ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, June 20, 2012

>
-တံခါးခေါက်တာ ဘယ်သူလဲ-
၂၀၀၉ ခုနှစ်လောက်ကပေါ့..။ ယခုလက်ရှိအိမ်ကို မရောက်ခင်တုန်းက Stafford Hights လို့ခေါ်တဲ့ တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတဲ့ ရပ်ကွက်လေး တစ်ခုမှာနေခဲ့ဖူးပါတယ်။ မမနေတဲ့အိမ်ကလည်း တောင်ကုန်းလေးပေါ်မှာ၊ ညနေဆို မြို့ကိုအပေါ်စီးက မြင်ရတဲ့ နေရာလေး၊ နှစ်သက်စရာ ကောင်းလှတယ်။ အိမ်ကတော့ Post War အိမ်ပဲ၊ အုတ်ခံပျဉ်ထောင်အိမ်၊ မှန်တွေပတ်ပတ်လည်ကာထားတဲ့ ထမင်းစားခန်းနဲ့ ဧည့်ခန်းရှိတယ်၊ စရောက်လာကတည်းက အိမ်ကတော့ သိပ်ပြီး သန့်တယ်မထင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ အနောက်မှာ တစ်ယောက်ယောက်က အမြဲကြည့်နေသလိုပဲ ခံစားရတယ်၊ ဒါပေမယ့် အမျှအတန်း ပုံမှန်ဝေပြီးနေခဲ့တယ်။ တစ်နေ့မှာပေါ့၊ မိတ်ဆွေမိသားစုနှစ်စုနဲ့ အိမ်မှာ ညစာအတူတူစားဖို့ ချိန်းထားတယ်၊ ညဦးပိုင်းအချိန်ကလေးမှာ မိုးတွေသည်းသည်းမည်းမည်းရွာလာခဲ့တယ်။ မိသားစုတစ်စုက ရောက်လာပြီး နောက်တစ်စုအလာကို ဧည့်ခန်းထဲမှာ စကားပြောရင်းစောင့်နေကြတယ်။ ဒီအချိန်မှာ ဘဲလ် တီးသံနဲ့အတူ မမရဲ့နာမည်ကိုခေါ်သံကြားလိုက်ကြတယ်။ မမရော၊ သူငယ်ချင်းဇနီးမောင်နှံရော၊ သူတို့ရဲ့အမေကြီးရော ကြားလိုက်တာပေါ့၊ ဒီတော့ ထင်တာက နောက်သူငယ်ချင်း မိသားစုရောက်လာပြီလို့ထင်ပြီး မမက အိမ်တံခါးမကို သွားဖွင့်လိုက်တယ်။ အဲဒီမှာ တစ်ဦးတစ်ယောက်မျှ ရှိမနေဘူး၊ လမ်းပေါ်မှာလည်း ကားတွေက ရှင်းလျက်ပဲ၊ မိုးတွေကလည်းသည်းသည်းမည်းမည်းရွာစဲ ..၊ သူငယ်ချင်းမိသားစုကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်စိမျက်နှာတွေ ပျက်နေကြတယ်၊ သူငယ်ချင်းရော၊ အမေကြီးရောက မမြင်ရတဲ့ လောကသားတွေကို အရမ်းကြောက်တတ်တယ်လေ။ အဲ့ဒီမှာပဲ တစ်ဦးနဲ့တစ်ဦး ဘာစကားမှမပြောမိပဲ အချိန်အတော်လေးကြာသွားတယ်၊ ဒီမှာ အမေကြီးက ဆက်မနေရဲတော့ပဲ ထမင်းမစားတော့ဘူး၊ ပြန်တော့မယ်ဆိုပြီး လုပ်ပါလေရော၊ ဒါနဲ့အမေကြီးကို နားကြားမှားတာနေမှာပါ၊ ဘဲလ်မြည်တာကလည်း ရှော့ခ် ဖြစ်တာနေမှာပါလို့ပြောရပေမယ့် ဒါတကယ် မဟုတ်ဘူးဆိုတာလည်း သိနေကြပါတယ်။ နောက် နာရီဝက်လောက်နေတော့ နောက်သူငယ်ချင်းဇနီးမောင်နှံရောက်လာတယ်..။ မိုးတွေသည်းနေလို့ နောက်ကျသွားတယ်ဆိုတဲ့အကြောင်း ပြောရင်း ထမင်းစားကြတာပေါ့။ အမေကြီးကတော့ ထမင်းတောင်ကျွေးလို့ မရတော့ပါဘူး..၊ ပြန်ဖို့ကိုပဲ တစ်ပြင်ပြင်လုပ်နေတယ်။ နောက် ထမင်းစားပြီးတော့ အဲ့ဒီအကြောင်းကို နောက်သူငယ်ချင်းကို ပြောပြတော့ သူကလည်း လန့်နေတယ်၊ နင်နေရဲ ရဲ့လား..ဘာညာနဲ့ စိုးရိမ်ကြတာပေါ့။ နေရဲရဲ မနေရဲရဲ နေရမှာပဲလေ၊ ဒီလိုနဲ့ ထမင်းစားပြီးလို့ ကော်ဖီသောက်ပြီးတော့ သူတို့လည်းပြန်သွားကြတယ်၊ မမလည်း အဲ့ဒီညကတော့ စောစောပဲ အိပ်ရာ ဝင်ခဲ့တာပေါ့။ အမေကြီးကတော့ အဲဒီအိမ်ကနေပြောင်းခဲ့တဲ့ အထိ နောက်ကို ဘယ်တော့မှ မလာလည်တော့ပါဘူး..။ နောက်တစ်ခါကတော့ သူငယ်ချင်းတစ်ယောက်ပါပဲ။ အဲ့ဒီအိမ်မှာပါပဲ။ ညဘက်စကားပြောရင်း၊ ရုပ်ရှင်ကြည့်ရင်းနဲ့ နဲနဲညဥ့်နက်သွားတယ်။ သူကလည်း သူ့အတွက် ပြင်ပေးထားတဲ့အခန်းထဲမှာ ၀င်အိပ်တာပေါ့။ နောက်တစ်နေ့ မနက်မှာတော့ သူ့ကို အစောကြီးပဲ ထမင်းစားခန်းထဲမှာထိုင်နေတာတွေ့လိုက်တယ်။ “အမ..အိပ်မပျော်ဘူးလား” လို့မေးတော့ “တစ်ညလုံးကောင်းကောင်းမအိပ်ရဘူး”တဲ့..။ သူအိပ်ပျော်သလိုလိုရှိရင် ကုတင်ကို တစ်ယောက်ယောက်က လာလှုပ်ရင်း၊ မျက်နှာကို တစ်ယောက်ယောက်ကလာထိသလိုနဲ့ ဖြစ်နေတာဆိုပဲ။ နောက်တော့ သူလည်း အမျှအတန်းဝေပြီးစည်းချပြီးအိပ်မှာပဲ အိပ်လို့ရတော့တယ်တဲ့။ အဲ့ဒီအမ ကတော့ သိပ်ပြီးမကြောက်တတ်လို့တော်ပါသေးရဲ့၊ သူကတော့ မမ အဲ့ဒီအိမ်ကနေ မပြောင်းခင် အထိ မကြာခဏလာလည်တတ်ပြီး ရက်ရှည်နေထိုင်လေ့ရှိပါတယ်။ ကဲ..။ တံခါးလာခေါက်ပြီ ခေါ်တဲ့သူနဲ့ အိပ်ရာက လာနှိုးတဲ့သူဟာ ဘယ်သူလို့များ ထင်ပါသလဲရှင်..။

**ပျိုးယုဝသုန်** 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)