ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 29, 2012

>
-မိန်းမတွေချည်းနေတဲ့ မြို့- 

တစ်ခါက လူသူတွေနဲ့ ကင်းဝေးတဲ့ တောကြီး နက်မည်း တောင်တွေကြားထဲမှာ မြို့ဟောင်းကြီးတစ်ခု ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ မြို့ဟောင်းကြီးနဲ့ ပက်သတ်တဲ့ ကြောက်စရာကောင်းခဲ့တဲ့ အတိတ်တွေကိုတော့ လူတိုင်းသေချာ မသိခဲ့ကြဘူး။ ကြိမ်စာမိထားတဲ့မြို့လို့ လူတွေ သိခဲ့ကြပါတယ်။ အဲဒီမြို့ဟောင်းကြီးမှာ ယောက်ျားတစ်ယောက်မှ မရှိပါဘူး။ နှစ်ပေါင်း များစွာကတည်းက ယောက်ျားတစ်ယောက်မှ မရှိခဲ့ဘူး။ ယောက်ျားတွေကို ကိုယ်စားပြုခဲ့တဲ့ နတ်ဘုရားကို သူတို့တစ်မြို့လုံးက ၀ိုင်းဝန်းစော်ကားခဲ့တဲ့ ကြိမ်စာကြောင့် သူတို့မြို့မှာ ရှိတဲ့ ယောက်ျားတိုင်း အသေဆိုးနဲ့ သေခဲ့ကြတယ်။ သူတို့မြို့ကို တခြားမြို့က ယောက်ျားတွေလည်း သွားမယ်ဆိုရင် ၁ ရက်နဲ့ ၁ နာရီပဲ နေလို့ရတယ်လို့ ဆိုပါတယ်။ အဲဒီထက်ပိုနေမိတဲ့ ယောက်ျားတွေဟာ ကြိမ်စာသင့်ပြီး အသေဆိုးနဲ့ သေကြရပါတယ်။ သေခဲ့တဲ့ယောက်ျားတွေလည်း အများကြီးရှိခဲ့ဖူးတယ်။ သူတို့မြို့က မိန်းမတွေလည်း မြို့ပြင်ကို ၁ရက်နဲ့ ၁ နာရီသာ ထွက်လို့ရပါတယ်။ ထိုထက်ပိုနေမိတဲ့ မိန်းမတွေဟာ ကြိမ်စာသင့်ပြီး သွေးစိမ်းပွက်ပွက်နဲ့ သေကြရပါတယ်။ အဲဒီမြို့ဟောင်းကြီးက ထူခြားမှုတွေနဲ့ ပြည့်နက်နေခဲ့တယ်။ ကျန်ခဲ့တဲ့ မိန်းမတွေဟာ ရုပ်ရည်အဆင်းနဲ့ အရမ်းချောမောလှပနေကြတယ်။ အသားအရည်ဟာ မြောက်ကျွန်းသူလို ၀ါဝါ၀င်းလို့၊ မျက်ခုံး မျက်လုံး နှာတံအဆင်း၊ အမျိုးသမီးတို့ ရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ မြင်သူတိုင်းက တက်မက်လှအောင် လှပသူများဖြစ်ပါတယ်။ ဒီမြို့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာသူတိုင်း ဘယ်ယောက်ျားကမှ မပြန်ချင်လှအောင် မိန်းမလှတွေ ပေါတဲ့မြို့။ အဲလိုနဲ့ ရောက်လာတဲ့ ယောက်ျားတွေဟာ အဲဒီမြို့သူတွေရဲ့ အလှအပ အာရုံတွေကြားမှာ ယစ်မူးပြီး ၁ ရက်နဲ့ ၁ နာရီကျော်တဲ့အခါမှာတော့ အသေဆိုးနဲ့ သေကြရပါတယ်။ အဲဒီမြို့မှာ ထူးခြားမှုတွေက မဆုံးပါဘူး။ မြို့သူတွေ အားလုံးဟာ အသက် ၁၈ နှစ်အရွယ်ကနေ သေသည်အထိ ရုပ်ရည်ဟာ အိုစာ မသွားကြဘူး။ ရောဂါဘယ ကင်းဝေးကြတယ်။ သစ်ခေါက်ကိုစားပြီး ၇ ရက်အထိ အာဟာရပြည့်ဝကြတယ်။ ပြီးတော့ ရတနာအပင်ဆိုတာ ရှိခဲ့တယ်။ နေ့စဉ်နေ့တိုင်း ကျောက်သံပတ္တမြားတွေ ပွင့်လာလေ့ရှိတယ်။ တစ်ချို့အပင်က နီလာပွင့်တယ်။ တစ်ချို့အပင်က ပတ္တမြား ပွင့်တယ်။ အဲဒီ ရတနာတွေကို သူတို့တွေဟာ သေချာ သိမ်းထားကြပေမယ့် ကိုယ်ပေါ်မှာ ဆင်မြန်းခြင်းမျိုး မလုပ်ကြဘူး။ အဲလိုနဲ့ပေါ့။ နှစ်တွေကြာလာတဲ့အခါမှာ အဲဒီ အမျိုးသမီးတွေဟာ အမျိုးသားမရှိတော့တဲ့အတွက် အမျိုးသမီးတို့ရဲ့ ကာမဆန္ဒကို မရကြဘူးပေါ့။ ဒီတော့ သူတို့ဟာ သူတို့မြို့ကို ရောက်လာသမျှ ယောကျာ်းတိုင်းကို ဖမ်းဆီးပြီး သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆီးခိုင်းကြတယ်။ ဒါပေမယ့် သူတို့က အတင်းအကြပ်တော့မဟုတ်ကြပါဘူး။ သူတို့ရဲ့ ရုပ်ရည်ချောမောမှုကြောင့်လည်း ဘယ်ယောက်ျားကမှ မငြင်းဆန်ကြဘူး။ မငြင်းဆန်နိုင်ကြတာလည်း ကြိမ်စာတစ်ခုလိုဖြစ်နေတယ်။ အဲလိုနဲ့ သူတို့ကိုယ်ဝန်ရလို့ မွေးသမျှဟာလည်း မိန်းခလေးတွေချည်း မွေးခဲ့ပါတယ်။ သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆီးပေးတဲ့အတွက်တော့ သူတို့ဟာ ကျောက်သံပတ္တမြားတွေ ပေးလေ့ရှိတယ်။ ဒါပေမယ့် သူတို့ဆီ ရောက်လာသမျှ ယောက်ျားတိုင်းဟာ အမျိုးသမီးတွေရဲ့ အလှအပကြောင့် ဘယ်လိုမှ မပြန်နိုင်ဘဲ နောက်ဆုံး အသေဆိုးနဲ့ သေကြရတယ်။ သိပ်ကို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ကြိမ်စာသင့်ထားတဲ့မြို့ပါ။ စာဖတ်သူအနေနဲ့ ဒီလို ထူးဆန်းတဲ့ မြို့ကို ဘယ်မှာလဲ။ ရှိကော ရှိရဲ့လားလို့ ထင်နေပါလိမ့်မယ်။ အမှန်က အခုရေးခဲ့သမျှဟာ ကျွန်တော် ညက ထူးဆန်းစွာ မက်တဲ့ အိပ်မက်ဖြစ်ပါတယ်။ တကယ်ထူးထူးခြားခြားမက်တဲ့ အိပ်မက်ကို သိုက်စက်တွေ ရေစက်တွေ ပဌာန်းစက်တွေ နဲ့ ရှုပ်ထွေးစွာ ဂမ္ဘီရဇာတ်လမ်း လုပ်မရေးတတ်တော့ ခုလို ကျွန်တော်က တွေးလိုက်ပါတယ်။ --------------------------------------------------------- တစ်ခါက အဲလို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ကြိမ်စာသင့်ထားတဲ့ မြို့ဟောင်းကြီး တစ်ခုရှိခဲ့ပါတယ်။ အဲဒီမြို့ဟောင်းကြီးမှာ အမျိုးသမီးတွေချည်းရှိပါတယ်။ အမျိုးသမီးတိုင်းဟာ တစ်ချို့က ၀တ်မှုန်ရွှေရည်လိုရုပ်မျိုး၊ တစ်ချို့က bobby Soxer လိုရုပ်မျိုး၊ တစ်ချို့က မိုးဟေကို လိုရုပ်မျိုး၊ တစ်ချို့က စန္ဒီမြင့်လွင်လို ရုပ်မျိုးနဲ့ အလှအပတွေချည်းစုဝေးနေကြပါတယ်။ သူတို့ဟာ ကြိမ်စာသင့်ထားလေတော့ အိပ်မက်ထဲကအတိုင်း ရောက်လာသမျှ ယောက်ျားတွေကို ၀ိုင်းဝန်းလို့ ……….. xxxxxxxxxxxxxxxxx. တစ်ရက် အဲဒီမြို့ကို ယောက်ျား တစ်ယောက်ဟာ ဘုမသိ ဘမသိနဲ့ ရောက်ရှိခဲ့ပါတယ်။ အဲဒီ ယောကျာ်းဟာ ရင်နင့်အောင် ဖြစ်ခဲ့ရင် အဲဒီ ယောက်ျားဟာ ဇာတိဖြစ်ခဲ့ရင် မင်းလုလင်ဖြစ်ခဲ့ရင် ဆူးခက်မင်း ဖြစ်ခဲ့ရင် ပြီးတော့ စာဖတ်နေတဲ့ ခင်ဗျားဖြစ်ခဲ့ရင်….။

 -**ရင်နင့်အောင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)