ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 6, 2012

>
- လူထုကျန်းမာရေး(ကျန်းမာရေးသတင်းများ)
**Public Health**
**ကမ္ဘာ့ကင်ဆာဖြစ်ပွားနှုန်း၂ဝ၃ဝ ခုနှစ်တွင်မြင့် တက်လာနိုင်**
 ( လိုင်ယွန် ၊ ဇွန် ၃) အခြားရောဂါဘယအများအပြား ကွယ်ပျောက်လာမှုကြောင့် လည်းကောင်း၊ကင်ဆာရောဂါဖြစ်ပွားမှုနှင့် ဆက်နွှယ်သည့် အနောက်နိုင်ငံများ၏ လူနေမှုပုံစံများအား ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုကျင့်သုံးလာကြခြင်း ကြောင့် လည်းကောင်း တစ်ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသည် ၂ဝ၃ဝ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း တိုးမြင့်လာမည်ဖြစ်ကြောင်း ဇွန် ၂ ရက်သတင်းများတွင် ဖော်ပြသည်။ ကမ္ဘာ့လူဦးရေ တိုးပွားလာမှုနှင့် အသက်အရွယ်ကြီးရင့်မှုတို့သည် ကင်ဆာရောဂါဖြစ်ပွားမှု နှုန်းမြင့်မားလာမည့် အဓိက အကြောင်းရင်းများဖြစ်နိုင်သော်လည်း ဖြစ်ပေါ်လာမည့် ကင်ဆာရောဂါဖြစ်စဉ်အသစ် ငါးပုံတစ်ပုံမှာ ကြိုတင်ကာကွယ်၍ရသောအကြောင်းတရားများကြောင့် ဖြစ်လာနိုင်ကြောင်း သုတေသန ပညာရှင် များက ခန့်မှန်းထားသည်။ကူးစက်ဖြစ်ပွားတတ်သည့် သဘာဝရှိသော သားအိမ်ကင်ဆာ၊ အသည်းနှင့် အူကင်ဆာရောဂါအချို့မှာ ဖြစ်ပွားမှုနှုန်းကျဆင်းလျက်ရှိကြောင်း သုတေသနပညာရှင်များ ကပြောကြား သည်။ သို့ရာတွင် အရက်သေစာ အလွန်အကျွံသောက်သုံးခြင်း၊ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးလှုပ်ရှားမှု အလေ့အထ၊အဆုတ်ကင်ဆာ၊ အူမကြီးနှင့် ရင်သားကင်ဆာကဲ့သို့သော ကင်ဆာရောဂါများဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လာမည်ဖြစ်ကြောင်းသုတေသနပညာရှင်များက မှန်းဆထားသည်။ကင်ဆာရောဂါနှင့် ပတ်သတ်၍ အနောက်နိုင်ငံများ ပြုလုပ်ခဲ့သည့် အမှားမျိုးထပ်တူပြုလုပ်မှုကို ရှောင်ရှားရန် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် သတိထားသင့်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ အခြေစိုက် နိုင်ငံတကာ ကင်ဆာ ရောဂါ သုတေသန အေဂျင်စီ(အိုင်အာရ်အေစီ)မှ သိပ္ပံပညာရှင်များပြုလုပ်ခဲ့သည့် သုတေသနရလဒ်များအရ ၂ဝ၃ဝ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံ၌ ကင်ဆာရောဂါဖြစ်စဉ်သစ် ၂၂ ဒသမ၂ သန်းမျှ ရှိလာနိုင်ကြောင်း ခန့်မှန်းရသည်။ (အင်တာနက်)
** အက်စပရင်သည်အရေပြားကင်ဆာကိုကာကွယ်နိုင်**

 အက်စပရင်ဆေးပြား တစ်နေ့တစ်ပြားစားခြင်းသည် အရေပြားကင်ဆာကို ကာကွယ်နိုင်ကြောင်း ကျွမ်းကျင်သူအချို့က ယုံကြည်ထားကြသည်။ အက်စပရင်ဆေးပြား သို့မဟုတ်အလားတူ အကိုက်အခဲပျောက်ဆေးပြားများကို ပုံမှန်သုံးစွဲခြင်းဖြင့်သေစေနိုင်လောက်သည့် အရေပြား ကင်ဆာအမျိုးအစားဖြစ်သော malignant melanoma အပါအဝင် အရေပြားကင်ဆာပြန့်ပွား မှုကို ၁၅ ရာခိုင်နှုန်းခန့်လျော့ကျသက်သာစေကြောင်း သုတေသနပြုချက်များက ဖော်ပြကြသည်။ အဆိုပါ သုတေသနပြုချက်ကိုဒိန်းမတ်နိုင်ငံတွင် လူနှစ်သိန်းခန့်အား လေ့လာခဲ့ခြင်းဖြစ်ကြောင်း ကင်ဆာဆိုင်ရာဂျာနယ် (the journal Cancer) ၌ဖော်ပြထားသည်။ သို့ရာတွင် နေလောင်ခံကာကွယ် ဆေး (sunscreen) များ သုံးစွဲခြင်းနှင့် အလွန်အကျွံနေပူခံခြင်းတို့မှရှောင်ရှားခြင်းသည်သာ အရေပြား ကင်ဆာကိုကာကွယ်ရန် အကောင်းဆုံး နည်းလမ်းများ ဖြစ်ကြောင်းကျွမ်းကျင်သူများက ပြောကြား သည်။ (ဘီဘီစီ)
စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)