ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 29, 2012

>
-ထပ်တူ- 

“ကိုယ့်ရဲ့ ရင်ခုန်သံတွေကို မင်းမမြင်တာနေမှာပါ”.... “ရင်ခုန်သံဆိုတာ မမြင်နိုင်ဘူးလေ.....။ ကြားပဲ ကြားနိုင်တဲ့အရာမျိုးပါ...။ စပြောကတည်းက မှားနေပြီထင် တယ်နော်....၊ အဟင်း”....... ပြောရင်းဖြင့်စကားဆုံးကာနီးတွင် မထိန်းနိုင်တော့ပဲ သူမရဲ့ရယ်သံတချို့က ကပ်ငြိပါသွား၏။ ထိုစဉ် ညဥ့်ဦး လေပြေတစ်သုတ်က သူမတို့ကိုဖြတ်သန်းတိုးဝှေ့လို့သွားသည်။ သူမရဲ့ရှည်မျောမျောဆံပင်လေးတွေ လေယူ ရာနောက်လိုက်ပါသွားကြ၏။ ထို့အတူ သူမရဲ့အသားပျော့ပျော့အင်္ကျီစများကလည်း လေထဲတွင် တဖျပ်ဖျပ် အသံပေးကာ လူးလွန့်လှုပ်ခါလျှက်.....။ ညခုနှစ်နာရီခန့်ရှိသေးသော်လည်း သူမတို့နေသော လမ်းသွယ်လေးထဲတွင် လူရှင်းနေခဲ့သည်။ ထို့ကြောင့် လမ်းထိပ်ရှိစာအုပ်ဆိုင်တွင် ငှားထားသောမဂ္ဂဇင်းများပြန်ပို့ရန် အိမ်မှတစ်ယောက်တည်းထွက်လာခဲ့သော သူမကို သူရိန်တစ်ယောက် လွတ်လွတ်လပ်လပ်စကားလိုက်ပြောခွင့်ရနေခြင်းဖြစ်၏။ သူရိန်ဆိုတာ အခြားသူတော့မဟုတ်....။ သူမတို့နေသော လမ်းထဲမှဖြစ်သည်။ အိမ်ချင်းအနည်းငယ်သာ လှမ်းဝေး၏။ လူချင်းလည်း မျက်မှန်းတန်းမိရုံရင်းနှီးပါသည်။ သို့သော် သူငယ်ချင်းများမဟုတ်ခဲ့ပါ..။ ထို့အတူ သူရိန်တို့မိသားစုက သူမတို့နေသောလူလတ်တန်းစားဆိတ်ငြိမ်ရပ်ကွက်လေးထဲသို့ နောက်ကျမှပြောင်းလာ ခဲ့တာလည်းပါသည်။ သူမစကားကြောင့်ထင်သည်။ သူရိန်က သူမမျက်နှာကို ခပ်ဆွေးဆွေးငဲ့ကြည့်ရင်း..... “ထားပါတော့လေ....၊ ကိုယ်ဘာမှ ဆက်မပြောတော့ပါဘူး....။ ဒါပေမယ့် ကိုယ်မင်းအပေါ်မှာ ဘယ်လောက် ထိချစ်ခဲ့သလဲ..၊ ပေးဆပ်ခဲ့သလဲဆိုတာတွေကိုတော့ မင်းတစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်”....... ဒီတစ်ခါတော့ သူရိန့်ကိုငဲ့ညှာစွာဖြင့် သူမဘာမှ ပြန်မပြောဖြစ်တော့....။ သို့သော် သူမရင်တွင်းထဲမှ သူရိန့်ကို တီးတိုးမေးခွန်းတစ်ခု မေးနေမိလိုက်သည်။ သူရိန်ဘာတွေလာပြောနေတာလည်း....ဟု။ ထို့အတူသူမရဲ့ နှုတ်ခမ်းအစုံကလည်း မရည်ရွယ်စွာဖြင့် ခပ်လွန့်လွန့်လေးပြုံးနေမိခဲ့၏။ မိန်းမတစ်ယောက်ကို (သူမကို) အရူးအမူးချစ်နေတယ်ဆိုတာနှင့် သူရိန့်အပေါ်တွင် သူမပြန်ချစ်သင့်သလား ဟုလည်း ပြန်တွေးနေလိုက်မိပြန်သည်။ နောက်ပြီး သူရိန့်ပြောစကားထဲတွင်ပါသော ပေးဆပ်ခြင်းဆိုတာ...။ မိန်းကလေးတစ်ယောက်အတွက် အချိန်ကုန်ခံကာ......... နောက်ကနေတစ်ကောက်ကောက်လိုက်နေတတ် တာဟာ ယောက်ျားလေးတစ်ယောက်ရဲ့ စစ်မှန်သောပေးဆပ်ခြင်းတဲ့လား.....၊ အချိန်တိုင်းလိုလို.... မြင်သာ သောနေရာတိုင်းတွင်ရှိနေတတ်တာလည်း ပေးဆပ်ခြင်းလို့ခေါ်သလား....၊ ဒါမှမဟုတ်ရင် အိမ်ရှေ့မှာ...ခဏ ခဏဖြတ်ပြီး လျှောက်တတ်တာမျိုးကိုခေါ်သလား.....။ ညတိုင်း သူမအိမ်နှင့်မလှမ်းမကမ်းနေရာတွင် ဂစ်တာ တီးပြီးသီချင်းဆိုပြတိုင်း ပြန်ချစ်ရမည်တဲ့လား...။ ထိုအတိုင်းဆိုလျှင်........ သူမအတွက် ရည်းစားတော်တော် များများအဖတ်တင်နေလောက်ပြီ....။ သို့သော် ပေးဆပ်ခြင်းဆိုတာရဲ့အဓိပ္ပါယ်ကို သူမလည်း.....ကောင်းစွာ မခွဲခြားတတ်သေးပါ။ တွေးရင်းဖြင့် သူမထပ်ပြီးရယ်ချင်လာသည်။ “သူရိန့်ကို တစ်ခုလောက်မေးချင်တယ်”..... “မေးပါ....၊ တစ်ခုမဟုတ်ဘူး....။ သစ္စာသာမေးမယ်ဆိုရင် အကုန်ဖြေမယ်”...... သူမကိုရွန်းရွန်းစားစားငဲ့ကြည့်ရင်း သူရိန်ကဆိုသည်။ “တစ်ကယ်လို့များ.....သူရိန့်ကို သစ္စာပြန်မချစ်ရင် သူရိန်ဘာဖြစ်သွားမလဲ...။ မဖြေချင်လည်းရတယ် နော်....၊ သစ္စာက သိချင်ရုံသက်သက်ပါ”....... သူမအမေးကို သူရိန်က အသက်ရှုသံပြင်းပြင်းစွက်လျှက်..... “ကိုယ်ခုနေတော့ မပြောပြတတ်သေးဘူး....၊ တစ်ခုခုဖြစ်သွားမှာတော့ သေချာတယ်....၊ ကြေကွဲသွားရမှာ တော့ အမှန်ပဲလေ”...... နားထောင်ရင်း သူမပြုံးလိုက်မိသည်။ သူရိန်တစ်ယောက် သူမ၏မေးခွန်းကို ရေရေရာရာမဖြေနိုင်တာ မို့ဖြစ်၏။ “ဒါဆို အခုလက်ရှိ သူရိန်တွဲနေတဲ့ ကောင်မလေးနဲ့ပြတ်သွားမယ်ဆိုရင်ရော”..... သူမအမေးကြောင့် သူရိန့်ခန္ဓာကိုယ် ဆတ်ခနဲဖြစ်သွားသလိုရှိ၏။ ထို့နောက် သူရိန့်ထံမှ ရုတ်တရက် ဘာသံမှ ထွက်မလာနိုင်ခဲ့.....။ ဧကန္နသူရိန်တစ်ယောက် သူ့အကြောင်းတွေကို သူမသိနေတာအံ့သြနေပြီ ထင်သည်။ ဟုတ်သည်...၊ သူရိန့်ကြောင်းတွေကို သူမသိ၏။ တစ်လမ်းတည်းနေတာက တစ်ကြောင်း၊ နောက်ပြီး ရုပ်ချောချော၊ ခပ်ဖြောင့်ဖြောင့်ဖြင့် သူရိန့်အကြောင်းက လမ်းထဲမှမိန်းကလေးများနေ့တိုင်း ပြောချင်စရာ၊ စိတ်ကူးယဉ် ချင်စရာခေါင်းစဉ်တစ်ခုမို့ပင်ဖြစ်၏။ ထို့အတွက် သူရိန့်အကြောင်းများ သူမ နားထဲကိုရောက်လာခဲ့တာ သိပ်ပြီးတော့မဆန်းလှပါ။ သူရိန့်အကြောင်းများကို သူမအနေဖြင့် တမင်တကာနားစွင့်မနေမိသော်လည်း သူရိန်ဆံပင်ပုံစံ အသစ် ပြောင်းလိုက်သည်ကအစ၊ လမ်းထဲသို့ သူ့ပြိုင်ဘီးနီနီလေးဖြင့် အရှိန်ပြင်းစွာ ဘယ်လိုနင်းဝင် လာတတ်သည် အဆုံး တစ်ဆင့်စကားဖြင့် အမြဲလိုလိုသိနေခဲ့ရလေသည်။ ထိုကဲ့သို့သော သတင်းများနှင့် ရည်းစားများတတ် သော သူရိန်က သူမကို စွဲလန်းစွာ ချစ်နေခဲ့သည်တဲ့....။ ဒီသတင်းကို ကြားတုန်းက သူမကိုယ့်နားကိုယ် တောင်ပြန်ပြီးမယုံချင်....။ ဘာရယ်ကြောင့်မှတော့မဟုတ်.....၊ သူမနှင့် သူရိန်က ဆန့်ကျင်ဘက်မျဉ်းနှစ် ကြောင်းလို ကွာခြားလွန်းနေခဲ့တာမို့ဖြစ်၏။ သူမက အေးဆေးတည်ငြိမ်သလောက် သူရိန်ကတက်ကြွဆူပူလွန်းသည်။ သူမက ပညာရေးကိုအလေးထား သလောက် သူရိန်က ဒီခေတ်မှာ ပညာမတတ်လည်းဘာမှမဖြစ်ပါဘူးကွာ...ဟုကြွေးကြော်တတ်သူ....။ သူမခြေလှမ်းတွေကို အရှိန်နည်းနည်းမြှင့်လိုက်မိသည်။ လမ်းထိပ်ကိုရောက်ကာနီးနေပြီမို့ဖြစ်၏။ သူမရဲ့ခြေ လှမ်းတွေကို မှီအောင်လိုက်ရင်း အသက်ရှုသံခပ်ပြင်းပြင်းစွက်လျှက် သူရိန်ကပြောသည်။ “အဲ့ဒါတွေက အပျော်တွဲတာပါ.....၊ သူတို့မရှိလို့ ကိုယ့်ဘ၀က ဘာမှဖြစ်မသွား”...... “ဒီမှာသူရိန်”..... သူရိန့်စကားမဆုံးခင် သူမကြားဖြတ်ဝင်ကာခေါ်လိုက်တာမို့ သူရိန်က အထိတ်တလန့်ဖြင့် ကြည့်လာသည်။ သူရိန့်ကိုသွေးအေးစွာကြည့်ရင်း.... “အဲ့ဒီကောင်မလေးနေရာမှာ သူရိန့်ရဲ့သွေးချင်းထဲကတစ်ယောက်လို့ မြင်ယောင်ခံစားကြည့်လိုက်ပါ....၊ အဲ့ဒါ ဆိုရင် သူရိန့်စိတ်ထဲမှာဘယ်လိုနေမလဲ....။ ခံစားရမလဲ”..... လမ်းမဆီသို့ဖျာဆင်းနေသော မီးတိုင်မှအလင်းရောင် တစ်စွန်းတစ်စ,အောက်တွင် သူရိန့်မျက်နှာက ယိုယွင်းစွာဖြင့်.....။ သူမတစ်ချက်ငဲ့ကြည့်ရင်း ဆက်ပြောမိသည်။ “နောက်ပြီး သူရိန်တစ်ခုကိုသေသေချာချာမှတ်ထားစေချင်တယ်.....။ သစ္စာအနေနဲ့ သူရိန့်ကို ဘယ်လို နည်းနဲ့မှပြန်ချစ်လာနိုင်မယ် မထင်ဘူး...။ ဘာဖြစ်လို့လည်းဆိုတော့ သစ္စာရဲ့ရင်ထဲမှာ သူရိန့်အတွက် နေရာ မရှိတာကိုယ့်ကိုယ်ကို သေချာနေလွန်းလို့ပါပဲ.....။ အဲ့ဒါကြောင့် သူရိန့်အတွက် အချိန်ကုန်တာပဲ အဖတ်တင် နေပါလိမ့်မယ်...။ ပြီးတော့ သူရိန်နဲ့ သစ္စာတို့ရဲ့အနေအထားတွေကလည်း ကွာခြားလွန်းလှပါတယ်...။ အရှေ့နဲ့အနောက် လိုပါပဲ .....။ အနားသတ်မညီနိုင်မယ့် တြိဂံတစ်ခုကို သစ္စာရေးဆွဲဖို့ဝါသနာမပါသလို စိတ်ကူးလည်း မယဉ်တတ်ပါဘူး၊ ဒါပေမယ့် တကယ်လို့ စိတ်ကူးယဉ်ဖြစ်မယ်ဆိုရင်တောင်မှ မဖြစ်နိုင်တာတွေကို ဘေးဖယ် ထားမိမယ်ထင်ပါတယ်သူရိန်”.... စကားအဆုံးတွင် သူမခြေလှမ်းတွေကို ခဏတာရပ်တန့်ပစ်လိုက်သည်။ လမ်းထိပ်ရောက်ဖို့ သိပ်မလိုတော့ တာမို့ပင်ဖြစ်၏။ ထို့ကြောင့် သူရိန့်ခြေလှမ်းတွေလည်း ရပ်တန့်သွားရလေတော့သည်။ လမ်းထိပ်ဖက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်ရင်း သူရိန့်ကို တစ်ချက်ကြည့်မိလိုက်သည်။ သူမ၏ အကြည့်များထဲတွင် သူရိန့်ရဲ့ ပုံစံက ဆွဲဆောင်အားပြင်းနေခဲ့သေးသလိုလို....။ သူမခေါင်းတစ်ချက်ယမ်းပစ်လိုက်မိသည်။ “ဘာဖြစ်လို့လဲ....သစ္စာရယ်”.... သူရိန်က တိုးခတ်စွာမေးလာသည်။ သူမ၏ ခေါင်းယမ်းလိုက်သည့်အမူအယာကြောင့်ထင်၏။ ထို့ကြောင့် သူ မခေါင်းကို တစ်ခါထပ်ရမ်းလိုက်ရင်း..... “ဘာမှမဟုတ်ပါဘူး သူရိန်....၊ ကဲ...သစ္စာသွားတော့မယ်နော်....။ လမ်းထိပ်ရောက်တော့မှာ မို့လို့ပါ”.... သူရိန်က ခေါင်းငြိမ့်ပြသည်။ လမ်းမီးရောင် ခပ်သဲ့သဲ့အောက်တွင် သူရိန့်ကိုတစ်ချက်ကြည့်ရင်း ဖြူစင်စွာဖြင့် သူမပြုံးပြမိလိုက်၏။ “အခု သစ္စာရဲ့နောက်ကနေ ကပ်လိုက်မလာပါနဲ့နော်....။ မလိုအပ်ပဲနဲ့ သစ္စာနဲ့ပတ်သတ်တဲ့အကြောင်းတွေ ကိုဒီပတ်ဝန်းကျင်မှာ မပျံ့နှံ့စေချင်တဲ့စိတ်တစ်ခုတည်းနဲ့ပြောတာပါ။ တစ်ခြားဘာရည်ရွယ်ချက်နဲ့မှ မဟုတ် ပါဘူး။ သူရိန့်ကို သစ္စာခင်ပါတယ်”...... ပြောပြီး မျက်လုံးအကြည့်ဖြင့် နှုတ်ဆက်ပြီး သူရိန့်ရှေ့မှသူမနေထွက်လာမိသည်။ ညဥ့်ဦးလေပြေက ခပ်တိုး တိုးတိုက်ခတ်လာပြန်လေသည်။ မျက်နှာပေါ်ကို လာရောက်ထိမှန်သော ဆံပင်ရှည်ရှည်အချို့ကို အသာ အယာ ဖယ်ရှားလိုက်ရင်း နောက်သို့ မသိမသာတစ်ချက်ငဲ့ကြည့်ဖြစ်၏။ သူရိန်တစ်ယောက် သူမနောက်သို့ ဆက်လိုက်မလာတော့ပါ။ သူမထပ်ကာ ကြိတ်ပြုံးလိုက်မိပြန်သည်။ “ကိုယ်နဲ့ စရိုက်မတူတဲ့ယောက်ျားလေးတစ်ယောက်ကို နောက်ပိုင်းမှာ ငါပြုပြင်ကြည့်မယ်”ဆိုပြီး ရူးရူးမူးမူးချစ် တတ်သော စွန့်စားခြင်းတစ်မျိုးကို သူမသိပ်အယုံအကြည်မရှိလှပါ။ မိန်းကလေးတစ်ယောက် အတွက်သိပ်ကို အရေးကြီးတယ်ဟု သူမ၏ မိခင်ဖြစ်သူကတော့ ရံဖန်ရံခါပြောပြတတ်သည်။ အတွေးနှင့်အတူ သူမဆက်လျှောက်နေခဲ့၏။ လမ်းထိပ်သို့ရောက်သောအခါ ပတ်ဝန်းကျင်က ရုတ်တရက် ဆူညံစွာ သက်ဝင်လာခဲ့သလိုဖြစ်လာသည်။ ညသည် လတ်ဆတ်စွာ နုပျိုသက်ဝင်နေဆဲ။ ထို့အတူ သူမ၏ နှလုံး သားတစ်စုံသည်လည်း အစွန်းအထင်းကင်းမဲ့လွန်းစွာဖြင့် လတ်ဆတ်နုပျိုစွာ ရှင်းသန့်နေခဲ့ဆဲ...။ ~~~~~@@@~~~~~ လက်ဖက်ရည်ဆိုင်အတွင်းသို့ သူရိန်လှမ်းဝင်လိုက်သောအခါ သူငယ်ချင်းများက သူတို့ထိုင်နေသော စားပွဲဝိုင်းမှနေပြီး ၀မ်းသာအားရအော်ခေါ်ကြသည်။ ဆံပင်ကို တစ်ချက်သပ်တင်ကာ ခြေလှမ်းကျဲကျဲဖြင့် ထိုစားပွဲဝိုင်းဆီသို့ သူရိန်လျှောက်သွားလိုက်၏။ ဆိုင်အတွင်းမှ အချို့သောလူများက ချောမောသန့်ပြန့်နေခဲ့ သော သူ့ကို အားကျသလို ၀ိုင်းကြည့်နေကြတာကိုလည်း သတိထားမိလိုက်သေးသည်။ စားပွဲဝိုင်းတွင် ခုံပုလေးကိုဆွဲကာဝင်ထိုင်လိုက်တော့ သူငယ်ချင်းတစ်ယောက်က.... “ဘယ်လိုလဲ...သူရိန်....။ ဒီညမင်းရဲ့ အရေးတော်ပုံအောင်ခဲ့ပြီလား”..... စိတ်ဝင်တစားမေးလိုက်သော အသံကြောင့် သူရိန်နှုတ်မှ ဟက်ခနဲတစ်ချက်ရယ်လိုက်မိသည်။ ထို့အတူ စော စောက သူ့ကို ချိုသာသောစကားများဖြင့်နှိပ်ကွပ်ကာထားခဲ့သော သစ္စာရဲ့မျက်နှာကိုမြင်ယောင်လာမိပြန် ၏။ ကျန်သောသူငယ်ချင်းများရဲ့မျက်နှာများကလည်း စိတ်ဝင်စားမှုများဖြင့်ရုတ်ရုတ်သဲသဲနိုင်လွန်းလှစွာဖြင့်။ သူရိန်ခေါင်းယမ်းပြလိုက်သည်။ ထိုအခါ သူငယ်ချင်းများထံမှ အသံပေါင်းစုံထွက်လာလေတော့သည်။ ပြီး တော့ ပြောကြသည်မှာ တစ်ယောက်တစ်ပေါက်....။ စကားများအားလုံး သူရိန့်နားထဲသို့မ၀င်ပါ။ ထို့ကြောင့် လက်ကာပြလိုက်ပြီး.... “တိတ်ကြစမ်းကွာ....၊ ထားလိုက်တော့ အဲ့ဒီကိစ္စကို။ ငါက ရမလားလို့ လိုက်ကြည့်တာပါပဲ။ စီးရီးယပ်စ်လည်း မဟုတ်ပါဘူး။ ဒီမှာ မင်းတို့မှတ်ထား။ ငါ့ကို ကြိုက်တဲ့မိန်းမတွေမှ အများကြီးပဲ။ အဲ့ဒီထဲက ငါကြိုက်တာကို ရွေးရုံပဲ။ သစ္စာဆိုတဲ့ တစ်ယောက်ကို လိုက်ခဲ့တာလည်း ငါ့ကိုပြန်ကြိုက်နိုင်မယ်ထင်လို့ပဲ။ ဒါပေမယ့် သူက ငါ့ကိုမခံစားနိုင်ဘူးဆိုတော့လည်း ငါ့အတွက် နောက်တစ်ယောက်ပြောင်းရုံပေါကွာ....။ လောကကြီးထဲမှာ မိန်းမဆိုတာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။ အခြားလူတွေထက်တောင်မှ ငါ့အတွက်က ပေါပါသေး တယ်။ ဟုတ်တယ်ဟုတ်”..... ပြောရင်း သူရိန်ကခေါင်းကိုမော့ကာရယ်၏။ ဒီစကားသည် သူရိန့်ရင်ထဲမှ............ တကယ်လာသောစကား ဖြစ်သည်။ ထို့အတွက် သူရိန့်အကြောင်းကိုသိနေကြသော သူငယ်ချင်းများကလည်း အတူတူလိုက်ရယ်ကြ လေတော့၏။ ရယ်သံများဖြင့် သူတို့စားပွဲဝိုင်းလေးက အနည်းငယ်ဆူညံစွာကျယ်လောင်သွားရသည်။ ထိုစဉ် လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသောသီချင်းလေးတစ်ပုဒ်က မတိုးမကျယ် လွင့်ပျံ့လာတာကို သူရိန်တစ်ယောက်ကြားလိုက်ရလေတော့၏။ ။ ~~~~~@@@~~~~~@@@~~~~~@@@~~~~~ ================================== ထပ်တူညီသော ချစ်ခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ...။ ================================== ချစ်ခြင်းအားဖြင့်...... 

စာရေးသူ ~ဏီလင်းညို~

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)