ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, June 16, 2012

>
-ခုနစ်သွယ်ရောင်စဉ် သက်တံပုံပြင်-

ရောင်စဉ်ခုနစ်သွယ် ယှက်ဖြာသန်းတဲ့ သက်တံခုံးကို မိုးရွာပြီးစ နေရောင်ခြည်ဖြာကျတဲ့ အခိုက်အတန့် မှာ တွေ့ဖူးကြမှာပါ။ သက်တံရောင်စဉ်တွေထဲမှာ ပါဝင်တဲ့၊ ခြားနားတဲ့အရောင်တွေရဲ့ စုစည်းအားပြိုင်မှု၊ လိုက်ဖက်ညီညွတ်မှုတွေဟာ မြင်ရသူတိုင်းရဲ့ရင်မှာ စိတ်ကြည်နူးချမ်းမြေ့မှုကို ပိုမို ရသမြောက်အောင် ဖြည့် ဆည်းပေးပါတယ်။ ဒီသက်တံမှာ ပါဝင်တဲ့ ရောင်စဉ်တန်းလေးတွေလို ကွဲပြားခြားနားတဲ့ ဘ၀အမြင်၊ မတူညီတဲ့ ၀ါသနာ၊ တစ်ခါ တစ်ရံမှာ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမူအကျင့်လေးတွေနဲ့ စုစည်းပေါင်းစပ်ထားတဲ့ သူငယ်ချင်း ခုနစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။ ဒီသူငယ်ချင်း ခုနစ်ယောက်က အလယ်တန်းတက်ကတည်းက တွဲခဲ့ကြတဲ့ သူတွေဖြစ်ပြီး အခု (နှစ်နှစ်ဆယ်ခန့် ကြာခဲ့တဲ့) အချိန်အထိလည်း စုစုစည်းစည်းနဲ့ အခင်အမင်မပျက် ရှိနေကြဆဲပါပဲ။ ဒီခုနစ်ယောက်ရဲ့အကြောင်းကို ပုံကြမ်း ရေးခြစ် ကောက်ကြောင်းဖော်ရရင် ... ပထမဦးဆုံးတစ်ယောက်က "ငြိမ်း"တဲ့။ သူက ငယ်စဉ်ကတည်းက စီးပွားရေးကို စိတ်ဝင်စားပြီး ဦးဆောင် တတ်တဲ့ အရည်အချင်းရှိသူ၊ အခုလက်ရှိလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူပေါ့။ သူ့ရဲ့ထူးခြားချက်က စကားတစ်ခွန်း စ,မပြောခင်မှာ အမြဲ ရယ်မောတတ်တဲ့အကျင့် ရှိတာပါပဲ။ သူနဲ့တွေ့တိုင်း မရယ်ဘဲ မနေနိုင်အောင် ပွင့်ပွင့် လင်းလင်း ပြောတတ်ဆိုတတ်တဲ့၊ ဟန်ဆောင်မှုကင်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ နံပါတ်နှစ်က "လင်း"တဲ့။ "လင်း"ကတော့ ရေခြားမြေခြား တိုင်းပြည်တစ်ခုမှာ ကိုယ်ဝါသနာပါရာ အလုပ်ကို လုပ်ရင်း ဘ၀ကို ပျော်မွေ့နေတဲ့သူတစ်ယောက်။ အနေအေးသလို အတွေးလည်း နက်တဲ့သူပါ။ သူငယ် ချင်းတွေအပေါ် နားလည်စာနာတတ်ပြီး ရင်ထဲက ခံစားချက်တွေကို ဘယ်တော့မှ ထုတ်မပြောတတ်တဲ့၊ လျှို့ဝှက်တဲ့ ကောင်မလေးပေါ့။ နောက်တစ်ယောက်က "သီရိ"။ သီရိရဲ့ ထူးခြားချက်က စကားအသုံးအနှုန်း ကြွယ်ဝတယ်။ လူတစ်ဖက်သား နားဝင်အောင် စိတ်ရှည်လက်ရှည်နဲ့ စီကာပတ်ကုံး ပြောတတ်တဲ့သူ။ ကြား ဖူးပြီးသား ဟာသတွေတောင် သူမို့ ပြန်ပြောပြရင် ပိုရယ်ရသလိုပဲ။ ဒါပေမဲ့ သီရိရဲ့ နောက်ထပ် ဆန့်ကျင် ဘက်ဖြစ်တဲ့ ထူးခြားချက်တစ်ခုကတော့ စိတ်ထိခိုက်လွယ်တယ်။ အပြင်ပန်းက စိတ်မာသယောင် ထင်ရပေမဲ့ အတွင်းစိတ်က အရမ်းနူးညံ့တယ်။ ၀မ်းနည်းစရာရှိရင် ဟန်မဆောင်နိုင်အောင် မျက်နှာပေါ်မှာ အရိပ်ထင် တတ်တဲ့သူ။ သူငယ်ချင်းတွေအပေါ် သည်းညည်းခံတတ်တဲ့၊ ဖြူစင်တဲ့ ကောင်မလေးပါ။ နောက်တစ်ယောက်ကတော့ "ချယ်ရီ"တဲ့။ သူက သူငယ်ချင်းခုနစ်ယောက်ထဲမှာ အသက်အငယ်ဆုံးဖြစ် သလို အချောဆုံးဆိုလည်း မမှားပါဘူး။ တစ်ခါတစ်ခါ သူ့အပြုအမူတွေက ကလေးဆန်သလိုရှိပေမဲ့ သူငယ်ချင်းတွေအပေါ်မှာ သံယောဇဉ်အကြီးကြီး ထားတဲ့သူပေါ့။ ကျန်းမာရေးကို အမြဲ ဂရုတစိုက်ရှိတဲ့သူ မို့လား မသိ။ သူမို့ အာဂန္တု ရောဂါတွေကလည်း "နင်နေ ငါသွား"ဆိုသလို တစ်ခုပျာက်ရင် တစ်ခုဖြစ်နဲ့ သံသရာလည်နေတဲ့၊ စာအသင်အပြကောင်းတဲ့ ခင်မင်စရာ ကောင်မလေးတစ်ယောက်ပေါ့။ နောက် တစ်ယောက်က "ငယ်လေး"။ သူက အခုလက်ရှိ စာပေနဲ့ပတ်သက်တဲ့ ထုတ်ဝေရေးတိုက်တစ်ခုမှာ အလုပ် လုပ်နေတဲ့၊ အမြဲ အလုပ်များနတဲ့သူပေါ့။ သူ့ရဲ့ထူးခြားချက်က အပြင်ပန်းမှာ အိနြေ္ဒတစ်ခွဲသားနဲ့လို့ ထင် ရပေမယ့် သူငယ်ချင်းတွေနဲ့ဆုံရင် ပေါက်ကရတွေပြောရင်း ရယ်ကြတဲ့အခါ သူ့ပုံစံက တကယ့်ကလေးလေး တစ်ယောက်လို ဟက်ဟက်ပက်ပက် ရယ်မောတတ်သူပါ။ တစ်ခါတလေ သူ့ရယ်သံကို နားထောင်ရင်း လိုက်ရယ်မိတဲ့အခါ ရယ်သံတွေ မစဲနိုင်အောင်ဖြစ်ရတာကလည်း သူ့ရဲ့ ၀ိသေသတစ်ခုပေါ့။

နောက်ထပ်တစ်ယောက် နာမည်ကတော့ "သန္တာ"တဲ့။ သူက သူငယ်ချင်းခုနစ်ယောက် ထဲမှာ မွေးနေ့တွေ စဉ်လိုက်ရင် အသက်အကြီးဆုံး ဆိုပါတော့။ သူကတော့ စကားပြောရင် ဟန်ပါပါပြောတတ်တယ်။ အတွေး အခေါ်လည်း မြင့်တယ်။ အပျိုကြီးလုပ်မယ်လို့ အမြဲကြွေးကြော်ပေမဲ့ သူငယ်ချင်း ခုနစ်ယောက်ထဲမှာ သူ့လောက် စန်းပွင့်တဲ့သူမရှိပါဘူး။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ "မွန်မွန်"က တစ်မျိုး။ ဘယ်အရာမဆို မြုံစိစိနဲ့ ကိုယ့်ရဲ့ဆန္ဒကို ရဲရဲဝံ့ဝံ့ မထုတ်ဖော်တတ်တဲ့သူ။ အများသဘောတူတဲ့ အရာသည်သာ သူ့ဆန္ဒလို့ ခံယူထားတဲ့သူ။ စိတ်ပါလက်ပါ ရှိတဲ့အခါ စကားများ၊ အရွှန်းဖောက်တတ်သလောက်၊ တစ်ခါတစ်ခါလည်း သူငယ်ချင်းတွေပြောသမျှ နားထောင်သူသက်သက် ဖြစ်တဲ့အခါလည်းဖြစ်။ သူခံစားမိသမျှတွေကို ကဗျာလည်း မမည်၊ အက်ဆေးလည်း မကျ၊ ဆောင်းပါးလည်း မဖြစ်၊ ၀တ္ထုတိုလည်း မဟုတ်တဲ့ ဟိုတစ်စ၊ ဒီတစ်စတွေ စိတ်ကူးတည့်ရာ ရေးရင်း သူ့စိတ်ကူးနဲ့ သူ့ဝါသနာကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူပေါ့။ သူတို့ခုနစ်ယောက် ဆုံမိပြီလားဆိုမှဖြင့် တစ်နေ့တာအတွင်း အကြောင်းအရာပေါင်း များစွာကို ဦးတည်ပြီး တစ်ယောက်တစ်ခွန်း မမောနိုင်မပန်းနိုင် ပြောကြဆိုကြ၊ ငြင်းကြခုံကြ၊ ဆွေးနွေးကြ၊ ရယ်မောကြနဲ့ လက်ပံ ပင် ဆက်ရက်ကျတာထက်ဆိုးတဲ့ ဆူဆူညံညံအသံတွေနဲ့ စည်ကားသက်ဝင်တဲ့ စကားဝိုင်းလေး ရဲ့ဒဏ်ကို အများဆုံးခံရတာတော့ ငြိမ်းရဲ့ မိသားစုများပါပဲ။ (သူတို့ အမြဲလိုလို ဆုံလေ့ရှိတဲ့နေရာက ငြိမ်းရဲ့ အိမ်ပေါ့)။ ဘယ်လောက်ပဲ ဆူညံဆူညံ အပြုံးမပျက်ဘဲ "နောက်လည်း လာလည်ကြဦးလေ" လို့ ပြောဖော်ရတဲ့ ငြိမ်းရဲ့ အစ်မတွေကို အားနာမိပေမဲ့ နောက်တစ်ကြိမ် ဆုံပြန်ရင်လည်း ဒီလိုပဲ ဆူညံ ရယ်မောမိကြတာကလည်း အကြိမ်ကြိမ်။ အဲဒီလို တစ်ယောက်တစ်မျိုး မတူညီတဲ့ ၀ါသနာ၊ အတွေးအခေါ်၊ ရည်ရွယ်ချက်တွေရှိကြပေမဲ့ ဒီနေ့အထိ သူတို့တတွေ လက်တွဲမပျက်ခဲ့တဲ့ လျှို့ဝှက်ချက်ကတော့ သူတို့တစ်ဦးစီရဲ့ရင်ထဲမှာ ဖြူစင်တဲ့ခင်မင်မှုကို အဖြူထည်သက်သက် ထိန်းသိမ်းထားလို့ပါပဲ။ သူတို့ သူတို့တွေရဲ့ လျှောက်လှမ်းရာ ဘ၀လမ်းမှာ ကြမ်းတမ်း မှု၊ ချောမွေ့မှု၊ ကောက်ကွေ့မှု၊ ဖြောင့်ဖြူးမှု၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုဆိုတဲ့ လောကဓံရဲ့လက်ဆောင်တွေကို ပုထုဇဉ်လူသားတွေပီပီ လက်ခံကောင်း လက်ခံခဲ့ရပေမဲ့ သူငယ်ချင်းဆိုတဲ့ အဖြူရောင်စည်းဝိုင်းလေး ထဲမှာတော့ ဘယ်သူပဲဖြစ်ဖြစ် တစ်သားတည်း၊ တစ်ပြေးတည်း ညီတူညီမျှ ထားကြတဲ့ သံယောဇဉ်တွေက သူတို့တွေရဲ့ တွဲလက်ကလေးတွေ ပြုတ်မသွားရအောင် ခိုင်ခိုင်မြဲမြဲ ချည်နှောင်လျက် ရှိနေဦးမှာပါပဲ။ 

(ကိုယ်စီကိုယ်စီ ဘ၀လမ်းကို လျှောက်လှမ်းကြတဲ့အခါ ခုနစ်ယောက်လုံး ဆုံစည်းဖို့မလွယ်တော့တဲ့ အချစ် ဆုံး သူငယ်ချင်းတွေအတွက် အမှတ်တရ) 

 **မြ၀တီဇော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)