**ဒရော့ဘာအား ရှန်ဟိုင်းရှင်ဟွာအသင်း အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူ**
(ရှန်ဟိုင်း ဇွန် ၂ဝ) တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းသည် ချယ်လ်ဆီးအသင်း ၏ အားထားရသည့် တိုက်စစ်မှူးဒရော့ဘာအား အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဇွန် ၂ဝ ရက် သတင်းတွင် ဖော်ပြသည်။အသက်(၃၄)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဒရော့ဘာသည် ဘိုင်ယန်မြူးနစ်အားအနိုင်ယှဉ်ပြိုင်ကာ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပြီးနောက်အသင်းမှ ထွက်ခွာခဲ့ပြီး တရုတ်စူပါလိဂ် ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းနှင့်တစ်ပတ်လုပ်ခလစာပေါင် ၂ဝဝဝဝဝ ဖြင့် နှစ်နှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်သီတင်းပတ်က တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်း၏ ကမ်းလှမ်းမှုကိုရရှိခဲ့ပြီး ယခုရှန်ဟိုင်းရှင်ဟွာအသင်း၏ တိုက်စစ်မှူးအဖြစ်လက်ခံကာ သဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း တိုက်စစ်မှူး ဒီဒီယာဒရော့ဘာက ထုတ်ဖော်ပြောကြားခဲ့သည်။ထို့ပြင် ဒရော့ဘာသည် တရုတ်၏ ဘောလုံးလောကအား တိုးမြှင့်ရေးနှင့်တရုတ်နှင့် အာဖရိကအကြားဆက်ဆံရေး ယခုထက် ပိုမိုတိုးတက်ရန်လည်း မိမိမျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဒရော့ဘာသည် ၄င်း၏ ချယ်လ်ဆီးအသင်းကစားဖော် နီကိုလက်အနယ်ကာ ၏ ရှန်ဟိုင်းရှင်ဟွာအသင်းသို့ ပြောင်းရွှေ့လာရေးကမ်းလှမ်းမှုကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလက ရရှိခဲ့ကြောင်းနှင့် ဒရော့ဘာသည် အကောင်းဆုံးတိုက်စစ်မှူးတစ်ဦး ဖြစ်သည့်အတွက် တရုတ်သို့ ရောက်ရှိရေးကြိုးပမ်းမှုကို လက်တွေ့အကောင်အထည် ဖော်လိုက်ခြင်းပင်ဖြစ်ကြောင်း ရှန်ဟိုင်းရှင်ဟွာအသင်း တာဝန်ရှိသူများက ဆိုသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - နိုင်လင်းကြည်

No comments:
Post a Comment