ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, June 1, 2012

> -အပြောကျယ်တဲ့စိတ်-
မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ အပြစ်ကျခံနေရတယ်။ သူအကျဉ်းကျခံနေရတဲ့ အခန်းလေးက သိပ်ကို ကျဉ်းရှာတယ်။ သူ့စိတ်ထဲမှာ အခန်းက ကျဉ်းလွန်းတော့ စိတ်မသက်မသာနဲ့ ကျဉ်းကျပ်သလို ခံစားနေရတာပေါ့။ တစိမ့်စိမ့် ဒေါသတွေလည်း ထွက်နေမိတယ်။ သူ ကျုးလွန်ခဲ့တဲ့ ပြစ်မှုကိုမေ့ပြီး မတရားညှင်းဆဲခံရတယ်လို့ ထင်နေမိတယ်။ ဒီလို အခန်းကျဉ်းလေးထဲ နေ့တစ်ဓူဝ နေနေရတာ လောကီငရဲတွင်းထဲ အရှင်လတ်လတ် ကျနေသလို ထင်နေပြီး နေ့စဉ်နဲ့အမျှ လူတွေသာမက ရှိရှိသမျှ နတ်တွေကိုပါ ကြိမ်ဆဲနေမိတော့တာပေါ့။ တစ်နေ့တော့…။ သူ့အခန်းကျဉ်းလေးထဲကို ယင်ကောင်လေးတစ်ကောင် ပျံဝဲ၀င်လာတယ်။ တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းထဲမှာ ယင်ကောင်တစ်ကောင်ရဲ့ တောင်ပံခတ်သံ တစ်ဝီ၀ီဟာ သူ့အတွက်တော့ တကယ့် ငရဲက လာတဲ့အသံပဲ။ ယင်ကောင်လည်း ဟိုမှသည်၊ သည်မှဟို နားလိုက် ပျံလိုက်နဲ့ပေါ့။ ကြာလာတော့ အကျဉ်းသားက စိတ်ထဲ အချဉ်ပေါက်လာတယ်။ ဒီလောက်တောင် နားဒုက္ခပေးတဲ့ သထ္ထ၀ါ ၊ ငါ့မှာဖြင့် ဒီအခန်းကျဉ်းလေးထဲမှာ စိတ်ရှုပ်နေရတဲ့အထဲ၊ ဒင်းကလာပြီး မြွေပူရာလာ ကင်းမှောင့်နေတယ်။ ဒင်းကိုတော့ မမိမိအောင်ကို ဖမ်းမှ ရတော့မယ်ဆို ဆုံးဖြတ်ပြီး သူ့ရဲ့ ယင်ကောင်ဖမ်းပွဲကြီးကို စတင်ပါလေတော့တယ်။ သူက ယင်ကောင် အရှေ့ဖက်ပြေးရင် အရှေ့ဖက်ကို လိုက်ဖမ်းတယ်။ ယင်ကောင်က အနောက်ဖက်ကို ပြေးရင် အနောက်ဖက်ကို လိုက်ဖမ်းတယ်။ ယင်ကောင်က အပေါ်မှာပျံဝဲနေရင် အပေါ်ဖက်ကို ခုန်အုပ်ပြီး လက်ဝါးနှစ်ဖက် အသုံးချပြီးလိုက် ဖမ်းလေတယ်။ ယင်ကောင်ကို မိလုမိဆဲမှာဘဲ ယင်ကောင်က ပေါ့ပါးသွက်လက်စွာနဲ့ ရှောင်ဝဲ ပျံပြေးသွားတာချည်းဘဲ။ သူ့စိတ်ထဲမှာလည်း ယင်ကောင်ဖမ်းရင်း ပျော်လာသလို ခံစားနေမိတယ်။ ယင်ကောင်ဖမ်းရင်းနဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံး ချွေးတွေနင့်ပြီး မောဟိုက်လာတယ်။ အဲ့ဒီတော့မှ စိတ်ပါလက်ပါနဲ့ သူက ညည်းပြီး ရေရွတ်လိုက် တယ်။
“ ငါ့ရဲ့ အချုပ်ခန်းက တကယ်တော့မကျဉ်းလှပါလား၊ ဒီယင်ကောင်လေး တစ်ကောင်တောင် ဖမ်းလို့ မမိနိုင်အောင် တော်တော်ကျယ်တဲ့ အခန်းဘဲ ” အဲ့ဒီအချိန်မှာ အကျဉ်းသား စိတ်ထဲ ရုတ်တရက် သိမြင်လာတာက. .. “ စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေရင် လောကကြီးက ကျဉ်းမြောင်းနေပြီး၊ စိတ်ထဲမှာ ရှင်းနေရင် ကုတင်တစ်နေရာစာ ဒီအချုပ်ခန်းလေးတောင် ကျယ်နေသေးတာပါလား” “ စိတ် ”ရဲ့ အပြင်ဖက်မှာ ရှိတဲ့ ကမ္ဘာက ဘယ်လောက်ဘဲ ကြီးကြီးသေးသေး အရေးမကြီးလှဘူး။ အရေးကြီးတာက ခန္ဓာကိုယ်ထဲက “အတွင်းစိတ်”ကမ္ဘာ။ မိမိရဲ့စိတ် အပြောကျယ်ရင် ကျယ်သလို ပတ်ဝန်းကျင် အခြေအနေ အကောင်းအဆိုးကို တွက်ကပ်ပြီး စိတ်ညစ်မနေသင့်ပါဘူး။ လောကဓံ အပြောင်းအလဲတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ၊ အတွင်းစိတ်က ပြင်ပကမ္ဘာရဲ့ ပြောင်းလဲမှုကြောင့် မတုန်လှုပ်သင့်ပါဘူး။ လောကဓံ ဘယ်လို တက်တက်ကျကျ စိတ်တွေ လွတ်လပ် ကျယ်ပြန့်အောင် နေလို့ရနိုင်ပါတယ်။
 ( လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဦးလေးတစ်ယောက် ပြောပြတဲ့ အကြောင်းအရာ လေးကို ပြန်တွေးရေး၊ကြည့်ထားတာပါ။)

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။
 ** မြသွေးနီ**

-အပြောကျယ်တဲ့စိတ်-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)