-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ရီးယဲလ်၌သာ ဘောလုံးသမားဘဝကိုအဆုံးသတ်မည့် ခရစ္စတီယာနိုရိုနယ်လ်ဒို**
(မက်ဒရစ်၊ ဇွန် ၆)
ပေါ်တူဂီနှင့် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ခရစ္စတီယာနိုရိုနယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်းသို့ ရောက်ရှိပြီး လေးနှစ်တာကာလအတွင်း စပိန်လာလီဂါဖလားရရှိရေးအတွက်ရီးယဲလ်၌သာ ဘောလုံးသမားဘဝကိုအဆုံးသတ်မည့် ခရစ္စတီယာနိုရိုနယ်လ်ဒစွမ်းဆောင်ပေးခဲ့ပြီးနောက် ၄င်း၏ကြေးစားဘောလုံးသမားဘဝကို စပိန်
အင်အားကြီးကလပ် ရီးယဲလ်မက်ဒရစအသင်း၌သာ အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဇွန် ၆ ရက် စပိန်အားကစာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ရိုနယ်လ်ဒိုသည် မန်ယူအသင်းမှ
စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း၈ဝ ဖြင့် ရီးယဲလ်မက်ဒရစ်အသင်းသို့ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အတွက်ပွဲပေါင်း ၆ဝ ကစားပြီး ဂိုးပေါင်း ၅၅
ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။ ရိုနယ်လ်ဒိုသည် ပြီးခဲ့သည့် သုံးနှစ်က ၄င်းအားစံချိန်တင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ထိုက်တန်သည့် ပေးဆပ်မှုဖြင့်ပြန်လည်တုံ့ပြန်မည်ဟု ကတိပြုထားခဲ့သည်ဟု ဆိုသည်။ရိုနယ်လ်ဒိုသည် ၄င်း၏ ဘောလုံးသမားဘဝကို ရီးယဲလ်၌သာ ကုန်ဆုံးရန်ဆုံးဖြတ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်း၌ ၁ဝ နှစ်ကြာ ဆက်ရှိနေရန် ရည်ရွယ်ထားသည်။ သို့သော် အခြားကံကြမ္မာအပြောင်းအလဲကို မပြောနိုင်ကြောင်း
လည်း ပြောကြားထားသည်။ယူရို ၂ဝ၁၂ ပြိုင်ပွဲအတွက် ပြင်ဆင်နေသော ပေါ်တူဂီအသင်း၏ အားထား
ရသည့် ရိုနယ်လ်ဒိုက မိမိသည် ဘောလုံးသမိုင်းတွင် ပြောင်းရွှေ့ကြေး အမြင့်ဆုံးစံချိန်တင်ကစား သမားဟု ယူဆကြောင်းနှင့် စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြ စူပါဝမ်းမော်ရင်ဟို
မှာလည်း အသင်း၌ ၂ဝ၁၆ ခုနှစ်အထိဆက်နေရန် စာချုပ်ထားခဲ့ခြင်းကြောင့်ရိုနယ်လ်ဒိုအနေဖြင့် ရီးယဲလ်၌ ကြေးစားဘောလုံးသမားဘဝ အဆုံးသတ်ရန်ရည်ရွယ်ခဲ့သည်ဟုလည်း သတင်းတွင်
ဖော်ပြသည်။ (အင်တာနက်)**ချယ်လ်ဆီးအသင်းမှထွက်ခွာမည် မဟုတ်ကြောင်းအိုင်ဗန်နိုဗစ်ဖွင့်ဟ** (လန်ဒန်၊ ဇွန် ၆)
လန်ဒန်အနောက်ပိုင်းအခြေစိုက်ချယ်လ်ဆီးအသင်းမှ နောက်တန်းကစားသမား အိုင်ဗန်နိုဗစ်သည် ၄င်းအား အီတလီကလပ်နာပိုလီအသင်းက ခေါ်ယူရန် ကမ်းလှမ်းမှုများရှိခဲ့သော်လည်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှထွက်ခွာရန် ရည်ရွယ်ထားခြင်း မရှိကြောင်း အိုင်ဗန်နိုဗစ်က ဖွင့်ဟခဲ့သည်။ အသက်(၂၈)နှစ်အရွယ်ရှိ ချယ်လ်ဆီးနောက်တန်းကစားသမားသည် ၂ဝဝ၈ခုနှစ်က လိုကိုမိုတစ်မော်စကိုမှ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၄င်း၏ ဘောလုံးသမားဘဝကို အဆင့်မြှင့် ကစားသမားအဖြစ်ပြောင်းလဲတည်ဆောက်နေချိန်တွင်ဥရောပတစ်လွှားမှ ကလပ်များ၏ စိတ်ဝင်စားမှုကို ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။အိုင်ဗန်နိုဗစ်၏ ကိုယ်စားလှယ်ဖြစ်သူက အိုင်ဗန်နိုဗစ်သည် ချယ်လ်ဆီးအသင်းမှ ထွက်ခွာရန် မျှော်လင့်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သော လည်း အီတလီကလပ် နာပိုလီအသင်းနှင့်အတူ စပိန်အင်အားကြီးကလပ် ရီးယဲလ်မက်ဒရစ် အသင်းကလည်း ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။အိုင်ဗန်နိုဗစ်သည် လက်ရှိကလပ် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းသုံးနှစ် ကျန်ရှိနေသေးသည်။ သို့သော် ယင်းစာချုပ်သက်တမ်းကုန်ပါက အသင်းနှင့် စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုမည်ဖြစ်ခြင်းကြောင့် နာပိုလီအသင်းနှင့်ဆွေးနွေးမှုပြုလုပ်မည်မဟုတ်ကြောင်းနှင့်ချယ်လ်ဆီးအသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း အိုင်ဗန်နိုဗစ်က အတိအလင်းပြောကြားခဲ့သည်။ (အင်တာနက်)
**အင်္ဂလန်အကောင်းဆုံး ဘောလုံးသမားနောက်တန်းကစားသမား ဖာနီနန်ဖြစ်လာ**
(လန်ဒန်၊ ဇွန်၆)
အင်္ဂလန်နောက်တန်းကစားသမားများတွင် ဖာဒီနန်သည် အကောင်းဆုံး နောက်တန်းကစားသမား တစ်ဦးဖြစ်ကြောင့်း ဒတ်ခ်ျကွင်းလယ်ကစားသမား ဗန်ဒါဗက်က ပြောကြားလိုက်သည်။ သို့သော်လည်း ဖာဒီနန်သည် အင်္ဂလန်နည်းပြသစ် ရွိုင်ဟော့ဒ်ဆင်၏ ယူရို ၂၀၁၂ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် မူလက မပါဝင်ခဲ့ပေ။ သို့သော်လည်း ဂယ်ရီကာဟေးလ်ဒဏ်ရာရသွားသဖြင့် နည်းပြရွိုင်ဟော့ဒ်ဆင်က ဖာဒီနန်အား အင်္ဂလန်အသင်းတွင် ပြန်လည်ကစားရန် ခေါ်ယူခဲ့သည်။ ဖာဒီနန်သည် အင်္ဂလန်အသင်းနှင့်အတူ ၈၁ ပွဲ ပါဝင်ကစားခဲ့သူဖြစ်သည်။ (အင်တာနက်)
**လီဗာပူးတိုက်စစ်မှူး ဒက်ကွတ်ဇ် ဖီနာဘာချီနှင့် သုံးနှစ်စာချုပ်** (လန်ဒန်၊ ဇွန် ၆)
လီဗာပူးတိုက်စစ်မှူး ဒက်ကွတ်ဇ်သည် တူရကီကလပ် ဖီနာဘာချီနှင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်သည်။ နယ်သာလန်တိုက်စစ်မှူး ဒက်ကွတ်ဇ်သည် ဖီနာဘာချီအသင်းနှင့် သုံးနှစ်စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဒက်ကွတ်ဇ်သည် လီဗာပူးတွင် ခြောက်နှစ်ကြာကစားခဲ့ပြီးနောက် ထွက်ခွာသွားခဲ့ခြင်ဖြစ်သည်။ ၄င်းသည် ၂၀၀၆ ခုနှစ်မှစပြီး လီဗာပူးတွင် ကစားခဲ့ရာ ပွဲပေါင်း ၂၅၀ ကျော်ပါဝင်ကစားပေးခဲ့ပြီး စုစုပေါင်း ၇၁ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment