ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, June 21, 2012

> - ဦးအောင်ကြည်က ဒီလိုတော့ ပြောတာဘဲ-

-ထိုင်းနိုင်ငံရောက် အလုပ်သမားများအား အပြည့် အဝ အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်နေ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်တစ်ခုတည်း ဆောင်ရွက်နေခြင်းမဟုတ်ဘဲ အလုပ်သမားများ၏ အခွင့် အရေးကိုလည်း ကာကွယ်စောင့် ရှောက်ပေးသွားရမည်- ( ၂၁-၆-၂၀၁၂ ။ မြန်မာ့အလင်း သတင်းစဉ်)

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသားစိစစ်ခြင်းနှင့် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း၊ အလုပ်သမားသက်သေခံကတ်ထုတ်ပေးခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးရန်အတွက် ထိုင်းနိုင်ငံရှိ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ သွားရောက်တာဝန်လဲလှယ်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က အမှာစကားပြောကြားရာတွင် ယခုသွားရောက်တာဝန်ထမ်း ဆောင်မည့်အဖွဲ့သည် နိုင်ငံတော်အစိုးရ ကိုယ်စားပြု တာဝန်ထမ်းဆောင်ခြင်း ဖြစ်ကြောင်း၊ မိမိတို့၏ အမူအကျင့်၊ စိတ်နေစိတ်ထား တစ်စုံတစ်ရာ ချို့ယွင်းမှုမဖြစ်ရအောင် အသိတရား ထားရှိရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ သားသမီးများနှင့် မှီခိုသူများအတွက် Cof I ထုတ်ပေးရေးကိုလည်း ညှိနှိုင်းဆောင်ရွက် လျက်ရှိပါသဖြင့် Cof I များ ထုတ်ပေးရန် ညွှန်ကြားလာပါကလည်း စနစ်တကျလွယ်ကူ အောင်မြင်စွာ ထုတ်ပေးရန် ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ရောက်ရှိ လုပ်ကိုင်နေသော အလုပ်သမားများအား အပြည့်အဝ အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက် လျက်ရှိရာ အထောက်အထားမရှိ၍ ပြန်လွှတ်သော အလုပ်သမားများအား လူကုန်ကူးမှု မခံရစေရေးနှင့် စနစ်တကျ ပြန်လည်လက်ခံနိုင်ရေးအတွက် တာချီလိတ်၊ မြဝတီ၊ ကော့သောင်းတို့တွင် လက်ခံရေးစခန်း (Reception) များ ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း၊ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးလုပ်ငန်းစဉ် တစ်ခုတည်းဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ အလုပ်သမားများ၏ အခွင့် အရေးကိုလည်း ကာကွယ်စောင့်ရှောက်ပေးသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး၊ အလုပ်သမားအရာရှိတို့နှင့် ညှိနှိုင်းပြီး စနစ်တကျတင်ပြဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အကျိုးစီးပွား အတွက် လေးလေးနက်နက်ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားရာတွင် ''ပြည်တွင်းမှာရှိသော အလုပ်သမားများ၏ အခွင့်အရေးများသာမက ပြည်ပမှာ လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအလုပ်သမားများ၏ တရားဝင်အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန်အတွက်ကိုလည်းကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်'' ဟူသော နိုင်ငံတော်သမ္မတကြီး၏ သြဝါဒနှင့်အညီ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော အလုပ်သမားများ တရားဝင်အခွင့်အရေးများရရှိရန် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ မိမိတို့၏ လုပ်ငန်းစဉ်အတွက် Specific Regulation သတ်မှတ်ထားပြီးဖြစ်၍ အသိတရားရှိရှိဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၌ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ဆောင်ရွက်မှုတွင်အောင်မြင်မှုများ ရရှိနေကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်သမား နှစ်သန်းကျော်ရှိရာ တစ်သန်းကျော်ခန့် အထောက်အထားများရရှိအောင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ အထောက်အထားထုတ်ပေးရန် တစ်သန်းကျော် ကျန်ရှိကြောင်း၊ မှတ်ပုံတင်ထားသော အလုပ်သမားများသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းတိုး ထပ်မံရရှိထားကြောင်း၊ အဆိုပါအလုပ်သမားများအား အထောက်အထား အချိန်မီထုတ်ပေးရမည်ဖြစ်ကြောင်း၊ အထောက် အထားမဲ့ အလုပ်သမားများ နယ်စပ်သို့ပြန်ပို့သည့် ဖြစ်ရပ်များရှိကြောင်း၊Beyond the Regulation အခြေအနေများတွင် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရေး အသိအမြင်ရှိအောင် ပြောကြား ခြင်းဖြစ်ကြောင်း၊ ဆောင်ရွက်မှုမှန်သမျှကို အမျိုးသားရေးအမြင်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ People Center Strategy နှင့် All Inclusive Strategy နှစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်သဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အထောက်အထားမဲ့ အလုပ်သမားများအား တရားဝင်ဖြစ်စေရေးနှင့်အကာအကွယ်များ ရရှိနိုင်ရေးတို့သည်အန္တိမရည်မှန်းချက်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများအား အထောက်အထားများထုတ်ပေးနိုင်ရေးအတွက် ထိုင်းနိုင်ငံသို့၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပထမအကြိမ် စေလွှတ်ခဲ့သောလုပ်ငန်းအဖွဲ့ ငါးဖွဲ့သည် လေးလနီး ပါးခန့် တာဝန်ထမ်းဆောင်ပြီးဖြစ်ရာထပ်မံ၍ ဝန်ထမ်း ၄ဝ နှင့် လဲလှယ်တာဝန်ပေးအပ်သွားမည်ဖြစ်သည်။ယခု ဒုတိယအကြိမ်စေလွှတ်မည့်လုပ်ငန်းအဖွဲ့ ငါးဖွဲ့အတွက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး(ရန်ကင်း)၌ လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန နေပြည်တော်တွင်လည်းကောင်းထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းစဉ်များဆိုင်ရာ မွမ်းမံသင်တန်းအား ငါးရက်ကြာ ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ သင်တန်းတွင် နိုင်ငံသားစိစစ်ခြင်း၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းနှင့် ပြည်ပ အလုပ်အကိုင် အလုပ်သမားမှတ်ပုံတင်ကတ်ပြား ထုတ်ပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများ၊ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများဆိုင်ရာ သတင်း အချက်အလက်များ၊ ရွှေ့ပြောင်း အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ငွေကြေးစာရင်းရှင်းတမ်းများ၊ အလုပ်သမားရေးရာဥပဒေများ၊ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ၊ လက်တွေ့တာဝန် ထမ်းဆောင်ရမည့် အခြေအနေများအား ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများက သင်တန်းပေးခဲ့ကြကြောင်းသိရှိရသည်။

- ဦးအောင်ကြည်က ဒီလိုတော့ ပြောတာဘဲ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)