-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ကမ္ဘာပေါ်၌ အကြီးဆုံး အင်းဆက်ပိုး**
(နယူးဇီလန်၊ ဇွန်) နယူးဇီလန်နိုင်ငံ မြောက်ပိုင်း သစ်တောအတွင်းတွေ့ရှိရသော အင်းဆက်ပိုးတစ်ကောင်သည် ကမ္ဘာပေါ်ရှိ ပိုးတစ်ကောင်သည် ကမ္ဘာပေါ်ရှိ အင်းဆက်ပိုးများအနက် အကြီးဆုံးအဖြစ်ကမ္ဘာ့မှတ်တမ်း၌ ဇွန် ၃ ရက်က ဖော်ပြခံရသည်။ အဆိုပါ အင်းဆက်ပိုးကို နယူးဇီလန်နိုင်ငံမှ အင်းဆက်ပိုးသုတေသနပညာရှင်တစ်ဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် မက်မိုဖက်က ၄င်းသစ်တောအတွင်း လေ့လားသွားရောက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သုတေသနပညာရှင် မက်မိုဖက်သည် နယူးဇီလန်နိုင်ငံမြောက်ပိုင်း ကျွန်ငယ်တစ်ကျွန်းပေါ်ရှိ သစ်တောအတွင်း ညပိုင်း၌ လေ့လာစဉ် သစ်ပင်တစ်ပင်ပေါ်တွင် အဆိုပါ အင်းဆက်ပိုးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းအင်းဆက်ပိုးကို ၀ီတာဟုအမည်ပေးပြီး အရွယ်အစားမှာ တောင်ပံများသည် ခုနစ်လက်မခန့်ရှိသော ခန္ဒာကိုယ်မှာ အရွယ်ရောက်ပြီး ကြွက်တစ်ကောင်၏ အရွယ်အစားခန့်ရှိကြောင်း သိရသည်။ (အင်တာနက်)
တရုတ်နိုင်ငံ စီချွန်ပြည်နယ်တွင် ကမ္ဘာပေါ်၌ အမြင့်ဆုံးလေဆိပ်တစ်ခုကို တည်ဆောက်နေပြီဖြစ်ရာ ယင်းလေဆိပ်သည် ရေမျက်နှာပြင်ထက် မီတာ ၄၄၁၀ အမြင့်ရှိ တောင်ပေါ်၌ တည်ဆောက်နေခြင်းဖြစ်ကြောင်း ဇွန် ၆ ရက်၌ သတင်းထုတ်ပြန်သည်။ အဆိုပါလေဆိပ်သည်စီချွမ်ပြည်နယ် တောင်ချန်စီရင်စုတွင်ရှိသော တောင်ထိပ်၌တည်ဆောက်နေခြင်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများအတွက် ဆွဲဆောင်မှုအရှိဆုံး လေဆိပ်တစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။ ၄င်းလေဆိပ်ကို လာမည့် ၂၀၁၃ ခုနှစ်၌ အပြီးတည်ဆောက် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ယင်းလေဆိပ်တည်ဆောက်ပြီးစီးပါက နိုင်ငံတကာလေယာဉ်များအပြင် ပြည်တွင်းလေကြောင်းခရီးစဉ်
များဖြစ်သော ချန်ဒူ၊ ချုံကျင်း၊ ကူမင်း၊ ရိုင်ယန်နှင့် စီအင်မြို့များသို့ လေယာဉ်များ ပျံသန်းပြေးဆွဲနိုင်မည်ဖြစ်သည်။ (အင်တာနက်)
**ထိုင်းနိုင်ငံနေရာအချို့၌ ရေလွှမ်းနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထား**
(ဗန်ကောက်၊ ဇွန် ၆)
ရေလွှ့မ်းမှုများဖြစ်ပွားနိုင်ကြောင်း ထိုင်းမိုးလေ၀သဌာနက ဇွန် ၆ ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ချန်ဖွန်ပြည်နယ်ရှိ တောင်ခြေဒေသများ၊ မြစ်ချောင်းအနီးဝန်းကျင်းဒေသများ၌ နေထိုင်ကြသူများနှင့် ဆူရက်ထိုင်း၊ ရနောင်း၊ ဖန်န၊ ထရန်စသည်ဒေသများတွင် မိုးသည်းထန်ပြီး ရေလွှမ်းများနှင့် ကြုံတွေ့ရနိုင်ကြောင်းထိုင်းအရာရှိများက ပြောကြားသည်။ (အင်တာနက်)
**လိင်ကူးပြောင်းသူများ၏ မှတ်တမ်းရုပ်ရှင်ဖန်တီးမည့် ဂျဲနက်ဂျက်ဆင်**
ကွယ်လွန်သူ ကမ္ဘာကျော်ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်၏ညီမ အဆိုတော်ဂျဲနက်ဂျက်ဆင်က ကမ္ဘာတစ်ဝန်းရှိလိင်ကူးပြောင်းသူများ၏ မှတ်တမ်းရုပ်ရှင်ကားတစ်ကားရိုက်ကူး ထုတ်လုပ်ရန်ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးနှင့် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။နယူးယောက်မြို့အခြေစိုက် Brain-child Films ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ဂျဲနက်ဂျက်ဆင်သည်လိင်ကူးပြောင်းသူများ၏ ဘဝမှတ်တမ်းများကို အခြေခံရိုက်ကူးမည့် Truth အမည်ရှိ ဇာတ်ကားရိုက်ကူးရန်
ပင်ဆင် လှုပ်ရှားလျက်ရှိကြောင်းနှင့်ယင်းဇာတ်ကားကိုယခုနှစ် နွေရာသီတွင်ဖန့်ချိပြသနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဇွန် ၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ဂျဲနက်ဂျက်ဆင်က Truth ဇာတ်ကား
နှင့်ပတ်သက်၍''လူသားအားလုံး ကျွန်မအတွက် အလွန်အရေးကြီးပါတယ်။မတူခြားနားတဲ့ ဘဝပုံစံအမျိုးမျိုးကလူတွေနဲ့မိတ်ဆွေဖြစ်ရတာ၊ လေ့လာသင်ယူခွင့်ရခဲ့တာ ကျွန်မကံကောင်းပါ
တယ်။ Truth ဇာတ်ကားဟာကိုယ်နဲ့ခံစားချက်၊ ယုံကြည်ချက်မတူခြားနားတဲ့သူတွေအပေါ်မှာ ကြိုးစားပြီးနားလည်မှုပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဘာမှမတူဘူးဆိုရင်တောင် ခံစားတတ်တဲ့
နှလုံးသားချင်းတော့ တူနေပါသေးတယ်။ကျွန်မလိုချင်တာက အမုန်းတရားတွေအဆုံးသတ်ပြီး နားလည်မှုတွေရှာဖွေဖို့ပါ'' ဟုမီဒီယာများသို့ ပြောကြားသည်။ယင်းဇာတ်ကားကို နယူးယောက်မြို့မှ
လိင်ပြောင်းသူ လေးဦးအကြောင်းရိုက်ကူးထားသည့် The Style Network ဇာတ်ကားရိုက်ကူးခဲ့သူ ဒါရိုက်တာရောဘတ်ဂျက်ဆင်က ရိုက်ကူးသွားမည်ဖြစ်သည်။ ရောဘတ်ဂျက်ဆင်က Truth
ဇာတ်ကားသည် မြောက်အမေရိက၊ဥရောပ၊ သြစတြေးလျနှင့် လက်တင်အမေရိကမှ လိင်ပြောင်းသူများအကြောင်းအခြေခံရိုက်ကူးသွားမည်ဟုဆိုသည်။အသက် (၄၆) နှစ်ရှိဂျဲနက်ဂျက်ဆင်
သည် ရုပ်ရှင်ဇာတ်ကားအတော်များများတွင် ပါဝင်သရုပ်ဆောင်ထားပြီး ဂရမ်မီဆုငါးဆုရရှိထားသည့် အဆိုတော်တစ်ဦးဖြစ်သည်။ (အင်တာနက်) **နောက်ဆုံးတိုင်းတာချက်များအရ တရုတ်မဟာတံတိုင်းကြီး ပိုမိုရှည်လျား**
(ပေကျင်း ဇွန် ၆ ) တရုတ်နိုင်ငံ၏ နာမည်ကျော် မဟာတံတိုင်းကြီးသည်ယခင်ကတွေးထင်ခဲ့သည်ထက် ပိုမိုရှည်လျားကြောင်း ဆင်ဟွာသတင်းဌာနက ဇွန် ၅ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာ ခဲ့သည်။နောက်ဆုံးပြုလုပ်ခဲ့သော တိုင်းတာချက်ရလဒ်များအရမဟာတံတိုင်းကြီး၏ စုစုပေါင်း အရှည်သည် ၂၁၁၉၆ ဒသမ၁၈ ကီလိုမီတာရှိကြောင်းဆင်ဟွာ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။၂ဝဝ၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာချက်တစ်ရပ်၌မဟာတံတိုင်းကြီး၏ အရှည်မှာ ၈၈၅ဝ ကီလိုမီတာရှိကြောင်းခန့်မှန်းဖော်ပြထားသည်။၂ဝဝ၇ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့သော ရှေးဟောင်းသုတေသနဆိုင်ရာတိုင်းတာမှုများအပေါ်အခြေခံ၍ တရုတ်နိုင်ငံယဉ်ကျေးမှုအမွေအနှစ်များ စီမံအုပ်ချုပ်ရေးဌာနက မဟာတံတိုင်း၏ အရှည်ပမာဏ အတိအကျအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာချက်များအရ မဟာတံတိုင်းကြီးတစ်လျှောက်၌ ယဉ်ကျေးမှုအမွေအနှစ်နေရာ ၄၃၇၂၁ နေရာရှိကြောင်း သိရသည်။ လီပေါင်း ၁ဝဝဝဝ တံတိုင်းကြီးအဖြစ် တရုတ်နိုင်ငံသားများက သိရှိသော မဟာတံတိုင်းကြီးသည် လူသားတို့ တည် ဆောက်ခဲ့သည့် အဆောက်အအုံများအနက် အကြီးဆုံးဖြစ်ပြီးတရုတ်နိုင်ငံ၏ မြောက်ဘက်နယ်ခြားကို ကာကွယ်နိုင်ရန် ဘီစီ၅ဝဝ တွင် စတင်တည်ဆောက်ခဲ့သည်။ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က မဟာတံတိုင်းကြီးကို ကမ္ဘာ့အမွေအနှစ်များစာရင်း၌ ၁၉၈၇ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။(အင်တာနက်)
**ပါကစ္စတန်နိုင်ငံ၌ သဲမုန်တိုင်းတိုက်ခတ် ၁၅ ဦးသေဆုံး၊ အိမ်များပျက်စီး**
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment