပိုလန် ၄-ဝ အန်ဒိုရာ
 နော်ဝေ ၁-၁ ခရိုအေးရှား
 ပေါ်တူဂီ ၁-၃ တူရကီ အယ်လ်ဆာဗေးဒိုး ၁-၃ ဟွန်ဒူးရပ်စ်

 စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)