-ထွေလီ ထွေလာ အရပ်တကာ-
**အမေလိုသဘောထားလို့**
ကိုရွှေမိုး = 'အမေ ပိုက်ဆံငါးရာလောက်ပေးပါ'' ကိုရွှေမိုးက အတူနေယောက္ခမကြီး ဒေါ်ဘုမထံ ပိုက်ဆံတောင်းလိုက်ရာ- ဒေါ်ဘုမ = ''ဘာလုပ်မလို့လဲ ရွှေမိုးရဲ့''
ကိုရွှေမိုး = ''သြော်..လက်ဖက်ရည်သောက်ပြီး ဘောလုံးပွဲကြည့်မလို့ပါ''
ဒေါ်ဘုမ = ''နင်ဟာ..ငါ့သမက်သုံးယောက်ထဲမှာ အညံ့ဆုံးပဲ''
ကိုရွှေမိုး = ''ဘာဖြစ်လို့လဲ အမေ''
ဒေါ်ဘုမ = ''ဘာဖြစ်ရမှာလဲဟဲ့..ဘယ်သမက်မှ ငါ့ဆီက ပိုက်ဆံတောင်း မသုံးဘူးနင်တစ်ယောက်ပဲ ပိုက်ဆံခဏခဏ တောင်းသုံးတာ''
ထိုအခါ မချိုမချဉ်မျက်နှာပေးနှင့် ကိုရွှေမိုးပြောလိုက်သောစကားကြောင့် ယောက္ခမကြီး ဒေါ်ဘုမ၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရလေတော့သည်။
ကိုရွှေမိုး = ''ကျွန်တော်က အမေ့ကို ယောက္ခမပေမယ့် ...ယောက္ခမလိုသဘောထာ တဲ့သမက် မဟုတ်ပါဘူး။အ မေလိုသဘောထားတာပါ အမေရယ်။ ဘာတဲ့ စကားရှိတယ် လေ၊ အမေရှိရင် ငွေရှိသတဲ့..အဟဲ...''
**မှန်လိုက်လေ**
လူတစ်ယောက်သည် ဗေဒင်ဟောခန်းတွင် ဗေဒင်မေးကြည့်နေရာ ဗေဒင် ဆရာက လူတွေရှိသလောက် ဟောပြောပေးပြီးနောက်-
ဗေဒင်ဆရာ = ''ကဲ..ကျေနပ်လောက်အောင်တော့ ဟောပေးပြီးပြီ။ နောက်ဘာသိချင်သေးသလဲ၊ သိချင်တာရှိရင်မေးပါ''
ဗေဒင်မေးသူ = ''ကျွန်တော် ထီ ဘယ်တော့ပေါက်မလဲ ဆရာရယ်'' လိုအင်ဆန္ဒအတွက် မျှော်လင့်ချက်ကြီးစွာဖြင့် ငံ့လင့်နေသော ဗေဒင် မေးသူခမျာ ဗေဒင်ဆရာက အောက်ပါအတိုင်း ပြောလိုက်သောကြောင့် အီလည်လည်ဖြစ်သွားရ လေတော့သည်။
ဗေဒင်ဆရာ = ''ကံကောင်းတဲ့အခါ ထီပေါက်ပါလိမ့်မယ်''...ဟူသတည်း။
ကိုရွှေရွှေ(ဒဂုံတောင်)

No comments:
Post a Comment